YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 7:4-5

၁ ကောရိန္သု 7:4-5 Judson Bible (JBMLE)

မိန်း​မ​သည် မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ လင်​သည်​ပိုင်၏။ ထို​နည်း​တူ ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ မ​ယား​သည်​ပိုင်၏။- အ​ချင်း​ချင်း​ခင်​ပွန်း​ဝတ်​ကို မ​ပယ်​မ​ရှောင်​ကြ​နှင့်။ ထို​သို့​ဆို​သော်၊ ဆု​တောင်း​ခြင်း​ဝတ်​ကို ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သ​ဘော​တူ၍ ခင်​ပွန်း​ဝတ်​ကို ခ​ဏ​မျှ​မ​ရှောင်​ရ​ဟု မ​ဆို​လို။ ထို​သို့​ရှောင်​လျှင်၊ ကိုယ်​ကို မ​ချုပ်​တည်း​နိုင်​သော​အား​ဖြင့် စာ​တန်​သည် အ​ပြစ်​သို့ သွေး​ဆောင်​ရ​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် အ​တူ​နေ​ကြ​လော့။

၁ ကောရိန္သု 7:4-5 Common Language Bible (BCL)

မ​ယား​သည်​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်။ လင်​သာ လျှင်​ပိုင်​၏။ ထို​နည်း​တူ​လင်​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​မ​ပိုင်။ မ​ယား​သာ​လျှင်​ပိုင်​၏။- သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။

၁ ကောရိန္သု 7:4-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မယား​သည် မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ လင်​ယောက်ျား​ကသာ​ပိုင်​၏။ ထို့အတူ လင်​ယောက်ျား​သည်​လည်း မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ မယား​က​သာ​ပိုင်​၏။ သင်​တို့​သည် ဆုတောင်း​ခြင်း​အတွက် အပြည့်အဝ​ဆက်ကပ်​နိုင်​မည့်​အကြောင်း ခေတ္တခဏ​ခွဲခွာ​ပြီးနောက် ပြန်၍​ပေါင်းသင်း​နေထိုင်​ရန် နှစ်ဦး​သဘော​တူညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အချင်းချင်း​၏​ခံစား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့မဟုတ်လျှင် စာတန်​သည် သင်​တို့​၏ မိမိကိုယ်ကို​မချုပ်တည်း​နိုင်​မှု​အပေါ် အခွင့်ကောင်း​ယူ​၍ သင်​တို့​အား ဖြားယောင်း​သွေးဆောင်​လိမ့်မည်။