တစ်ဖန် ဧလိယက၊ ထာဝရဘုရား၏ပရောဖက်ကား ငါတစ်ယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရောဖက်ကား လေးရာငါးဆယ် ရှိကြ၏။ နွားနှစ်ကောင်ကိုပေးကြလော့။ သူတို့သည် တစ်ကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတစ်ကောင်ကိုလုပ်၍ ထင်းပေါ်မှာတင်မည်။ မီးကိုမထည့်။ သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏နာမတော်ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။
၃ ဓမ္မရာဇဝင် 18 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၃ ဓမ္မရာဇဝင် 18:22-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