YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 1:3-13

၁ ရှင်ပေတရု 1:3-13 Judson Bible (JBMLE)

အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။- အ​ရည်​ကျို၍ စုံ​စမ်း​ခြင်း​ကို​ခံ​နိုင်​သော်​လည်း၊ ပျက်​စီး​တတ်​သော ရွှေ​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​ထက်၊ သင်​တို့​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သာ၍ မြတ်​သည်​နှင့်၊ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော် မူ​သော​အ​ခါ အ​ချီး​အ​မွမ်း၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော် အ​လို​ငှာ​ဖြစ်​မည်​အ​ကြောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ​လျှင်၊ သင်​တို့​သည် ယ​ခု​ခ​ဏ​ခံ​ရ၍ ဝမ်း​နည်း​သော်​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျေး​ဇူး​တော်​ကို​ထောက်၍ ရွှင်​လန်း​သော​စိတ် ရှိ​ကြ၏။- ထို​သ​ခင်​ကို သင်​တို့​သည် မ​မြင်​ဖူး​သော်​လည်း ချစ်​ကြ၏။ ယ​ခု​မှာ​လည်း မ​မြင်​ဘဲ​လျက်၊ ယုံ​ကြည်​သော​အား​ဖြင့် ဘုန်း​အ​သ​ရေ​နှင့် စပ်​ဆိုင်​သော၊ ပြော၍​မ​မီ​နိုင်​သော ရွှင်​လန်း​ခြင်း​စိတ်​နှင့် ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊- စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​ခြင်း​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၏​အ​ကျိုး​ကို ခံ​ရ​ကြ၏။ ထို​ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို ပ​ရော​ဖက်​တို့​သည် စေ့​စေ့ စစ်​ကြော​မေး​မြန်း​ရှာ​ဖွေ၍၊ သင်​တို့ ခံ​ရ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​ပြီ။- ခ​ရစ်​တော်​ခံ​တော်​မူ​ရ​သော ဆင်း​ရဲ​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ပြီး​မှ ဝင်​စား​တော်​မူ​ရ​သော ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း၊ သူ​တို့​အ​ထဲ၌​ရှိ​သော ခ​ရစ်​တော်၏​ဝိ​ညာဉ်​သည် သက်​သေ​ခံ​နှင့်​သော​အ​ခါ၊ အ​ဘယ်​မည်​သော သူ​ကို​လည်း​ကောင်း၊ အ​ဘယ်​သို့​သော အ​ချိန်​ကာ​လ​ကို​လည်း​ကောင်း ဆို​လို​တော်​မူ​သည်​ဟု မေး​မြန်း​ရှာ​ဖွေ​ကြ၏။- ကိုယ်​ဟော​ပြော​ပြု​စု​သော အ​ရာ​များ​တို့​သည်၊ ကိုယ်​အ​ဖို့ မ​ဟုတ်၊ သင်​တို့​အ​ဖို့ ဖြစ်​သည်​ဟု ထို​သူ​တို့​အား ဖွင့်​ပြ​တော်​မူ၏။ ကောင်း​ကင်​ဘုံ​မှ စေ​လွှတ်​တော်​မူ​သော သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ပါ​လျက်၊ သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​သူ​တို့​သည်၊ ထို​အ​ရာ​များ​ကို သင်​တို့​အား ယ​ခု​ကြား​ပြော​ကြ​ပြီ။ ထို​အ​ရာ​တို့​ကို ကောင်း​ကင်​တ​မန်​တို့​သည် စေ့​စေ့​ကြည့်​ရှု စဉ်း​စား​ချင်​သော စေ​တ​နာ​စိတ် ရှိ​ကြ၏။ သို့​ဖြစ်၍၊ သင်​တို့​စိတ်​နှ​လုံး​ကို ခါး​ပန်း​စည်း၍ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​ဆီ​သို့​ရောက်​လ​တ္တံ့​သော ဆု​ကျေး​ဇူး​ကို အ​ဆုံး​တိုင်​အောင် မျှော်​လ​င့်​ကြ​လော့။

၁ ရှင်ပေတရု 1:3-13 Common Language Bible (BCL)

