YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 2:18-27

၁ ရှင်ယောဟန် 2:18-27 Judson Bible (JBMLE)

ချစ်​သား​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်၏။ ခ​ရစ်​တော်၏ ရန်​သူ​တည်း​ဟူ​သော အ​န္တိ​ခ​ရစ် ပေါ်​လာ​ကြောင်း​ကို သင်​တို့​ကြား​ရ​သည်​အ​တိုင်း၊ ယ​ခု​ပင် အ​န္တိ​ခ​ရစ်​အ​များ​ရှိ​ကြ၏။ ထို​ကြောင့်၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို သိ​ရ၏။- ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။- သင်​တို့​သည် သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ ဘိ​သိက်​ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ခပ်​သိမ်း​သော အ​ရာ​တို့​ကို သိ​ကြ၏။- သ​မ္မာ​တ​ရား​ကို သင်​တို့​မ​သိ​သော​ကြောင့်၊ ငါ​ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်။ သင်​တို့​သည် သ​မ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​ရှိ​သ​မျှ​တို့​သည် သ​မ္မာ​တ​ရား​နှင့် မ​စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ သိ​သော​ကြောင့် ငါ​ရေး၍​ပေး​လိုက်၏။- မု​သား​ကို​သုံး​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယေ​ရှု​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ငြင်း​ပယ်​သော​သူ ဖြစ်​သ​တည်း။ ခ​မည်း​တော်​နှင့် သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် အ​န္တိ​ခ​ရစ်​ဖြစ်၏။- သား​တော်​ကို ငြင်း​ပယ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​မ​သိ။ သား​တော်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​သိ၏။- ထို​ကြောင့်၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော ဒေ​သ​နာ​ကို သင်​တို့၌ တည်​စေ​ကြ​လော့။ ထို​ဒေ​သ​နာ​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည် သား​တော်၌​လည်း​ကောင်း၊ ခ​မည်း​တော်၌​လည်း​ကောင်း၊ တည်​ရ​ကြ​လိမ့်​မည်။ ငါ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို ဝန်​ခံ​တော်​မူ​သော က​တိ​တော်​ပေ​တည်း။- သင်​တို့​ကို လှည့်​ဖြား​သော​သူ​တို့၏​အ​ကြောင်း​ကို ဤ​သို့ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- သို့​သော်​လည်း သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ သင်​တို့​ခံ​ရ​သော ဘိ​သိက်​ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ သင်​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စ​ရာ အ​ကြောင်း​မ​ရှိ။ ထို​ဘိ​သိက် ကျေး​ဇူး​တော်​သည် ဖြစ်​ယောင်​ဆောင်​သည် မ​ဟုတ်၊ အ​မှန်​ဖြစ်​လျက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​အား သွန်​သင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သား​တော်၌ တည်​နေ​ကြ​လော့။

၁ ရှင်ယောဟန် 2:18-27 Common Language Bible (BCL)

သား​သ​မီး​တို့၊ အ​ဆုံး​စွန်​သော​ကာ​လ​သည် ယ​ခု​နီး​လာ​လေ​ပြီ။ ခ​ရစ်​တော်​၏​ရန်​သူ​ပေါ် ပေါက်​လာ​မည်​ဖြစ်​ကြောင်း​ကို​သင်​တို့​ကြား​သိ ခဲ့​ကြ​၏။ ယ​ခု​ပင်​လျှင်​ခ​ရစ်​တော်​၏​ရန်​သူ အ​များ​အ​ပြား​ပေါ်​ပေါက်​လျက်​ရှိ​လေ​ပြီ။ ဤ အ​ချက်​ကို​ထောက်​၍​အဆုံး​စွန်​သော​ကာ​လ ရောက်​လာ​ကြောင်း​ကို​ငါ​တို့​သိ​ရ​ကြ​၏။- ထို​သူ​တို့​သည်​အ​မှန်​စင်​စစ်​အ​ဘယ်​အ​ခါ​က​မျှ ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ​ဝင်​ခဲ့​ကြ​သ​ဖြင့် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ အ​ကယ်​၍​သူ တို့​သည်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​ပါ​ဝင်​ခဲ့​ပါ​မူ ငါ​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​မည်​ဖြစ်​၏။ သူ​တို့ သည်​အ​မှန်​ပင်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ ဝင်​ကြောင်း​သိ​သာ​ထင်​ရှား​စေ​ရန် သူ​တို့​သည် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​သင်​တို့​အ​ပေါ်​သန့် ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း​တော်​မူ သည်​ဖြစ်​၍ သင်​တို့​အ​ပေါင်း​သည်​သမ္မာ​တ​ရား ကို​သိ​ကြ​ပေ​သည်။- သင်​တို့​ထံ​ငါ​စာ​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ သမ္မာ​တ​ရား​ကို​သင်​တို့​မ​သိ​ကြ​၍​မ​ဟုတ်။ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​စ​ကား သည် သမ္မာ​တ​ရား​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင် သည်​ကို​လည်း​ကောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။ ထို့​ကြောင့်​အ​ဘယ်​သူ​သည်​မု​သား​စ​ကား​ကို ပြော​သ​နည်း။ သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ မ​ဟုတ်​ဟု​ပြော​ဆို​သူ​သည်​မု​သား​စ​ကား ကို​ပြော​၏။ ထို​ကဲ့​သို့​သော​သူ​သည်​ခ​ရစ်​တော် ၏​ရန်​သူ​ဖြစ်​၏။ သူ​သည်​ခ​မည်း​တော်​နှင့် သား​တော်​ကို​ပစ်​ပယ်​သူ​ဖြစ်​၏။- သား​တော်​ကို​ပစ်​ပယ်​သူ​သည်​ခ​မည်း​တော်​ကို လည်း​ပစ်​ပယ်​သူ​ဖြစ်​၏။ သား​တော်​ကို​လက်​ခံ သူ​သည်​ခ​မည်း​တော်​ကို​လည်း​လက်​ခံ​သူ ဖြစ်​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​စ​က​ပင်​ကြား​နာ​ခဲ့ ကြ​သည့်​တ​ရား​တော်​ကို​မိ​မိ​တို့​၏​စိတ်​နှ​လုံး တွင်​ထိန်း​သိမ်း​ထား​ကြ​လော့။ ယင်း​သို့​ပြု​ပါ​မူ သင်​တို့​သည်​သား​တော်​နှင့်​လည်း​ကောင်း၊ ခ​မည်း တော်​နှင့်​လည်း​ကောင်း​ထာ​ဝ​စဉ်​တစ်​လုံး​တစ်​ဝ တည်း​တည်​ရှိ​ကြ​လိမ့်​မည်။- ဤ​ကား​ငါ​တို့​အား​ခ​ရစ်​တော်​ကိုယ်​တော်​တိုင် က​တိ​ထား​တော်​မူ​သော​ထာ​ဝ​ရ​အသက် ပေ​တည်း။ သင်​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​ရန်​ကြိုး​စား သူ​တို့​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း အ​ရာ​များ​ကို​ငါ​စာ​ရေး​လိုက်​၏။- သင်​တို့​မူ​ကား​ခ​ရစ်​တော်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို​သင်​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ ပြီ။ ဝိ​ညာဉ်​တော်​သည်​သင်​တို့​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​လျက်​နေ​တော်​မူ​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​အား​အ​ခြား​အ​ဘယ်​အ​ရာ​မျှ သွန်​သင်​ပေး​စ​ရာ​မ​လို။ အ​ဘယ်​ကြောင့်​ဆို သော်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို​သွန်​သင်​ပေး တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သွန်​သင် တော်​မူ​သော​အ​ရာ​တို့​သည်​မှန်​ကန်​၍​အ​မှား မ​ရှိ။ ထို့​ကြောင့်​သင်​တို့​သည်​ဝိ​ညာဉ်​တော်​သွန် သင်​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​လော့။ ခရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​ကြ လော့။

