YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 3:13-15

ရှင်ပေတရုဩဝါဒစာပထမစောင် 3:13-15 MSBU

သင်​တို့​သည် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​လျှင် မည်သူ​သည် သင်​တို့​ကို အန္တရာယ်​ပြု​မည်နည်း။ သို့သော် ဖြောင့်မတ်​ခြင်း​ကြောင့် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​ရ​လျှင်​ပင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သူ​တို့​၏​ခြိမ်းခြောက်​မှု​ကြောင့် ကြောက်ရွံ့​ခြင်း​နှင့်​တုန်လှုပ်​ချောက်ချား​ခြင်း​မ​ရှိ​ဘဲ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​ကို အရှင်​သခင်​အဖြစ် ရိုသေလေးမြတ်​ကြ​လော့။ သင်​တို့​၌​ရှိ​သည့် မျှော်လင့်​ခြင်း​အကြောင်း​နှင့်​ပတ်သက်၍ သင်​တို့​အား မေးမြန်း​သော​သူ​အားလုံး​တို့​ကို ဖြေရှင်း​ပြောဆို​နိုင်​ရန် အမြဲတမ်း​အသင့်​ရှိ​ကြ​လော့။