YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 3:1-8

၁ ဓမ္မရာဇဝင် 3:1-8 Judson Bible (JBMLE)

သူ​ငယ်​ရှ​မွေ​လ​သည်၊ ဧ​လိ​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် နည်း​ပါး၏။ ထင်​ရှား​သော ရူ​ပါ​ရုံ​မ​ရှိ။ တစ်​ရံ​ရော​အ​ခါ ဧ​လိ​သည် မိ​မိ​နေ​ရာ၌ အိပ်​လျက်၊ သူ၏ မျက်​စိ​မှုန်​သော​ကြောင့် မ​မြင်​နိုင်​သည်​ကာ​လ၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ရှိ​ရာ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ မီး​ခွက်​မ​သေ​မီ၊ ရှ​မွေ​လ​သည်​လည်း အိပ်​လျက်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှ​မွေ​လ​ကို ခေါ်​တော်​မူ၍၊ ရှ​မွေ​လ​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု ထူး​သ​ဖြင့်၊ ဧ​လိ​ထံ​သို့ ပြေး၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​က ငါ​မ​ခေါ်၊ အိပ်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ အိပ်​ပြန်​လေ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​သည် ထ​ပြီး​လျှင်၊ ဧ​လိ​ထံ​သို့ သွား၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​သော်၊ ဧ​လိ​က ငါ​မ​ခေါ် ငါ့​သား၊ အိပ်​တော့​ဟု ဆို၏။ ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​သေး။ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ရ​သေး။ တ​တိ​ယ​အ​ကြိမ် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​ထ​ပြီး​လျှင် ဧ​လိ​ထံ​သို့​သွား၍ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု​ဆို​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို ခေါ်​တော်​မူ​ကြောင်း​ကို ဧ​လိ​သည်​ရိပ်​မိ​လျှင်၊

၁ ဓမ္မရာဇဝင် 3:1-8 Common Language Bible (BCL)

သူ​ငယ်​ရှ​မွေ​လ​သည်​ဧ​လိ​ညွှန်​ကြား​မှု​ကို ခံ​ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​လျက်​နေ​၏။ ထို​ကာ​လ​၌​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​များ​ကို​များ​စွာ မ​ကြား​ရ​ကြ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို လည်း​မြင်​တွေ့​ရ​မှု​နည်း​ပါး​လေ​သည်။- တစ်​ည​သ​၌​မျက်​စိ​အ​လင်း​ကွယ်​လု​နီး​ပါး ရှိ​သော​ဧ​လိ​သည် မိ​မိ​၏​အ​ခန်း​တွင်​အိပ်​စက် လျက်​နေ​၏။- ရှ​မွေ​လ​မူ​ကား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှိ​ရာ တဲ​တော်​တွင်​အိပ်​လျက်​နေ​သ​တည်း။ အ​ရုဏ် မ​တက်​သေး​သ​ဖြင့် မီး​ခွက်​ကို​မ​ငြိမ်း​မ​သတ် ရ​သေး​မီ​အ​ချိန်​၌၊- ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား​ခေါ် တော်​မူ​၏။ ရှ​မွေ​လ​က​လည်း``ရှိ​ပါ​သည် အ​ရှင်'' ဟု​ထူး​ပြီး​လျှင်၊- ဧ​လိ​ထံ​သို့​ပြေး​၍​သွား​ကာ``အ​ရှင်​ခေါ် သ​ဖြင့် ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``သင့်​ကို​ငါ​မ​ခေါ်။ ပြန်​၍ အိပ်​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည် ပြန်​၍​အိပ်​လေ​၏။ ဘု​ရား​သ​ခင်​သည်​ရှ​မွေ​လ​ကို​တစ်​ဖန်​ခေါ်​တော် မူ​ပြန်​၏။ သူ​ငယ်​သည်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော် မူ​မှန်း​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား​အ​ဘယ်​အ​ခါ​က​မျှ​ဗျာ ဒိတ်​ပေး​တော်​မ​မူ​ခဲ့​ဘူး​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​သူ​သည်​ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင် ခေါ်​သော​ကြောင့် လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``ငါ့​သား​သင့်​ကို​ငါ မ​ခေါ်။ သင်​ပြန်​၍​အိပ်​လော့'' ဟု​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​ကို​တ​တိ​ယ အ​ကြိမ်​ခေါ်​တော်​မူ​ပြန်​၏။ သူ​သည်​ထ​၍ ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင်​ခေါ်​သော ကြောင့်​ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဧ​လိ​သည်​သူ​ငယ်​ကို​ခေါ်​သော​သူ ကား ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း ရိပ်​မိ​သ​ဖြင့်၊

၁ ဓမ္မရာဇဝင် 3:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူငယ်​ရှမွေလ​သည် ဧလိ​ထံပါး​၌​နေ​၍ ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​လျက်​နေ​၏​။ ထို​နေ့ရက်​များ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​ခဲ​၏​။ ဗျာဒိတ်နိမိတ်​လည်း နည်းပါး​လှ​၏​။ ဧလိ​သည်​လည်း မျက်စိ​အားနည်း​၍ မ​မြင်​နိုင်​တော့​ပေ​။ တစ်နေ့တွင် သူ​သည် အိပ်ခန်း​ထဲ၌​အိပ်​နေ​၏​။ ဘုရားသခင်​ရှေ့​တော်​မှ​မီးခွက်​သည် မ​ငြိမ်း​သေး​။ ရှမွေလ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ရှိ​ရာ ထာဝရဘုရား​၏​ဗိမာန်​တော်​၌ အိပ်​လျက်​နေ​၏​။ ထိုအခါ ထာဝရဘုရား​သည် ရှမွေလ​ကို​ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လျက် ဧလိ​ထံသို့​ပြေးလာ​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု ဆို​၏​။ ဧလိ​က “​ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု သူ့​အား​ဆို​သဖြင့် သူ​ပြန်သွား​၍​အိပ်​လေ​၏​။ ထာဝရဘုရား​သည် ရှမွေလ​ကို​ထပ်၍​ခေါ်​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍​ဧလိ​ထံသို့​သွား​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု​ဆို​လျှင် ဧလိ​က “​ငါ့​သား​၊ ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု ဆို​၏​။ ထိုစဉ်က ရှမွေလ​သည် ထာဝရဘုရား​နှင့်​သိကျွမ်း​ခြင်း​မ​ရှိ​သေး​။ ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကို​လည်း မ​ရရှိ​ဖူး​သေး​။ ထာဝရဘုရား​သည် ရှမွေလ​ကို တတိယ​အကြိမ်​ခေါ်​တော်မူ​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍ ဧလိ​ထံသို့​သွား​ပြီးလျှင် “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​ပြန်​၏​။ ထိုအခါ သူငယ်​ကို ထာဝရဘုရား​ခေါ်​တော်မူ​ကြောင်း ဧလိ​သိ​သွား​လေ​၏​။