YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 4:8-16

၁ ရှင်ယောဟန် 4:8-16 Judson Bible (JBMLE)

ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။- သား​တော်​အား​ဖြင့် ငါ​တို့​သည် အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​သော သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​အ​ရာ၌၊ ငါ​တို့​ကို ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ထင်​ရှား​လျက်​ရှိ၏။- ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။- ချစ်​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်။- ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ​မ​မြင်​စ​ဖူး။ သို့​သော်​လည်း၊ အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ၍၊ ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ၏။- ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို ငါ​တို့​အား ပေး​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ တည်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။- လော​ကီ​သား​တို့​ကို ကယ်​တင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ခ​မည်း​တော်​သည် သား​တော်​ကို စေ​လွှတ်​တော်​မူ​သည်​ဟု ငါ​တို့​သည် သိ​မြင်၍ သက်​သေ​ခံ​ကြ၏။ ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၌ တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌​တည်​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။

၁ ရှင်ယောဟန် 4:8-16 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ သို့​ဖြစ်​၍​မေတ္တာ​ကင်း​မဲ့​သူ​သည်​ဘု​ရား သ​ခင်​ကို​မ​သိ။- ငါ​တို့​သည်​သား​တော်​အား​ဖြင့်​အ​သက်​ကို ရ​ရှိ​ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ တစ်​ပါး​တည်း​သော​သား​တော်​ကို​ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အ​ပေါ် ၌​မိ​မိ​ထား​ရှိ​သော​မေတ္တာ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​၏။- မေတ္တာ​ဟု​ဆို​ရာ​၌​ဘု​ရား​သခင်​အ​တွက်​ငါ တို့​ထား​ရှိ​သည့်​မေတ္တာ​ကို​မ​ဆို​လို။ ငါ​တို့​သည် အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့်​ရ​ရှိ​၍ ပူ​ဇော်​ဆက် ကပ်​တော်​မူ​သော​သား​တော်​ကို​စေ​လွှတ်​တော် မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​မေတ္တာ​တော်​ကို​ဆို​လို​ပေ​သည်။ ချစ်​ဆွေ​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ဤ​မျှ​ချစ်​တော်​မူ​လျှင်​ငါ​တို့​သည်​အ​ချင်း ချင်း​ချစ်​သင့်​ကြ​၏။- အ​ဘယ်​သူ​မျှ​ဘု​ရား​သ​ခင်​ကို​မ​တွေ့​မ​မြင် စ​ဖူး။ သို့​ရာ​တွင်​ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ် ကြ​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​လျက် ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​ငါ​တို့​၌​ပြည့်​ဝ​စုံ​လင်​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​အား​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ​သော​ကြောင့် ငါ​တို့​သည်​ကိုယ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၍​ကိုယ်​တော်​သည်​လည်း ငါ​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော်​မူ ကြောင်း​ငါ​တို့​သေ​ချာ​စွာ​သိ​ကြ​၏။- ခ​မည်း​တော်​သည်​သား​တော်​အား​လော​က​ကို ကယ်​တင်​ရန်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ငါ တို့​တွေ့​မြင်​ရ​၍​သက်​သေ​ခံ​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။- ငါ​တို့​အ​ပေါ်​ဘု​ရား​သ​ခင်​မေတ္တာ​ထား​ရှိ တော်​မူ​ကြောင်း​ငါ​တို့​ကိုယ်​တိုင်​သိ​၍​ယုံ ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင်​သည် လည်း​ထို​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော် မူ​၏။

၁ ရှင်ယောဟန် 4:8-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချစ်​ခြင်း​မေတ္တာ​မ​ရှိ​သော​သူ​သည် ဘုရားသခင်​ကို​မ​သိ။ အကြောင်းမူကား ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ငါ​တို့​သည် သား​တော်​အားဖြင့် အသက်ရှင်​ကြ​စေရန် ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို ဤ​လောက​သို့ စေလွှတ်​တော်မူ​၏။ ဤသို့ဖြင့် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်ရှား​၏။ ငါ​တို့​သည် ဘုရားသခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘုရားသခင်​က​သာ ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​အဖြစ် မိမိ​၏​သား​တော်​ကို စေလွှတ်​တော်မူ​၏။ ဤ​အမှုအရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။ ချစ်​ရ​သော​သူ​တို့၊ ဘုရားသခင်​သည် ငါ​တို့​ကို ဤမျှလောက်​ချစ်​တော်မူ​လျှင် ငါ​တို့​သည်​လည်း အချင်းချင်း​ချစ်​သင့်​၏။ ဘုရားသခင်​ကို မည်သူမျှ မ​မြင်​ဖူး​သော်လည်း ငါ​တို့​အချင်းချင်း​ချစ်​ကြ​လျှင် ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​၍ ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။ ဘုရားသခင်​သည် မိမိ​၏​ဝိညာဉ်​တော်​ကို ငါ​တို့​အား​ပေး​တော်မူ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။ မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။ ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။