ငါ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ကုန်​စို့။ ကိုယ်​တော်​သည်​မ​ဟာ က​ရု​ဏာ​တော်​ကြောင့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထြေမာက်​စေ​တော်​မူ ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘ​ဝ​သစ်​ကို​ပေး တော်​မူ​သ​ဖြင့်​စိတ်​ချ​ရ​သော​မျှော်​လင့် ခြင်း​ကို​ရ​ရှိ​စေ​တော်​မူ​၏။- သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု တော်​အ​တွက် ဘု​ရား​သ​ခင်​လျာ​ထား​တော် မူ​သော​ကောင်း​ချီး​မင်္ဂလာ​များ​ကို​ခံ​စား​နိုင် ရန်​မျှော်​မှန်း​ကြ​ပေ​သည်။ ကိုယ်​တော်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ကောင်း​ကင် ဘုံ​တွင် သင်​တို့​အ​ဖို့​လျာ​ထား​တော်​မူ​၏။ ယင်း​တို့​သည်​ယို​ယွင်း​ပျက်​စီး​မှေး​မှိန်​၍ မ​သွား​နိုင်။- သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​များ ဖြစ်​သည့်​အ​လျောက် အ​ဆုံး​စွန်​သော​ကာ​လ​၌ ပေါ်​လွင်​ထင်​ရှား​ရန်​အ​သင့်​ရှိ​သည့်​ကယ်​တင် ခြင်း​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ချိန်​တိုင်​အောင် ကိုယ်​တော်​သည်​သင်​တို့​အား​တန်​ခိုး​တော်​ဖြင့် စောင့်​ထိန်း​လျက်​ထား​တော်​မူ​၏။ သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး တို့​ကြောင့် ယ​ခု​ခ​ဏ​မျှ​ဝမ်း​နည်း​ရ​ကြ သော်​လည်း အ​ထက်​ဖော်​ပြ​ပါ​အ​ကြောင်း ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။- ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​ကို​ခံ​ရ​ခြင်း မှာ​ဘု​ရား​သ​ခင်​အား​အ​ကယ်​ပင်​သင်​တို့ ယုံ​ကြည်​ကိုး​စား​မှု​ရှိ​မ​ရှိ​ကို​စစ်​ဆေး​ရန် ဖြစ်​၏။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ရွှေ​ကို ပင်​လျှင် အ​ရည်​ကျို​၍​စစ်​တမ်း​တင်​ရ​သည် ဖြစ်​ရာ​ရွှေ​ထက်​များ​စွာ​ပို​မို​အ​ဖိုး​ထိုက် သည့် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လည်း တည်​တံ့​ခိုင်​မြဲ​စေ​ရန်​စစ်​တမ်း​တင်​ရ​မည်။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​ချိန်​၌​ဂုဏ်​ပြု​ချီး ကူး​ခြင်း​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ နိုင်​ကြ​ပေ​လိမ့်​မည်။- သင်​တို့​သည်​ခ​ရစ်​တော်​ကို​မ​မြင်​ဘူး​သော် လည်း​ချစ်​ကြ​၏။ ယ​ခု​မ​တွေ့​မ​မြင်​ရ​သော် လည်း​သင်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​နှုတ်​ဖြင့်​မ​ဖော် ပြ​နိုင်​အောင်​လွန်​စွာ​ဘုန်း​ကြီး​သော​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​သ​ခင် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​၏​အ​ကျိုး​ကြောင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​နေ​ရ​ကြ​ပြီ​ဖြစ် သော​ကြောင့်​တည်း။ ပ​ရော​ဖက်​များ​သည်​ယင်း​ကယ်​တင်​ခြင်း​နှင့် ပတ်​သက်​၍​အ​သေ​အ​ချာ​စုံ​စမ်း​ရှာ​ဖွေ​ခဲ့ ကြ​၏။ သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​မည့်​ဤ​ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ဟော ကြား​ခဲ့​ကြ​၏။- ယင်း​ဆု​ကျေး​ဇူး​သည်​အ​ဘယ်​အ​ခါ​ကာ​လ ၌​လည်း​ကောင်း၊ အ​ဘယ်​ပုံ​အ​ဘယ်​နည်း​ဖြင့် လည်း​ကောင်း​ပေါ်​ပေါက်​လာ​မည်​ကို​သိ​ရှိ​နိုင် ရန်​လည်း​ကြိုး​စား​၍​ရှာ​ဖွေ​စုံ​စမ်း​ခဲ့​ကြ​၏။ သူ​တို့​အ​ထဲ​၌​သက်​ဝင်​လှုပ်​ရှား​လျက်​ရှိ သော​ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​က ဤ​အ​ခါ ကာ​လ​တွင်​ခ​ရစ်​တော်​ခံ​ရ​မည့်​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ထို​သို့​ခံ​တော်​မူ​ပြီး​နောက် ဝင်​စား​ရ​မည့်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း​ကြို​တင်​ဖော်​ပြ​ခဲ့​ပေ​သည်။- ထို​သူ​တို့​ယင်း​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​ကြ​သည်​မှာ​မိ​မိ​တို့​အ​ကျိုး​အ​တွက် မ​ဟုတ်။ သင်​တို့​အ​ကျိုး​အ​တွက်​ဖြစ်​ကြောင်း သင်​တို့​အား​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ ပေ​သည်။ သင်​တို့​ထံ​သ​တင်း​ကောင်း​ကို​ယူ ဆောင်​လာ​သူ​များ​သည်​ထို​ပ​ရော​ဖက်​တို့ ကြို​တင်​ဟော​ပြော​သည့်​အ​ကြောင်း​အ​ရာ များ​ကို ကောင်း​ကင်​ဘုံ​မှ​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​သ​ဖြင့်​သင်​တို့​ကြား ရ​ကြ​ပြီ။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ကောင်း​ကင်​တ​မန်​များ​ပင်​လျှင်​သိ​ရှိ နား​လည်​လို​ကြ​ပေ​သည်။ သို့​ဖြစ်​၍​သင်​တို့​နိုး​ကြား​၍ သမ္မာ​သ​တိ​ရှိ ကြ​လော့။ ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော အ​ခါ သင်​တို့​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို အ​ဆုံး​တိုင်​အောင်​မျှော်​လင့်​လျက်​နေ​ကြ​လော့။

