YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 7

7
1ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ဆောင်​သွား​သ​ဖြင့်၊ တောင်​ပေါ်​မှာ​ရှိ​သော အ​ဘိ​န​ဒပ်​အိမ်၌​ထား၍ သေ​တ္တာ​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ သူ၏​သား​ဧ​လာ​ဇာ​ကို သန့်​ရှင်း​စေ​ကြ၏။#၂​ရာ၊ ၆:၂-၄။ ၅​ရာ၊ ၁၃:၅-၇။
ရှ​မွေ​လ​အုပ်​ချုပ်​ခြင်း
2သေ​တ္တာ​တော်​သည် အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး ကြာ​မြင့်​စွာ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့၌​ရှိ​စဉ်​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အောက်​မေ့၍ မြည်​တမ်း​ကြ၏။
3တစ်​ဖန် ရှ​မွေ​လ​က၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တည်း​ဟူ​သော ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ပယ်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ပြန်​လာ​သ​ဖြင့်၊ ထို​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကြ​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆုံး​မ​သည်​အ​တိုင်း၊ 4ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ၏။ 5ရှ​မွေ​လ​က​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို မိ​ဇ​ပါ​မြို့၌ စု​ဝေး​စေ​ကြ​လော့။ သင်​တို့​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​ဆု​တောင်း​မည်​ဟု မှာ​ခဲ့​သည်​အ​တိုင်း၊ 6သူ​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​သ​ဖြင့်၊ ရေ​ကို​ခပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း အ​ကျင့်​တို့​ကို​ကျင့်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဝန်​ခံ​ကြ၏။ ရှ​မွေ​လ​သည် မိ​ဇ​ပါ​မြို့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တ​ရား​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ၏။
7ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ဖိ​လိ​တ္တိ​မင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှိ​ရာ​သို့ စစ်​ချီ​ကြ၏။ ထို​သ​တင်း​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ကြား​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​ကို ကြောက်၍၊ 8ရှ​မွေ​လ​အား၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပါ​လော့​ဟု ဆို​ကြ၏။ 9ရှ​မွေ​လ​သည်​လည်း နို့​စို့​သိုး​သ​ငယ်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ဆု​တောင်း၍ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ၏။ 10ရှ​မွေ​လ​သည် မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​စဉ်​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​တိုက်​ခြင်း​ငှာ ချဉ်း​လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​အ​ပေါ်​မှာ ပြင်း​စွာ​မိုး​ချုန်း​စေ၍၊ သူ​တို့​တပ်​ကို ဖျက်​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ ရှုံး​ကြ၏။ 11ဣ​သ​ရေ​လ​လူ​တို့​သည် မိ​ဇ​ပါ​မြို့​မှ​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ​လျက်၊ ဗက်​ကာ​မြို့​တိုင်​အောင် လိုက်​ကြ၏။ 12ထို​အ​ခါ ရှ​မွေ​လ​သည် ကျောက်​ကို​ယူ၍ မိ​ဇ​ပါ​မြို့​နှင့် ရှင်​မြို့​စပ်​ကြား​မှာ ထူ​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ယ​ခု​တိုင်​အောင် မ​စ​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​ကျောက်​ကို ဧ​ဗ​နေ​ဇာ​အ​မည်​ဖြင့် မှည့်​လေ၏။ 13ထို​သို့ ဖိ​လိ​တ္တိ​လူ​တို့​သည် ရှုံး​သ​ဖြင့်၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ​အ​ရပ်​သို့ မ​လာ​ကြ။ ရှ​မွေ​လ​လက်​ထက် ကာ​လ​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို ဆီး​တား​တော်​မူ၏။ 14ဖိ​လိ​တ္တိ​လူ​တို့​သည် သိမ်း​ယူ​သော ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ဧ​ကြုန်​မြို့​မှ​စ၍ ဂါ​သ​မြို့​တိုင်​အောင် ပြန်​ပေး​ရ​ကြ၏။ မြို့​နယ်​တို့​ကို​လည်း ဣ​သ​ရေ​လ​လူ​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ နုတ်​ယူ​ကြ၏။ ဣ​သ​ရေ​လ​လူ​နှင့် အာ​မော​ရိ​လူ​တို့​သည်​လည်း စစ်​မ​ရှိ အ​သင့်​အ​တင့်​နေ​ကြ၏။ 15ရှ​မွေ​လ​သည် တစ်​သက်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​လေ၏။ 16ဗေ​သ​လ​မြို့၊ ဂိ​လ​ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​ကို နှစ်​တိုင်း​လှည့်​ပတ်၍ အ​ရပ်​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး၌​စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ့​ရှိ၏။ 17ပြန်​လာ​သော​အ​ခါ၊ မိ​မိ​အိမ်​ရှိ​သော ရာ​မ​မြို့​သို့ ပြန်​လာ၍ ထို​မြို့​မှာ​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လျက်​နေ​လေ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