YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 17:41-49

၁ ဓမ္မရာဇဝင် 17:41-49 Judson Bible (JBMLE)

ဖိ​လိ​တ္တိ​လူ​သည်​လည်း ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း၍ သူ့​ရှေ့​မှာ ဒိုင်း​လွှား​ကို ဆောင်​သော​သူ​လည်း သွား၏။ ဖိ​လိ​တ္တိ​လူ​သည် ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​သော​အ​ခါ မ​ထီ​မဲ့​မြင်​ပြု၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် နု​ပျို​သော​သူ၊ ဆံ​ပင်​နီ၍ မျက်​နှာ​လှ​သော​သူ​ဖြစ်၏။ ဖိ​လိ​တ္တိ​လူ​က၊ သင်​သည် တောင်​ဝှေး​နှင့် ငါ့​ထံ​သို့​လာ​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခွေး​ဖြစ်​သ​လော​ဟု​မေး​လျက်၊ မိ​မိ​ဘု​ရား​တို့​ကို​တိုင်​တည်၍ ဒါ​ဝိဒ်​ကို​ကျိန်​ဆဲ​လေ၏။ တစ်​ဖန် ဖိ​လိ​တ္တိ​လူ​က လာ​ခဲ့။ သင့်​အ​သား​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ငါ​ပေး​မည်​ဟု ဒါ​ဝိဒ်​ကို​ဆို၏။ ဒါ​ဝိဒ်​က​သင်​သည် ဓား၊ လှံ၊ ကိ​ဒုန်​ပါ​လျက် ငါ့​ထံ​သို့​လာ၏။ ငါ​သည် သင်​ကြိမ်း​ပ​သော ဣ​သ​ရေ​လ​ဗိုလ်​ခြေ​တို့၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ပါ​လျက် သင်​ရှိ​ရာ​သို့​လာ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ငါ့​လက်၌ ယ​နေ့​အပ်​တော်​မူ​သ​ဖြင့်၊ သင့်​ကို​ငါ​သတ်၍ လည်​ပင်း​ကို​ဖြတ်​မည်။ ဖိ​လိ​တ္တိ​ဗိုလ်​ခြေ အ​သေ​ကောင်​များ​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ယ​နေ့​ငါ​ပေး​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။ ဖိ​လိ​တ္တိ​လူ​သည် ထ၍ ဒါ​ဝိဒ်​နှင့်​တွေ့​ခြင်း​ငှာ ချဉ်း​လာ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည်​လည်း ဖိ​လိ​တ္တိ​လူ​နှင့်​တွေ့​ခြင်း​ငှာ ဗိုလ်​ခြေ​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​ပြီး​မှ၊ လွယ်​အိတ်​ထဲ​က ကျောက်​တစ်​လုံး​ကို နှိုက်​ယူ၍​လွှဲ​ပစ်၏။ ဖိ​လိ​တ္တိ​လူ၏ န​ဖူး​ကို​မှန်၍ န​ဖူး​ပေါက်​သ​ဖြင့် သူ​သည် မြေ​ပေါ်​မှာ ငိုက်​စိုက်​လဲ​လေ၏။

၁ ဓမ္မရာဇဝင် 17:41-49 Common Language Bible (BCL)

ဂေါ​လျတ်​သည်​မိ​မိ​၏​ဒိုင်း​လွှား​ကိုင်​ဆောင် သူ​၏​နောက်​မှ​နေ​၍ ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း ကပ်​လာ​၏။- သူ​သည်​ဒါ​ဝိဒ်​ကို​သေ​ချာ​စွာ​ကြည့်​သော အ​ခါ ဒါ​ဝိဒ်​ကား​ရှု​ချင်​ဖွယ်​ကောင်း​သည့် သူ​ငယ်​တစ်​ယောက်​မျှ​သာ​ဖြစ်​သည်​ကို​တွေ့ ရှိ​ရ​သော​ကြောင့် သူ့​အား​မ​ထီ​လေး​စား​ပြု လေ​သည်။- သူ​က​ဒါ​ဝိဒ်​အား``တောင်​ဝှေး​နှင့်​အ​ဘယ်​ကြောင့် လာ​ပါ​သ​နည်း။ ငါ့​အား​ခွေး​ထင်​မှတ်​သ​လော'' ဟု​ဆို​ပြီး​လျှင်​မိ​မိ​၏​ဘု​ရား​ကို​တိုင်​တည်​၍ ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လေ​သည်။- ထို​နောက်``လာ​ခဲ့​လော့။ ငါ​သည်​သင့်​အ​သား ကို​ငှက်​များ​နှင့်​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​စေ​အံ့'' ဟု​ဆို​၏။ ဒါ​ဝိဒ်​က``သင်​သည်​ဋ္ဌား၊ ပစ်​လှံ၊ ထိုး​လှံ​တို့​နှင့် သာ​လာ​၏။ ငါ​မူ​ကား​သင်​အံ​တု​သည့်​ဣ​သ​ရေ လ​စစ်​သည်​တော်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် နှင့်​လာ​၏။- ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။- ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ် တင်​ရန်​အ​တွက် ဋ္ဌား၊ လှံ​လက်​နက်​များ​ကို​အ​သုံး ပြု​တော်​မူ​ရန်​မ​လို​ကြောင်း​ကို​လည်း ဤ​အ​ရပ် တွင်​ရှိ​သ​မျှ​သော​လူ​တို့​တွေ့​မြင်​ရ​ကြ​လိမ့် မည်။ ကိုယ်​တော်​သည်​စစ်​မက်​ရေး​ရာ​ကို​ပိုင် တော်​မူ​သ​ဖြင့် သင်​တို့​အား​လုံး​ကို​ငါ​တို့ လက်​သို့​အပ်​နှင်း​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။ ဂေါ​လျတ်​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​တစ်​ဖန်​ချဉ်း​ကပ် လာ​၏။ ဒါ​ဝိဒ်​သည်​သူ​နှင့်​စစ်​ထိုး​ရန်​ဖိ​လိတ္တိ တပ်​ဦး​သို့​အ​လျင်​အ​မြန်​ပြေး​၍၊- မိ​မိ​လွယ်​အိတ်​မှ​ကျောက်​ခဲ​တစ်​လုံး​ကို​နှိုက်​ယူ ပြီး​လျှင် လောက်​လွှဲ​နှင့်​ဂေါ​လျတ်​အား​ပစ်​လိုက်​၏။ ကျောက်​ခဲ​သည်​ဂေါ​လျတ်​၏​န​ဖူး​ကို​ထိ​မှန်​၍ န​ဖူး​ပေါက်​သ​ဖြင့်​ဂေါ​လျတ်​သည်​မြေ​ပေါ်​သို့ ငိုက်​စိုက်​လဲ​ကျ​သွား​တော့​၏။

