သူငယ်ရှမွေလသည်ဧလိညွှန်ကြားမှုကို ခံယူကာ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုကာလ၌ထာဝရ ဘုရားထံမှဗျာဒိတ်တော်များကိုများစွာ မကြားရကြ။ ဗျာဒိတ်ရူပါရုံများကို လည်းမြင်တွေ့ရမှုနည်းပါးလေသည်။- တစ်ညသ၌မျက်စိအလင်းကွယ်လုနီးပါး ရှိသောဧလိသည် မိမိ၏အခန်းတွင်အိပ်စက် လျက်နေ၏။- ရှမွေလမူကားပဋိညာဉ်သေတ္တာတော်ရှိရာ တဲတော်တွင်အိပ်လျက်နေသတည်း။ အရုဏ် မတက်သေးသဖြင့် မီးခွက်ကိုမငြိမ်းမသတ် ရသေးမီအချိန်၌၊- ထာဝရဘုရားသည်ရှမွေလအားခေါ် တော်မူ၏။ ရှမွေလကလည်း``ရှိပါသည် အရှင်'' ဟုထူးပြီးလျှင်၊- ဧလိထံသို့ပြေး၍သွားကာ``အရှင်ခေါ် သဖြင့် ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``သင့်ကိုငါမခေါ်။ ပြန်၍ အိပ်လော့'' ဟုဆို၏။ သို့ဖြစ်၍ရှမွေလသည် ပြန်၍အိပ်လေ၏။ ဘုရားသခင်သည်ရှမွေလကိုတစ်ဖန်ခေါ်တော် မူပြန်၏။ သူငယ်သည်ထာဝရဘုရားခေါ်တော် မူမှန်းကိုမသိ။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည် သူ့အားအဘယ်အခါကမျှဗျာ ဒိတ်ပေးတော်မမူခဲ့ဘူးသောကြောင့်ဖြစ်၏။ ထို့ ကြောင့်သူသည်ဧလိထံသို့သွားပြီးလျှင်``အရှင် ခေါ်သောကြောင့် လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``ငါ့သားသင့်ကိုငါ မခေါ်။ သင်ပြန်၍အိပ်လော့'' ဟုဆို၏။ ထာဝရဘုရားသည်ရှမွေလကိုတတိယ အကြိမ်ခေါ်တော်မူပြန်၏။ သူသည်ထ၍ ဧလိထံသို့သွားပြီးလျှင်``အရှင်ခေါ်သော ကြောင့်ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ ထိုအခါဧလိသည်သူငယ်ကိုခေါ်သောသူ ကား ထာဝရဘုရားပင်ဖြစ်တော်မူကြောင်း ရိပ်မိသဖြင့်၊
၁ ရာ 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရာ 3:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