YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 18:22-24

၃ ဓမ္မရာဇဝင် 18:22-24 Judson Bible (JBMLE)

တစ်​ဖန် ဧ​လိ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​ကား ငါ​တစ်​ယောက်​တည်း ကျန်​ရစ်၏။ ဗာ​လ၏​ပ​ရော​ဖက်​ကား လေး​ရာ​ငါး​ဆယ် ရှိ​ကြ၏။ နွား​နှစ်​ကောင်​ကို​ပေး​ကြ​လော့။ သူ​တို့​သည် တစ်​ကောင်​ကို​ရွေး၍ အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင် ထင်း​ပေါ်​မှာ တင်​ပါ​လေ​စေ။ မီး​မ​ထည့်​စေ​နှင့်။ ငါ​လည်း နွား​တစ်​ကောင်​ကို​လုပ်၍ ထင်း​ပေါ်​မှာ​တင်​မည်။ မီး​ကို​မ​ထည့်။ သင်​တို့​သည် သင်​တို့​ဘု​ရား​များ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ​လော့။ ငါ​လည်း ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဟစ်​ခေါ်​မည်။ မီး​ဖြင့် ထူး​တော်​မူ​သော​ဘု​ရား​သည် ဘု​ရား​သ​ခင်​မှန်​ပါ​စေ​ဟု လူ​များ​တို့​အား ပြော​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​က၊ ဧ​လိ​ယ၏​စ​ကား​သည် လျောက်​ပတ်​ပေ​သည်​ဟု ဆို​ကြ၏။

၃ ဓမ္မရာဇဝင် 18:22-24 Common Language Bible (BCL)

ထို​အ​ခါ​ဧ​လိ​ယ​က``ထာ​ဝရ​ဘု​ရား​၏ ပ​ရော​ဖက်​များ​အ​နက် ငါ​တစ်​ဦး​တည်း​ကျန် ရှိ​နေ​၏။ ဗာ​လ​ပ​ရော​ဖက်​များ​မူ​ကား​လေး ရာ​ငါး​ဆယ်​ရှိ​ပေ​သည်။- နွား​လား​ဥ​သ​ဘ​နှစ်​ကောင်​ကို​ယူ​ပြီး​လျှင် တစ်​ကောင်​ကို​ထို​သူ​တို့​အား​ပေး​ကြ​လော့။ သူ​တို့​သည်​ထို​နွား​ကို​သတ်​၍​အ​ပိုင်း​ပိုင်း ခုတ်​ပြီး​လျှင်​ထင်း​များ​အ​ပေါ်​တွင်​တင်​ထား ကြ​ပါ​စေ။ သို့​ရာ​တွင်​မီး​မ​ညှိ​စေ​ကြ​နှင့်။ ငါ​သည်​အ​ခြား​နွား​တစ်​ကောင်​ကို​ထို​နည်း တူ​ပြု​မည်။- ထို့​နောက်​ဗာ​လ​ပ​ရော​ဖက်​တို့​သည်​မိ​မိ​တို့ ဘု​ရား​ထံ​သို့​ဆု​တောင်း​ကြ​စေ။ ငါ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​မည်။ ငါ​တို့​အ​သီး​သီး​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​၍ မီး​ကို​ချ​ပေး​တော် မူ​သော​အ​ရှင်​သည်​ဘု​ရား​အ​မှန်​ဖြစ်​၏'' ဟု ဆို​လေ​သည်။ လူ​အ​ပေါင်း​တို့​သည် ဧ​လိ​ယ​၏​ပြော​ကြား ချက်​ကို​သ​ဘော​တူ​ကြောင်း​ဟစ်​အော်​၍ ဖော်​ပြ​ကြ​၏။

၃ ဓမ္မရာဇဝင် 18:22-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဧလိယ​က ဆက်​၍​လူ​တို့​အား “​ငါ​တစ်ဦးတည်း​သာ ထာဝရဘုရား​၏​ပရောဖက်​အဖြစ် ကျန်​ခဲ့​၏​။ ဗာလ​ဘုရား​၏​ပရောဖက်​များ​မူကား အယောက်​လေး​ရာ့​ငါးဆယ်​ရှိ​၏​။ ယခု ငါ​တို့​ကို နွားထီးပျို​နှစ်​ကောင်​ပေး​ပါ​။ နွား​တစ်​ကောင်​ကို သူ​တို့​အဖို့ ရွေး​စေ​ပါ​။ ထို​နွား​ကို ခုတ်ပိုင်း​ပြီး မီး​မ​မွှေး​သေး​ဘဲ​ထင်းပုံ​ပေါ်​တင်​စေ​ပါ​။ ငါ​လည်း ကျန်​နွား​တစ်​ကောင်​ကို အသင့်ပြင်​ပြီး မီး​မ​မွှေး​သေး​ဘဲ ထင်းပုံ​ပေါ်​တင်​မည်​။ ထို့နောက် သင်​တို့​ဘုရား​၏​နာမ​ကို ခေါ်​ပါ​။ ငါ​သည်​လည်း ထာဝရဘုရား​၏​နာမ​ကို ခေါ်​မည်​။ မီး​ဖြင့် ထူး​တော်မူ​သော​ဘုရား​သည် ဘုရားသခင်​မှန်​ပါစေ​”​ဟု ဆို​၏​။ လူ​အပေါင်း​တို့​က​လည်း “​ကောင်း​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။