၁ ဓမ္မရာဇဝင် 17:41-49 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ထံသို့​ချဉ်းကပ်​လာ​၏​။ ဒိုင်းလွှား​ကိုင်​သူ​လည်း သူ့​ရှေ့​မှ သွား​၏​။ ထို​ဖိလိတ္တိ​ပြည်သား​သည် ငယ်ရွယ်​နုနယ်​၍ နီမြန်း​သော​အသားအရေ​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​သော​ဒါဝိဒ်​ကို မြင်​သောအခါ အထင်သေး​သော​အကြည့်​ဖြင့် ကြည့်​၏​။ ထို့နောက် ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​သင်​သည် တောင်ဝှေး​မျှ​လောက်​ဖြင့် ငါ့​ထံ​လာ​သည်​မှာ ငါ​သည် ခွေး​ဖြစ်၍​လော​”​ဟု ဆို​လျက် ဖိလိတ္တိ​ပြည်သား​သည် မိမိ​၏​ဘုရား​ကို​တိုင်တည်​၍ ဒါဝိဒ်​ကို ကျိန်ဆဲ​၏​။ ထို့ပြင် ထို​ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​ငါ့​ထံသို့ လာ​ခဲ့​။ သင့်​အသား​ကို မိုးကောင်းကင်​ငှက်​များ​၊ တောတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​”​ဟု ဆို​၏​။ ဒါဝိဒ်​က​လည်း ထို​ဖိလိတ္တိ​ပြည်သား​အား “​သင်​သည် ဓား​၊ လှံတို​၊ လှံရှည်​တို့​ဖြင့် ငါ့​ထံ​လာ​၏​။ ငါ​မူကား သင်​စော်ကားပြောဆို​နေ​သော အစ္စရေး​စစ်သည်​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် သင့်​ထံ​လာ​၏​။ ယနေ့​တွင် ထာဝရဘုရား​သည် သင့်​ကို ငါ့​လက်​သို့​အပ်နှံ​တော်မူ​မည်​။ သင့်​ကို ငါ​သတ်​ပြီး သင့်​ခေါင်း​ကို ဖြတ်ပစ်​မည်​။ ယနေ့​ပင် ဖိလိတ္တိ​လူမျိုး​စစ်သည်​အသေကောင်​များ​ကို မိုးကောင်းကင်​ငှက်​များ​၊ တောရိုင်းတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​။ သို့မှ အစ္စရေး​လူမျိုး​တို့​၌ ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို ကမ္ဘာမြေ​တစ်ခွင်လုံး သိ​ရ​ကြ​လိမ့်မည်​။ ထို့ပြင် ထာဝရဘုရား​သည် ဓား​၊ လှံ​အားဖြင့် ကယ်တင်​သည်​မ​ဟုတ်​ကြောင်း​ကို ဤ​လူထုကြီး သိ​ရ​လိမ့်မည်​။ စစ်မှု​သည် ထာဝရဘုရား​၏​အရေး​ဖြစ်၍ ကိုယ်တော်​သည် သင်​တို့​ကို ငါ​တို့​လက်​သို့ အပ်နှံ​တော်မူ​မည်​”​ဟု ဆို​၏​။ ထိုအခါ ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ကို တိုက်ခိုက်​ရန် ရှေ့​သို့​တိုးလာ​ရာ ဒါဝိဒ်​သည်​လည်း သူ့​ကို ရင်ဆိုင်​တိုက်ခိုက်​ရန် အလျင်အမြန်​ပြေးသွား​၏​။ ဒါဝိဒ်​သည် အိတ်​ထဲမှ ကျောက်​တစ်​လုံး​ကို နှိုက်​ယူ​ပြီး လွှဲပစ်​လိုက်​ရာ ဖိလိတ္တိ​ပြည်သား​၏​နဖူး​ကို ထိမှန်​၍ နဖူးပေါက်​သွား​သဖြင့် ထို​သူ​သည် မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။