YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:8-16

ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:8-16 MSBU

ချစ်​ခြင်း​မေတ္တာ​မ​ရှိ​သော​သူ​သည် ဘုရားသခင်​ကို​မ​သိ။ အကြောင်းမူကား ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ငါ​တို့​သည် သား​တော်​အားဖြင့် အသက်ရှင်​ကြ​စေရန် ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို ဤ​လောက​သို့ စေလွှတ်​တော်မူ​၏။ ဤသို့ဖြင့် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်ရှား​၏။ ငါ​တို့​သည် ဘုရားသခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘုရားသခင်​က​သာ ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​အဖြစ် မိမိ​၏​သား​တော်​ကို စေလွှတ်​တော်မူ​၏။ ဤ​အမှုအရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။ ချစ်​ရ​သော​သူ​တို့၊ ဘုရားသခင်​သည် ငါ​တို့​ကို ဤမျှလောက်​ချစ်​တော်မူ​လျှင် ငါ​တို့​သည်​လည်း အချင်းချင်း​ချစ်​သင့်​၏။ ဘုရားသခင်​ကို မည်သူမျှ မ​မြင်​ဖူး​သော်လည်း ငါ​တို့​အချင်းချင်း​ချစ်​ကြ​လျှင် ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​၍ ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။ ဘုရားသခင်​သည် မိမိ​၏​ဝိညာဉ်​တော်​ကို ငါ​တို့​အား​ပေး​တော်မူ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။ မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။ ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။

​ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:8-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။