YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 7

7
ထိမ်း​မြားစုံဖက်​ခြင်း​ပြ​ဿ​နာ
1သင်​တို့​သည် ငါ့​ထံ​သို့​ပေး​လိုက်​သော​စာ၌ ပါ​သော​အ​ရာ​မှာ၊ ယောက်ျား​သည် မိန်း​မ​နှင့်​မ​ဆက်​ဆံ​ဘဲ​နေ​လျှင်၊- 2ကောင်း​သော်​လည်း၊ မ​တ​ရား​သော​မေ​ထုန်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ယောက်ျား​တိုင်း မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​တိုင်း မိ​မိ​လင်​ရှိ​စေ​လော့။- 3ယောက်ျား​သည် ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​မ​ယား​အား ပြု​စေ​လော့။ ထို​နည်း​တူ၊ မိန်း​မ​သည်​လည်း ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​လင်​အား ပြု​စေ​လော့။- 4မိန်း​မ​သည် မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ လင်​သည်​ပိုင်၏။ ထို​နည်း​တူ ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ မ​ယား​သည်​ပိုင်၏။- 5အ​ချင်း​ချင်း​ခင်​ပွန်း​ဝတ်​ကို မ​ပယ်​မ​ရှောင်​ကြ​နှင့်။ ထို​သို့​ဆို​သော်၊ ဆု​တောင်း​ခြင်း​ဝတ်​ကို ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သ​ဘော​တူ၍ ခင်​ပွန်း​ဝတ်​ကို ခ​ဏ​မျှ​မ​ရှောင်​ရ​ဟု မ​ဆို​လို။ ထို​သို့​ရှောင်​လျှင်၊ ကိုယ်​ကို မ​ချုပ်​တည်း​နိုင်​သော​အား​ဖြင့် စာ​တန်​သည် အ​ပြစ်​သို့ သွေး​ဆောင်​ရ​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် အ​တူ​နေ​ကြ​လော့။- 6သို့​ရာ​တွင် ပ​ညတ်​မ​ထား​ဘဲ အ​ခွင့်​ပေး​ခြင်း​အား​ဖြင့်​သာ ငါ​ဆို၏။- 7လူ​အ​ပေါင်း​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ သို့​သော်​လည်း၊ လူ​အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သည်​အ​တိုင်း အ​သီး​အ​သီး​သော ဆု​ကျေး​ဇူး​ကို ခံ​ရ​ကြ၏။- 8ထို​ကြောင့် မ​ယား​မ​ရှိ​သော​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို ငါ​ဆို​သည်​ကား၊ ထို​သူ​တို့​သည် ငါ​ကဲ့​သို့​နေ​လျှင် ကောင်း၏။- 9သို့​သော်​လည်း၊ ကာ​မ​ဂုဏ်​ကို မ​ချုပ်​တည်း​နိုင်​လျှင် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို ပြု​ကြ​စေ။ ကိ​လေ​သာ​စိတ် ပူ​ပန်​ခြင်း​ရှိ​သည်​ထက် ထိမ်း​မြား​စုံ​ဖက်​ခြင်း ပြု​သော် သာ၍​ကောင်း၏။
10ခင်​ပွန်း​ရှိ​သော သူ​တို့​ကို​လည်း၊ ငါ​ပ​ညတ်​သည် သာ​မ​က၊ သ​ခင်​ဘု​ရား ပ​ညတ်​တော်​မူ​သည်​ကား၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း​ကို မ​စွန့်​ပစ်​စေ​နှင့်။- 11စွန့်​ပစ်​လျှင် ခင်​ပွန်း​မ​ရှိ​ဘဲ​နေ​စေ။ သို့​မ​ဟုတ်​လျှင်၊ ခင်​ပွန်း​ဟောင်း​ထံ​သို့ ပြန်၍ အ​သင့်​အ​တင့်​နေ​စေ။ ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​နှင့် မ​ကွာ​စေ​နှင့်။-#မ၊ ၅:၃၂၊ ၁၉:၉။ မာ၊ ၁၀:၁၁-၁၂။ လု၊ ၁၆:၁၈။ 12ကြွင်း​သော​သူ​တို့​ကို သ​ခင်​ဘု​ရား​သည် ကိုယ်​တိုင်​မ​ပ​ညတ်​ဘဲ၊ ငါ​ပ​ညတ်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော ညီ​အစ်​ကို​သည် မ​ယုံ​ကြည်​သော မ​ယား​ရှိ၍၊ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​နှင့် နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။- 13ထို​နည်း​တူ မိန်း​မ​သည်​လည်း၊ မ​ယုံ​ကြည်​သော ခင်​ပွန်း​ရှိ၍၊ ထို​ခင်​ပွန်း​သည် မိ​မိ​မ​ယား​နှင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။- 14အ​ကြောင်း​မူ​ကား၊ မ​ယုံ​ကြည်​သော​လင်​သည် မိ​မိ​မ​ယား​အ​ဖို့ စင်​ကြယ်၏။ မ​ယုံ​ကြည်​သော မ​ယား​သည်​လည်း မိ​မိ​လင်​အ​ဖို့ စင်​ကြယ်၏။ သို့​မ​ဟုတ်​လျှင် သင်​တို့၏ သား​သ​မီး​သည် မ​စင်​ကြယ်။ ယ​ခု​တွင် စင်​ကြယ်​ကြ၏။- 15သို့​သော်​လည်း မ​ယုံ​ကြည်​သော​သူ​သည် ကွာ​သွား​လို​လျှင် ကွာ​သွား​စေ။ ထို​သို့​ပြု​လျှင် တ​ပည့်​တော်​သည် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ချည်​နှောင်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​သင့်​အ​တင့်​နေ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ရှိ၏။- 16အ​ချင်း​မိန်း​မ၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်၊ မ​ကယ်​တင်​မည်​ကို အ​ဘယ်​သို့ သိ​သ​နည်း။ အ​ချင်း​ယောက်ျား၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်။ မ​ကယ်​တည်​မည်​ကို အ​ဘယ်​သို့​သိ​သ​နည်း။
ခေါ်​တော်​မူ​သည်​နှင့်​လျော်​စွာ​ကျင့်​ခြင်း
17သ​ခင်​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား ဝေ​ငှ​တော်​မူ၍၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​ကို ခေါ်​တော်​မူ​သည်​နှင့်​လျော်​စွာ လူ​တိုင်း​ကျင့်​နေ​စေ။ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ထို​သို့​ငါ​ပ​ညတ်၏။- 18အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​သည် ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​စွန့်​စေ​နှင့်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​နှင့်။- 19အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​အား​ဖြင့်​လည်း အ​ကျိုး​မ​ရှိ။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း​အား​ဖြင့်​သာ အ​ကျိုး​ရှိ၏။- 20ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ​သည် အ​ကြင်​အ​မှု​ကို လုပ်​နေ၏။ ထို​သို့ လူ​တိုင်း​လုပ်​နေ​စေ။- 21အ​စေ​ခံ​ကျွန်​ဖြစ်၍ ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​လျှင် စိုး​ရိမ်​ခြင်း​မ​ရှိ​နှင့်။ သို့​သော်​လည်း လွတ်​ခြင်း​သို့ ရောက်​နိုင်​လျှင် လွတ်​ရ​သော​အ​ခွင့်​ကို သာ၍ သုံး​ဆောင်​လော့။- 22အ​ကြောင်း​မူ​ကား ကျွန်​ဖြစ်​စဉ်၊ သ​ခင်​ဘု​ရား ခေါ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် သ​ခင်​ဘု​ရား၏ လူ​လွတ်​ဖြစ်၏။ ထို​နည်း​တူ လူ​လွတ်​ဖြစ်​စဉ်၊ ခေါ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ခ​ရစ်​တော်၏​ကျွန်​ဖြစ်၏။- 23သင်​တို့​သည် အ​ဖိုး​နှင့်​ဝယ်​တော်​မူ​သော​သူ ဖြစ်၍၊ လူ​ထံ၌ အ​လို​အ​လျောက်​ကျွန်​မ​ခံ​ကြ​နှင့်။- 24ညီ​အစ်​ကို​တို့၊ ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ​သည် အ​ကြင်​အ​မှု​ကို လုပ်​နေ၏။ ထို​သို့ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​တိုင်း​လုပ်​နေ​စေ။
ခင်​ပွန်း​မ​ရှိ​သူ​တို့​နှ​င့်​မု​ဆိုး​မ​များ
25ခင်​ပွန်း​မ​ရှိ​သော​သူ​တို့၏ အ​မှု​မှာ၊ သ​ခင်​ဘု​ရား၏​ပ​ညတ်​တော်​သည် ငါ၌​မ​ရှိ​သော်​လည်း၊ ငါ​သည် သ​စ္စာ​ရှိ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​သူ​ကဲ့​သို့ စီ​ရင်၏။- 26စီ​ရင်​ချက်​ဟူ​မူ​ကား၊ ယ​ခု ညှဉ်း​ဆဲ​ခြင်း အ​ကြောင်း​ကြောင့် ခင်​ပွန်း​မ​ရှိ​လျှင် ကောင်း၏။- 27သင်​သည်​မ​ယား​ရှိ​လျှင် လွတ်​စေ​ခြင်း​ငှာ မ​ကြံ​စည်​နှင့်။ မ​ယား​နှင့်​လွတ်​လျှင် အ​ခြား​သော​မ​ယား​ကို မ​ရှာ​နှင့်။- 28သို့​သော်​လည်း သင်​သည် မ​ယား​နေ​လျှင် အ​ပြစ်​မ​ရှိ။ လင်​မ​နေ​ဖူး​သော မိန်း​မ​သည်​လည်း လင်​နေ​လျှင် အ​ပြစ်​မ​ရှိ။ သို့​သော်​လည်း၊ ထို​သို့​ပြု​သော​သူ​တို့​သည် လော​က​ညှဉ်း​ဆဲ​ခြင်း​ဒု​က္ခ​ကို ခံ​ရ​ကြ​မည်။ ဤ​အ​မှု​အ​ရာ၌ ကျပ်​တည်း​စွာ​သော ပ​ညတ်​ကို ငါ​မ​ထား​လို။- 29ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ ကျန်​ကြွင်း​သော ကာ​လ​သည် ကျဉ်း​ကျပ်​သည်​ဖြစ်၍၊ မ​ယား​ရှိ​သော​သူ​သည် မ​ယား​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။- 30ငို​ကြွေး​သော​သူ​သည် မ​ငို​ကြွေး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဝမ်း​မြောက်​သော​သူ​သည် ဝမ်း​မ​မြောက်​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဥ​စ္စာ​ဝယ်​သော​သူ​သည် အ​လျှင်း​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။- 31ဤ​လော​က​ကို သုံး​သော​သူ​သည် မ​သုံး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က၏​အ​ဆင်း​သ​ဏ္ဌာန်​သည် ရွေ့​သွား ကွယ်​ပျောက်​တတ်၏။- 32သင်​တို့​သည် စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ခင်​ပွန်း​မ​ရှိ​သော​သူ​သည် သ​ခင်​ဘု​ရား၏ စိတ်​တော်​နှင့်​တွေ့​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏​အ​မှု​ကို​သာ သ​တိ​ထား​တတ်၏။- 33ခင်​ပွန်း​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​မ​ယား၏​စိတ်​နှင့် တွေ့​စေ​ခြင်း​ငှာ လော​ကီ​အ​မှု​ကို သ​တိ​ထား​တတ်၏။- 34ထို​နည်း​တူ၊ ခင်​ပွန်း​မ​ရှိ​သော​မိန်း​မ​နှင့် ခင်​ပွန်း​ရှိ​သော မိန်း​မ​သည် ခြား​နား​ခြင်း​ရှိ၏။ ခင်​ပွန်း​မ​ရှိ​သော မိန်း​မ​သည် ကိုယ်​ခ​န္ဓာ​စိတ်​ဝိ​ညာဉ်​နှစ်​ပါး​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏​အ​မှု​ကို​သာ သ​တိ​ထား​တတ်၏။ ခင်​ပွန်း​ရှိ​သော​မိန်း​မ​မူ​ကား၊ မိ​မိ​ခင်​ပွန်း၏​စိတ်​နှင့် တွေ့​စေ​ခြင်း​ငှာ လော​ကီ​အ​မှု​ကို သ​တိ​ထား​တတ်၏။- 35ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​အ​ကျိုး​ကို​သာ ထောက်၍​ဆို၏။ သင်​တို့​ကို နှောင့်​ယှက်​ချင်​သော​စိတ်​နှင့် ဆို​သည်​မ​ဟုတ်။ သင်​တို့​သည် လျောက်​ပတ်​စွာ​ကျင့်၍ စိတ်​ရှုပ်​ထွေး​ခြင်း​မ​ရှိ​ဘဲ၊ သ​ခင်​ဘု​ရား၏​ဝတ်​ကို အ​မြဲ​ပြု​စေ​ခြင်း​ငှာ​သာ ဤ​သို့​ဆို၏။
36အ​ပျို​က​ညာ​သည် ခင်​ပွန်း​မ​ရှိ​ဘဲ အ​သက်​အ​ရွယ်​လွန်​လျှင် မ​လျောက်​ပတ်​ဟု ထို​အ​ပျို​က​ညာ​ကို ပိုင်​သော​သူ​သည် ထင်​မှတ်၍ ထိမ်း​မြား​စ​ရာ​အ​ကြောင်း​လည်း​ရှိ​လျှင်၊ ထို​သူ​သည် အ​လို​အ​လျောက်​ပြု​စေ။ အ​ပြစ်​မ​ရှိ ထိမ်း​မြား​ကြ​စေ။- 37သို့​သော်​လည်း မိ​မိ​စိတ်​နှ​လုံး​တည်​ကြည်​ခြင်း​ရှိ၍၊ ပြု​လို​သည်​အ​တိုင်း ပြု​နိုင်​သော​အ​ခွင့်​နှင့် ကိုယ်​စိတ်​အ​လို​ကို ချုပ်​တည်း​နိုင်​သော​အ​ခွင့် ရှိ​သော​ကြောင့်၊ မ​ထိမ်း​မြား​ဘဲ​နေ​မည်​ဟု ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ စီ​ရင်​ဆုံး​ဖြတ်​သော​သူ​သည် ကောင်း​စွာ​ပြု၏။- 38သို့​ရာ​တွင် မင်္ဂ​လာ​ဆောင်​သော​သူ​သည် ကောင်း​စွာ​ပြု၏။ မ​ဆောင်​သော​သူ​မူ​ကား၊ သာ၍ ကောင်း​စွာ​ပြု၏။
39မိန်း​မ​သည် မိ​မိ​ခင်​ပွန်း​မ​သေ​မီ ကာ​လ​ပတ်​လုံး တ​ရား​အား​ဖြင့် ချည်​နှောင်​လျက်​ရှိ၏။ ခင်​ပွန်း​သေ​လျှင်​မူ​ကား၊ မိ​မိ​အ​လို​အ​တိုင်း သ​ခင်​ဘု​ရား၌​သာ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ခြင်း​ငှာ အ​ခွင့်​ရှိ၏။ 40အ​ခွင့်​ရှိ​သော်​လည်း၊ အ​ခြား​သော​သူ၏ မ​ယား မ​ဖြစ်​ဘဲ​နေ​လျှင်၊ သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​သ​ဘော​ရှိ၏။ ငါ၌​လည်း ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​ရှိ​တော်​မူ​သည်​ဟု ငါ​စွဲ​လမ်း​ခြင်း​စိတ်​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

၁ ကောရိန္သု 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။