YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 3:1-8

ဓမ္မရာဇဝင်ပထမစောင် 3:1-8 MSBU

သူငယ်​ရှမွေလ​သည် ဧလိ​ထံပါး​၌​နေ​၍ ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​လျက်​နေ​၏​။ ထို​နေ့ရက်​များ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​ခဲ​၏​။ ဗျာဒိတ်နိမိတ်​လည်း နည်းပါး​လှ​၏​။ ဧလိ​သည်​လည်း မျက်စိ​အားနည်း​၍ မ​မြင်​နိုင်​တော့​ပေ​။ တစ်နေ့တွင် သူ​သည် အိပ်ခန်း​ထဲ၌​အိပ်​နေ​၏​။ ဘုရားသခင်​ရှေ့​တော်​မှ​မီးခွက်​သည် မ​ငြိမ်း​သေး​။ ရှမွေလ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ရှိ​ရာ ထာဝရဘုရား​၏​ဗိမာန်​တော်​၌ အိပ်​လျက်​နေ​၏​။ ထိုအခါ ထာဝရဘုရား​သည် ရှမွေလ​ကို​ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လျက် ဧလိ​ထံသို့​ပြေးလာ​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု ဆို​၏​။ ဧလိ​က “​ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု သူ့​အား​ဆို​သဖြင့် သူ​ပြန်သွား​၍​အိပ်​လေ​၏​။ ထာဝရဘုရား​သည် ရှမွေလ​ကို​ထပ်၍​ခေါ်​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍​ဧလိ​ထံသို့​သွား​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု​ဆို​လျှင် ဧလိ​က “​ငါ့​သား​၊ ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု ဆို​၏​။ ထိုစဉ်က ရှမွေလ​သည် ထာဝရဘုရား​နှင့်​သိကျွမ်း​ခြင်း​မ​ရှိ​သေး​။ ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကို​လည်း မ​ရရှိ​ဖူး​သေး​။ ထာဝရဘုရား​သည် ရှမွေလ​ကို တတိယ​အကြိမ်​ခေါ်​တော်မူ​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍ ဧလိ​ထံသို့​သွား​ပြီးလျှင် “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​ပြန်​၏​။ ထိုအခါ သူငယ်​ကို ထာဝရဘုရား​ခေါ်​တော်မူ​ကြောင်း ဧလိ​သိ​သွား​လေ​၏​။