YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 4:1-6

၁ ရှင်ယောဟန် 4:1-6 Judson Bible (JBMLE)

ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။- ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​ဘယ်​သို့ သိ​နိုင်​သ​နည်း​ဟူ​မူ​ကား၊ လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ဝန်​ခံ​သော ဝိ​ညာဉ်​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်၏။- လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ဝန်​မ​ခံ​သော​ဝိ​ညာဉ်​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့် မ​စပ်​ဆိုင်။ ထို​သို့​သော​ဝိ​ညာဉ်​ကား၊ သင်​တို့​သည် ကြား​ခဲ့​ပြီး​သည်​အ​တိုင်း ဤ​လော​က​သို့​လာ​မည်​ဖြစ်၍၊ ယ​ခု​ပင် လာ​လျက်​ရှိ​သော အ​န္တိ​ခ​ရစ်၏ ဝိ​ညာဉ်​ဖြစ်၏။- ချစ်​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ထို​သူ​တို့​ကို​လည်း အောင်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ဘက်၌​ရှိ​သော​သူ​သည် လော​က​ဘက်၌​ရှိ​သော​သူ​ထက် သာ၍​ကြီး​တော်​မူ၏။- ထို​သူ​တို့​သည် လော​က​နှင့်​စပ်​ဆိုင်​သော​ကြောင့်၊ လော​ကီ​အ​ကြောင်း​အ​ရာ​ကို ပြော​တတ်​ကြ၏။ လော​ကီ​သား​တို့​သည်​လည်း သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။- ငါ​တို့​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ဘု​ရား​သ​ခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စ​ကား​ကို နား​ထောင်​တတ်၏။ ဘု​ရား​သ​ခင်​နှင့် မ​စပ်​ဆိုင်​သော​သူ​သည် ငါ​တို့​စ​ကား​ကို နား​မ​ထောင်​တတ်။ ထို​အ​ရာ​ကို ငါ​တို့​သည်​ထောက်၍၊ သ​မ္မာ​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ မိ​စ္ဆာ​ဝိ​ညာဉ်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။

၁ ရှင်ယောဟန် 4:1-6 Common Language Bible (BCL)

ချစ်​ဆွေ​တို့၊ ဝိ​ညာဉ်​တော်​ခံ​ယူ​ရ​ရှိ​သည်​ဟု ဆို​သူ​တိုင်း​ကို​မ​ယုံ​ကြ​နှင့်။ သူ​တို့​ခံ​ယူ​ရ​ရှိ သည်​ဆို​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင် ၏​ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ဟုတ်​မ​ဟုတ်​စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​မိစ္ဆာ​ပ​ရော​ဖက်​များ​သည် နေ​ရာ တ​ကာ​သို့​ရောက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။- ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ဟုတ်​မ​ဟုတ် သင် တို့​သိ​ရှိ​နိုင်​မည့်​နည်း​ကား​ဤ​သို့​တည်း။ သ​ခင် ယေ​ရှု​သည်​လူ့​ဇာ​တိ​ကို​ခံ​ယူ​ကာ​ကြွ​လာ တော်​မူ​သည်​ဟု​ဝန်​ခံ​သူ​သည် ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​၏။- ယင်း​သို့​ဝန်​မ​ခံ​သူ​သည်​ကား ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​သူ​မ​ဟုတ်။ ထို​သူ​တွင်​ကိန်း​အောင်း သည့်​ဝိ​ညာဉ်​မှာ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။ ခ​ရစ်​တော်​၏​ရန်​သူ​ဝိ​ညာဉ်​သည် ဤ​လော​က သို့​ရောက်​ရှိ​လာ​မည်​ဖြစ်​ကြောင်း၊ သင်​တို့​ကြား သိ​ခဲ့​ကြ​၏။ သူ​သည်​ယ​ခု​ပင်​လျှင်​ရောက်​ရှိ လျက်​နေ​လေ​ပြီ။ သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘက်​တော်​သား​များ​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက် များ​ကို​အ​နိုင်​ရ​ခဲ့​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သင်​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သော ဝိ​ညာဉ်​တော်​သည်​လော​က​သား​တို့​တွင်​ကိန်း ဝပ်​သော​ဝိ​ညာဉ်​ထက်​ကြီး​မြတ်​တော်​မူ​သော ကြောင့်​တည်း။- မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​လော​က​နှင့်​ဆိုင်​သော သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​လော​ကီ​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ လော​က​သား တို့​သည်​လည်း​သူ​တို့​၏​စ​ကား​ကို​နား​ထောင် ကြ​၏။- သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။

၁ ရှင်ယောဟန် 4:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။ ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်ခံ​သော​ဝိညာဉ်​တိုင်း​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ ဤသို့သော​အားဖြင့် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​သိ​ကြ​၏။ ယေရှု​ကို​ဝန်​မ​ခံ​သော​ဝိညာဉ်​တိုင်း​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ ထိုသို့​သော​ဝိညာဉ်​သည် လာ​တော့​မည်​ဟု သင်​တို့​ကြား​ခဲ့​သည့်​အတိုင်း ယခု ဤ​လောက​၌​ရှိ​နှင့်​ပြီ​ဖြစ်​သော ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​၏​ဝိညာဉ်​ဖြစ်​၏။ သားသမီး​တို့၊ သင်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၍ ထို​သူ​တို့​ကို​အောင်နိုင်​ကြ​ပြီ။ အကြောင်းမူကား သင်​တို့​ဘက်​၌​ရှိ​သော​သူ​သည် လောက​ဘက်​၌​ရှိ​သော​သူ​ထက် ကြီးမြတ်​တော်မူ​၏။ ထို​သူ​တို့​သည် လောက​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​သောကြောင့် လောက​နှင့်​စပ်ဆိုင်​သော​အရာ​ကို ပြောဆို​တတ်​ကြ​၏။ လောကီသား​တို့​သည်​လည်း သူ​တို့​ကို​နားထောင်​တတ်​ကြ​၏။ ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စကား​ကို​နားထောင်​တတ်​၏။ ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​သော​သူ​သည် ငါ​တို့​စကား​ကို​နားမထောင်​တတ်။ ဤသို့သော​အားဖြင့် ငါ​တို့​သည် သမ္မာတရား​၏​ဝိညာဉ်​နှင့် မှားယွင်း​ခြင်း​၏​ဝိညာဉ်​ကို သိ​ရ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။