YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 7:13-17

ဓမ္မရာဇဝင်ပထမစောင် 7:13-17 MSBU

ဤသို့ ဖိလိတ္တိ​လူမျိုး​တို့ ရှုံးနိမ့်​သဖြင့် အစ္စရေး​လူမျိုး​တို့​၏​နယ်မြေ​ထဲသို့ နောက်တစ်ဖန် မ​ကျူးကျော်​ဝံ့​ကြ​တော့​ချေ​။ ရှမွေလ​လက်ထက်​တစ်လျှောက်လုံး ထာဝရဘုရား​၏​လက်​တော်​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ဆန့်ကျင်​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​ထံမှ ဖိလိတ္တိ​လူမျိုး​တို့ သိမ်းပိုက်​ခဲ့​သော​မြို့​များ​ကို ဧကြုန်​မြို့​မှစ၍ ဂါသ​မြို့​တိုင်အောင် အစ္စရေး​လူမျိုး​တို့ ပြန်လည်​ရရှိ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ အစ္စရေး​လူမျိုး​တို့​အပိုင် နယ်မြေ​များ​ကို ပြန်လည်​ရရှိ​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် အာမောရိ​လူမျိုး​တို့​နှင့်​လည်း သင့်မြတ်​ခြင်း​ရှိ​လေ​၏​။ ရှမွေလ​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ သူ​သည် နှစ်စဉ် ဗေသလ​မြို့​၊ ဂိလဂါလ​မြို့​၊ မိဇပါ​မြို့​များ​သို့ လှည့်လည်​သွားလာ​ပြီး ထို​မြို့​များ​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။ ထို့နောက် မိမိ​အိမ်​ရှိ​ရာ ရာမ​မြို့​သို့​ပြန်လာ​ပြီး ထို​မြို့​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ ထို​မြို့​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​လည်း တည်​ထား​လေ​၏​။