YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 6

6
ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ပြန်​လည်​ပို့​ဆောင်​ခြင်း
1ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​သည် ဖိ​လိ​တ္တိ​ပြည်၌ ခု​နစ်​လ​နေ​ပြီး​မှ၊ 2ဖိ​လိ​တ္တိ​လူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​လုပ်​သူ​များ​တို့​ကို ခေါ်၍ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ သူ​နေ​ရင်း​အ​ရပ်​သို့ အ​ဘယ်​သို့​သော ပူ​ဇော်​သ​ကာ​နှင့် လွှတ်​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​ကြ၏။ 3သူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို လွှတ်​လိုက်​လျှင် ကိုယ်​ချည်း မ​လွှတ်​လိုက်​ကြ​နှင့်။ ဒု​စ​ရိုက်​ပူ​ဇော်​သ​ကာ​ကို ဆက်​ဆက်​ပေး​လိုက်​ရ​မည်။ သို့​ပြု​လျှင် ရော​ဂါ​ငြိမ်း​လိမ့်​မည်။ အ​ဘယ်​ကြောင့် လက်​တော်​မ​ရွေ့​သေး​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု ဆို​ကြ၏။ 4အ​ဘယ်​အ​ရာ​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ပြန်​ပေး​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​လျှင်၊ ဖိ​လိ​တ္တိ​မင်း အ​ရေ​အ​တွက်​အ​တိုင်း ရွှေ​မြင်း​သ​ရိုက်​ပုံ​ငါး​ခု​နှင့် ရွှေ​ကြွက်​ငါး​ကောင်​ကို​ပေး​လိုက်​ရ​မည်။ သင်​တို့​နှင့် သင်​တို့​မင်း​များ၌ ရော​ဂါ​တစ်​ပါး​တည်း စွဲ​လျက်​ရှိ၏။ 5ထို​ကြောင့် မြင်း​သ​ရိုက်​ပုံ၊ မြေ​ကို​ဖျက်​တတ်​သော ကြွက်​ပုံ​တို့​ကို လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ​မည်။ လက်​တော်​သည် သင်​တို့​နှင့် သင်​တို့​ဘု​ရား​အ​ပေါ်၊ သင်​တို့​မြေ​အ​ပေါ်​မှာ ပေါ့​ကောင်း​ပေါ့​လိမ့်​မည်။ 6သို့​ဖြစ်၍ ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​လူ​တို့​သည် ခိုင်​မာ​သော စိတ်​နှ​လုံး​ရှိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ခိုင်​မာ​သော စိတ်​နှ​လုံး​ရှိ​ကြ​သ​နည်း။ သူ​တို့​တွင် အ​ထူး​သ​ဖြင့် ပြု​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် လွှတ်​လိုက်၍ ဣ​သ​ရေ​လ​လူ​တို့​သည် သွား​ကြ၏။ 7ယ​ခု​မှာ လှည်း​သစ်​ကို​လုပ်​ပြီး​မှ ထမ်း​ပိုး​မ​တင်၊ သား​ငယ်​ရှိ​သော နွား​မ​နှစ်​ကောင်​ကို လှည်း၌​က၍၊ နွား​သ​ငယ်​တို့​ကို သူ့​နေ​ရာ​သို့ ပို့​ကြ​လော့။ 8ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို လှည်း​ပေါ်​မှာ​တင်၍ ပြန်​ပေး​လိုက်​သော ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ရွှေ​တန်​ဆာ​တို့​ကို သေ​တ္တာ​တော်​နား​မှာ အ​ခြား​သော​သေ​တ္တာ၌ ထား​ပြီး​လျှင် လွှတ်​လိုက်၍ သွား​ပါ​လေ​စေ။ 9သေ​တ္တာ​တော်​သည် မိ​မိ​ပြည်​သို့​သွား​သော​လမ်း ဗက်​ရှေ​မက်​မြို့​သို့​လိုက်​လျှင်၊ ထို​ဘု​ရား​သ​ခင်​သည် ဤ​ဘေး​ကြီး​ကို ငါ​တို့၌ ဖြစ်​စေ​ပြီ။ သို့​မ​ဟုတ် ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငါ​တို့​မ​ခံ၊ အ​လို​လို ခံ​ရ​သည်​ကို သိ​ရ​ကြ​မည်​ဟု စီ​ရင်​သည်​အ​တိုင်း၊ 10လူ​များ​တို့​သည် ပြု​သ​ဖြင့်၊ သား​ငယ်​ရှိ​သော