၁ ကောရိန္သု 7:8-9
၁ ကောရိန္သု 7:8-9 Judson Bible (JBMLE)
ထိုကြောင့် မယားမရှိသောသူတို့နှင့် မုဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။- သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဖက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ် ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်း ပြုသော် သာ၍ကောင်း၏။
၁ ကောရိန္သု 7:8-9 Common Language Bible (BCL)
သို့ဖြစ်၍အိမ်ထောင်မရှိသူများနှင့်မုဆိုးမ များအား ငါကဲ့သို့တစ်ကိုယ်တည်းဆက်လက်နေ ထိုင်နိုင်လျှင်ပို၍ကောင်းလိမ့်မည်။- သို့သော်သင်တို့၏စိတ်ကိုမချုပ်တည်းနိုင်လျှင်မူ ကား အိမ်ထောင်ပြုကြလော့။ စိတ်ပူလောင်ခြင်းရှိ သည်ထက်အိမ်ထောင်ပြုခြင်းကပို၍ကောင်းလိမ့် မည်။
၁ ကောရိန္သု 7:8-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အိမ်ထောင်မရှိသောယောက်ျားနှင့်မုဆိုးမတို့အား ငါဆိုသည်ကား သူတို့သည် ငါကဲ့သို့ဆက်၍နေနိုင်လျှင် သူတို့အတွက်ကောင်း၏။ သို့သော် မိမိကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ အကြောင်းမူကား ကိလေသာစိတ်ပူလောင်ခြင်းရှိသည်ထက် အိမ်ထောင်ပြုသော် သာ၍ကောင်း၏။