၁ ရှင်ယောဟန် 2:18-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သားသမီး​တို့၊ ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​၏။ ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ရောက်လာ​တော့မည်​ဟု သင်​တို့​ကြား​ရ​သည့်​အတိုင်း ယခု​ပင် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​အမြောက်အမြား​ပေါ်​လာ​ကြ​ပြီ။ ထို့ကြောင့် ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။ ထို​သူ​တို့​သည် ငါ​တို့​ထံမှ ထွက်သွား​ကြ​၏။ သို့သော် သူ​တို့​သည် ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်။ ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မှန်လျှင် ငါ​တို့​နှင့်အတူ​နေ​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့ရာတွင် သူ​တို့​ထွက်သွား​ကြ​သည်မှာ သူ​တို့​အားလုံး ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်​ကြောင်း ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်​၏။ သင်​တို့​မူကား သန့်ရှင်း​တော်မူ​သော​အရှင်​ထံမှ ဘိသိက်​ကျေးဇူး​ကို ခံစား​ရ​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ကို​သိ​ကြ​၏။ သင်​တို့​သည် သမ္မာတရား​ကို​မ​သိ​ကြ​သောကြောင့် မ​ဟုတ်​ဘဲ သမ္မာတရား​ကို​လည်းကောင်း၊ လိမ်လည်​ခြင်း​ရှိသမျှ​တို့​သည် သမ္မာတရား​နှင့်​မ​စပ်ဆိုင်​သည်​ကို​လည်းကောင်း သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ လိမ်လည်​သော​သူ​ကား မည်သူ​နည်း။ ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ငြင်းပယ်​သော​သူ​မ​ဟုတ်​လော။ ခမည်းတော်​နှင့်​သား​တော်​ကို ငြင်းပယ်​သော​သူ​သည် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ဖြစ်​၏။ သား​တော်​ကို​ငြင်းပယ်​သော​သူ​ရှိသမျှ​တို့​သည် ခမည်းတော်​ကို​မ​ရ။ သား​တော်​ကို​ဝန်ခံ​သော​သူ​သည် ခမည်းတော်​ကို​ရ​၏။ အစအဦး​ကပင် သင်​တို့​ကြားနာ​ခဲ့​သော​အရာ​ကို သင်​တို့​၌​တည်​စေ​ကြ​လော့။ ထိုသို့ အစအဦး​ကပင် သင်​တို့​ကြားနာ​ခဲ့​သော​အရာ​သည် သင်​တို့​၌​တည်​လျှင် သင်​တို့​သည်​လည်း သား​တော်​၌​လည်းကောင်း၊ ခမည်းတော်​၌​လည်းကောင်း တည်​ကြ​လိမ့်မည်။ ဤသည်ကား ငါ​တို့​အား ကိုယ်တော်​ပေး​တော်မူ​သည့် ကတိ​တော်​တည်းဟူသော ထာဝရ​အသက်​ဖြစ်​၏။ သင်​တို့​ကို​လှည့်ဖြား​သော​သူ​တို့​နှင့်​ပတ်သက်၍ ဤ​အကြောင်းအရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။