နွား​မ​နှစ်​ကောင်​ကို လှည်း၌​က၍၊ နွား​သ​ငယ်​တို့​ကို သူ့​နေ​ရာ၌ ချုပ်​ထား​ကြ၏။ 11ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​နှင့်​တ​ကွ ရွှေ​ကြွက်​များ၊ မြင်း​သ​ရိုက်​ပုံ​များ​ပါ​သော သေ​တ္တာ​တော်​ကို လှည်း​ပေါ်​မှာ တင်​ကြ၏။ 12နွား​မ​တို့​သည် ဗက်​ရှေ​မက်​လမ်း​သို့ တည့်​တည့်​လိုက်၍ မြည်​တွန်​လျက် သွား​ကြ၏။ လက်​ယာ​ဘက် လက်​ဝဲ​ဘက်​သို့​မ​လွှဲ လမ်း​မ​သို့​သာ လိုက်​ကြ၏။ ဖိ​လိ​တ္တိ​မင်း​တို့​သည် ဗက်​ရှေ​မက်​မြို့​နယ်​တိုင်​အောင် လိုက်​ကြ၏။ 13ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ချိုင့်၌ ဂျုံ၊ စ​ပါး​ကို​ရိတ်​လျက် မျှော်​ကြည့်၍ သေ​တ္တာ​တော်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ 14လှည်း​သည် ဗက်​ရှေ​မက်​မြို့​သား ယော​ရှု၏​လယ်​ကွက်​ထဲ​သို့ ဝင်၍ ကျောက်​ကြီး​အ​နား​မှာ ရပ်​နေ၏။ ထို​သူ​တို့​သည် လှည်း​ကို​ချိုး​ခွဲ​ပြီး​လျှင် နွား​မ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ကြ၏။
15ထို​အ​ခါ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နှင့် ရွှေ​တန်​ဆာ​ပါ​သော သေ​တ္တာ​ကို​ချ၍ ကျောက်​ကြီး​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထို​နေ့​ချင်း​တွင် မီး​ရှို့​ရာ​ယဇ်​မှ​စ၍ ယဇ်​မျိုး​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။ 16ထို​အ​မှု​ကို ဖိ​လိ​တ္တိ​မင်း​ငါး​ယောက်​တို့​သည် မြင်​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် ဧ​ကြုန်​မြို့​သို့ ပြန်​သွား​ကြ၏။ 17ထာ​ဝ​ရ​ဘု​ရား​အား ပြန်​ပေး​သော ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ရွှေ​မြင်း​သ​ရိုက်​ပုံ​တို့​ကား၊ အာ​ဇုတ်​မြို့​ဖို့​တစ်​ခု၊ ဂါ​ဇ​မြို့​ဖို့​တစ်​ခု၊ အာ​ရှ​ကေ​လုန်​မြို့​ဖို့​တစ်​ခု၊ ဂါ​သ​မြို့​ဖို့​တစ်​ခု၊ ဧ​ကြုန်​မြို့​ဖို့​တစ်​ခု ဖြစ်​သ​တည်း။ 18ရွှေ​ကြွက်​တို့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို တင်​ထား​သော ကျောက်​ကြီး​တိုင်​အောင် ခိုင်​ခံ့​သော​မြို့​ဖြစ်​စေ၊ တော​ရွာ​ဖြစ်​စေ၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​ဆိုင်​သ​မျှ​သော မြို့​ရွာ​အ​ရေ​အ​တွက်​အ​တိုင်း ဖြစ်​သ​တည်း။ ထို​ကျောက်​ကား ယ​နေ့​တိုင်​အောင် ဗက်​ရှေ​မက်​မြို့​သား ယော​ရှု၏​လယ်​ကွက်၌​ရှိ၏။
19ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။
ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သို့ပ​ဋိ​ညာဉ်​သေ​တ္တာ​ရောက်​ရှိ
20ဗက်​ရှေ​မက်​မြို့​သား​တို့​က၊ သန့်​ရှင်း​တော်​မူ​သော ဤ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ဘယ်​သူ ရပ်​နေ​နိုင်​သ​နည်း။ ငါ​တို့​အ​ရပ်​က၊ အ​ဘယ်​သူ​ရှိ​ရာ​သို့ ကြွ​သွား​တော်​မူ​မည်​နည်း​ဟု ဆို​သ​ဖြင့်၊ 21ကိ​ရ​ယတ်​ယာ​ရိမ် မြို့​သား​တို့​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို တစ်​ဖန်​ပို့​ကြ​ပြီ။ သင်​တို့​လာ၍ ဆောင်​သွား​ကြ​ပါ​တော့​ဟု မှာ​လိုက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