၁ ရှင်ပေတရု 1:3-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ကိုယ်တော်​သည် မိမိ​၏​ကြီးမြတ်​သော​ကရုဏာ​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ငါ​တို့​ကို အသက်ရှင်​သော​မျှော်လင့်​ခြင်း​ထဲသို့​လည်းကောင်း၊ သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​ထိန်းသိမ်း​ထား​သည့် ယိုယွင်း​ပျက်စီး​ခြင်း၊ ညစ်ညူး​ခြင်း​နှင့် မှေးမှိန်​ခြင်း​တို့​မ​ရှိ​သော အမွေ​တော်​ထဲသို့​လည်းကောင်း အသစ်​တစ်ဖန်​မွေးဖွား​စေ​တော်မူ​၏။ သင်​တို့​သည် နောက်ဆုံး​သော​ကာလ​၌​ဖော်ပြ​ရန် အသင့်​ပြင်ဆင်​ထား​သော​ကယ်တင်​ခြင်း​အတွက် ဘုရားသခင်​၏​တန်ခိုး​တော်​၌ ယုံကြည်​ခြင်း​အားဖြင့် စောင့်ရှောက်​ခြင်း​ကို​ခံရ​ကြ​၏။ သင်​တို့​သည် ယခု​အချိန်​တွင် စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​ဝမ်းနည်း​ရ​လျှင်​လည်း အထက်​၌​ဆို​ခဲ့​ပြီး​သော​အကြောင်း​ကြောင့် ရွှင်မြူး​ခြင်း​ရှိ​ကြ​၏။ ဤသည်ကား မီး​ဖြင့်​စစ်ဆေး​ခြင်း​ခံရ​ပြီ​ဖြစ်​သော်လည်း ပျက်စီး​တတ်​သည့်​ရွှေ​ထက် များစွာ​အဖိုးတန်​သော သင်​တို့​၏​ယုံကြည်​ခြင်း​ကို စစ်ကြော​စုံစမ်း​ခြင်း​သည် ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ချီးမွမ်း​ခြင်း၊ ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​အဖြစ်​သို့​ရောက်​မည့်​အကြောင်း​တည်း။ သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ဤသည်ကား သင်​တို့​၏​ယုံကြည်​ခြင်း​အကျိုး​ရလဒ်​တည်းဟူသော စိတ်​ဝိညာဉ်​ကယ်တင်​ခြင်း​ကို ရရှိ​ကြ​သောကြောင့်​ဖြစ်​၏။ သင်​တို့​ခံစားရ​မည့်​ကျေးဇူး​တော်​နှင့်​ပတ်သက်၍ ဟောပြော​ခဲ့​သည့်​ပရောဖက်​တို့​သည် ထို​ကယ်တင်​ခြင်း​အကြောင်း​ကို ရှာဖွေ​စူးစမ်း​ခဲ့​ကြ​၏။ သူ​တို့​အထဲ၌​ရှိ​သော ခရစ်တော်​၏​ဝိညာဉ်​တော်​သည် ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​နှင့် ထို​ဝေဒနာ​များ​နောက်တွင်​ဖြစ်လာ​မည့် ဘုန်း​အသရေ​တို့​အကြောင်း​ကို ကြိုတင်​သက်သေခံ​သောအခါ မည်သူ​၊ သို့မဟုတ် မည်သည့်​အချိန်​ကို​ဆိုလို​ကြောင်း သူ​တို့​စူးစမ်း​လေ့လာ​ကြ​၏။ ထိုအခါ သူ​တို့​ပြုစု​သော​အရာ​တို့​သည် မိမိ​တို့​အတွက်​မ​ဟုတ်​ဘဲ သင်​တို့​အတွက်​ဖြစ်ကြောင်း သူ​တို့​အား​ဖွင့်ပြ​တော်မူ​၏။ ယခု ထို​အရာ​တို့​သည် ကောင်းကင်​ဘုံ​မှ​စေလွှတ်​ခြင်း​ခံရ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​သော​သူ​များ​မှတစ်ဆင့် သင်​တို့​ထံ ဖော်ပြ​ခြင်း​ခံရ​ပြီ။ ကောင်းကင်​တမန်​တို့​ပင်လျှင် ထို​အရာ​တို့​ကို​ကြည့်ရှု​ရန် အလွန်​အလိုရှိ​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​ကို အသင့်​ပြင်ဆင်​ထား​လျက် သမ္မာသတိ​ရှိ​ကြ​လော့။ ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ထံသို့ သက်ရောက်​လာ​မည့်​ကျေးဇူး​တော်​ကို အပြည့်အဝ​မျှော်လင့်​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။