ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိရ၏။- ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူ နေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ၊ ငါတို့ထံမှ ထွက်သွားကြ၏။- သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏လက်မှ ဘိသိက်ကျေးဇူးတော်ကို ခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။- သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရားကိုလည်းကောင်း၊ မုသားရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကိုလည်းကောင်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။- မုသားကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။- သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။- ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း၊ တည်ရကြလိမ့်မည်။ ငါတို့အား ပေးတော်မူသော ကတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ကတိတော်ပေတည်း။- သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။- သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည် မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။
၁ ရှင်ယောဟန် 2 ကိုဖတ်ပါ။
နားထောင်ပါ။ ၁ ရှင်ယောဟန် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရှင်ယောဟန် 2:18-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