YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 3:13-15

၁ ရှင်ပေတရု 3:13-15 Judson Bible (JBMLE)

သင်​တို့​သည် ကောင်း​သော​တ​ရား​ကို ကျင့်​သော​သူ​ဖြစ်​လျှင်၊ အ​ဘယ်​သူ​ညှဉ်း​ဆဲ​မည်​နည်း။- ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ဆင်း​ရဲ​ခံ​ရ​လျှင်​မူ​ကား၊ မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့၏​ခြိမ်း​ခြောက်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်၊ မ​ထိတ်​လန့်​ကြ​နှင့်။- စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။

၁ ရှင်ပေတရု 3:13-15 Common Language Bible (BCL)

သို့​ဖြစ်​၍​သု​စ​ရိုက်​တ​ရား​ကို​သင်​တို့​ခုံ​မင် စွဲ​လမ်း​ကြ​ပါ​မူ​အ​ဘယ်​သူ​သည်​သင်​တို့​အား ဘေး​သင့်​စေ​နိုင်​မည်​နည်း။- သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​အ​မှန်​တ​ရား ကို​ကျင့်​သုံး​မှု​ကြောင့်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​သော်​မင်္ဂ လာ​ရှိ​ကြ​၏။ မည်​သူ​အား​မျှ​မ​ကြောက်​ကြ​နှင့်။ မ​စိုး​ရိမ်​ကြ​နှင့်။- သို့​ရာ​တွင်​သင်​တို့​စိတ်​နှ​လုံး​တွင်​ခ​ရစ်​တော် ကို​ရို​သေ​ကိုင်း​ရှိုင်း​၍​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခံ​ယူ​ကြ​လော့။ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​မျှော် လင့်​ချက်​အ​ကြောင်း​ကို​စစ်​ဆေး​မေး​မြန်း​လာ သူ​အား​အ​ချိန်​မ​ရွေး​ရှင်း​လင်း​ဖော်​ပြ​ရန် အ​သင့်​ရှိ​ကြ​လော့။

၁ ရှင်ပေတရု 3:13-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​လျှင် မည်သူ​သည် သင်​တို့​ကို အန္တရာယ်​ပြု​မည်နည်း။ သို့သော် ဖြောင့်မတ်​ခြင်း​ကြောင့် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​ရ​လျှင်​ပင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သူ​တို့​၏​ခြိမ်းခြောက်​မှု​ကြောင့် ကြောက်ရွံ့​ခြင်း​နှင့်​တုန်လှုပ်​ချောက်ချား​ခြင်း​မ​ရှိ​ဘဲ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​ကို အရှင်​သခင်​အဖြစ် ရိုသေလေးမြတ်​ကြ​လော့။ သင်​တို့​၌​ရှိ​သည့် မျှော်လင့်​ခြင်း​အကြောင်း​နှင့်​ပတ်သက်၍ သင်​တို့​အား မေးမြန်း​သော​သူ​အားလုံး​တို့​ကို ဖြေရှင်း​ပြောဆို​နိုင်​ရန် အမြဲတမ်း​အသင့်​ရှိ​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။