YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ယော 4:1-6

၁ ယော 4:1-6 BCL

ချစ်​ဆွေ​တို့၊ ဝိ​ညာဉ်​တော်​ခံ​ယူ​ရ​ရှိ​သည်​ဟု ဆို​သူ​တိုင်း​ကို​မ​ယုံ​ကြ​နှင့်။ သူ​တို့​ခံ​ယူ​ရ​ရှိ သည်​ဆို​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင် ၏​ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ဟုတ်​မ​ဟုတ်​စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​မိစ္ဆာ​ပ​ရော​ဖက်​များ​သည် နေ​ရာ တ​ကာ​သို့​ရောက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။- ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ဟုတ်​မ​ဟုတ် သင် တို့​သိ​ရှိ​နိုင်​မည့်​နည်း​ကား​ဤ​သို့​တည်း။ သ​ခင် ယေ​ရှု​သည်​လူ့​ဇာ​တိ​ကို​ခံ​ယူ​ကာ​ကြွ​လာ တော်​မူ​သည်​ဟု​ဝန်​ခံ​သူ​သည် ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​၏။- ယင်း​သို့​ဝန်​မ​ခံ​သူ​သည်​ကား ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​သူ​မ​ဟုတ်။ ထို​သူ​တွင်​ကိန်း​အောင်း သည့်​ဝိ​ညာဉ်​မှာ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။ ခ​ရစ်​တော်​၏​ရန်​သူ​ဝိ​ညာဉ်​သည် ဤ​လော​က သို့​ရောက်​ရှိ​လာ​မည်​ဖြစ်​ကြောင်း၊ သင်​တို့​ကြား သိ​ခဲ့​ကြ​၏။ သူ​သည်​ယ​ခု​ပင်​လျှင်​ရောက်​ရှိ လျက်​နေ​လေ​ပြီ။ သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘက်​တော်​သား​များ​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက် များ​ကို​အ​နိုင်​ရ​ခဲ့​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သင်​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သော ဝိ​ညာဉ်​တော်​သည်​လော​က​သား​တို့​တွင်​ကိန်း ဝပ်​သော​ဝိ​ညာဉ်​ထက်​ကြီး​မြတ်​တော်​မူ​သော ကြောင့်​တည်း။- မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​လော​က​နှင့်​ဆိုင်​သော သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​လော​ကီ​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ လော​က​သား တို့​သည်​လည်း​သူ​တို့​၏​စ​ကား​ကို​နား​ထောင် ကြ​၏။- သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။