YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 7:28-35

၁ ကောရိန္သု 7:28-35 Judson Bible (JBMLE)

သို့​သော်​လည်း သင်​သည် မ​ယား​နေ​လျှင် အ​ပြစ်​မ​ရှိ။ လင်​မ​နေ​ဖူး​သော မိန်း​မ​သည်​လည်း လင်​နေ​လျှင် အ​ပြစ်​မ​ရှိ။ သို့​သော်​လည်း၊ ထို​သို့​ပြု​သော​သူ​တို့​သည် လော​က​ညှဉ်း​ဆဲ​ခြင်း​ဒု​က္ခ​ကို ခံ​ရ​ကြ​မည်။ ဤ​အ​မှု​အ​ရာ၌ ကျပ်​တည်း​စွာ​သော ပ​ညတ်​ကို ငါ​မ​ထား​လို။- ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ ကျန်​ကြွင်း​သော ကာ​လ​သည် ကျဉ်း​ကျပ်​သည်​ဖြစ်၍၊ မ​ယား​ရှိ​သော​သူ​သည် မ​ယား​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။- ငို​ကြွေး​သော​သူ​သည် မ​ငို​ကြွေး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဝမ်း​မြောက်​သော​သူ​သည် ဝမ်း​မ​မြောက်​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဥ​စ္စာ​ဝယ်​သော​သူ​သည် အ​လျှင်း​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။- ဤ​လော​က​ကို သုံး​သော​သူ​သည် မ​သုံး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က၏​အ​ဆင်း​သ​ဏ္ဌာန်​သည် ရွေ့​သွား ကွယ်​ပျောက်​တတ်၏။- သင်​တို့​သည် စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ခင်​ပွန်း​မ​ရှိ​သော​သူ​သည် သ​ခင်​ဘု​ရား၏ စိတ်​တော်​နှင့်​တွေ့​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏​အ​မှု​ကို​သာ သ​တိ​ထား​တတ်၏။- ခင်​ပွန်း​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​မ​ယား၏​စိတ်​နှင့် တွေ့​စေ​ခြင်း​ငှာ လော​ကီ​အ​မှု​ကို သ​တိ​ထား​တတ်၏။- ထို​နည်း​တူ၊ ခင်​ပွန်း​မ​ရှိ​သော​မိန်း​မ​နှင့် ခင်​ပွန်း​ရှိ​သော မိန်း​မ​သည် ခြား​နား​ခြင်း​ရှိ၏။ ခင်​ပွန်း​မ​ရှိ​သော မိန်း​မ​သည် ကိုယ်​ခ​န္ဓာ​စိတ်​ဝိ​ညာဉ်​နှစ်​ပါး​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏​အ​မှု​ကို​သာ သ​တိ​ထား​တတ်၏။ ခင်​ပွန်း​ရှိ​သော​မိန်း​မ​မူ​ကား၊ မိ​မိ​ခင်​ပွန်း၏​စိတ်​နှင့် တွေ့​စေ​ခြင်း​ငှာ လော​ကီ​အ​မှု​ကို သ​တိ​ထား​တတ်၏။- ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​အ​ကျိုး​ကို​သာ ထောက်၍​ဆို၏။ သင်​တို့​ကို နှောင့်​ယှက်​ချင်​သော​စိတ်​နှင့် ဆို​သည်​မ​ဟုတ်။ သင်​တို့​သည် လျောက်​ပတ်​စွာ​ကျင့်၍ စိတ်​ရှုပ်​ထွေး​ခြင်း​မ​ရှိ​ဘဲ၊ သ​ခင်​ဘု​ရား၏​ဝတ်​ကို အ​မြဲ​ပြု​စေ​ခြင်း​ငှာ​သာ ဤ​သို့​ဆို၏။

၁ ကောရိန္သု 7:28-35 Common Language Bible (BCL)

သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။ ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။- ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။- လော​က​ဥစ္စာ​ဘဏ္ဍာ​ကို​သုံး​သော​သူ​တို့​သည် မ​သုံး​သ​ကဲ့​သို့​နေ​အပ်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ယ​ခု​လက်​ရှိ​ကမ္ဘာ​လော​က​ကြီး​သည် ကာ​လ​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​တော့​မည် မ​ဟုတ်​သော​ကြောင့်​တည်း။ ငါ​သည်​သင်​တို့​အား​ပူ​ပန်​သော​က​နှင့်​ကင်း​ဝေး စေ​လို​၏။ အိမ်​ထောင်​မဲ့​အ​မျိုး​သား​သည်​သ​ခင် ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​လုပ် လို​သော​ကြောင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​အ​လေး​အ​နက်​ထား​တတ်​၏။- သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သား​မူ​ကား မိ​မိ​၏​ဇ​နီး​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ​ရှိ​သ​ဖြင့် လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက်​ထား​တတ်​၏။- ထို့​ကြောင့်​သူ​သည်​စိတ်​နှစ်​ခွ​ဖြစ်​၍​နေ​၏။ အိမ် ထောင်​မဲ့​အ​မျိုး​သ​မီး​သို့​မ​ဟုတ်​အ​ပျို​ဖြစ်​သူ သည်​သ​ခင်​ဘု​ရား​အား မိ​မိ​၏​ကိုယ်​ခန္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို​ပါ​ဆက်​ကပ်​လို​သ​ဖြင့် သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​အ​လေး​အ​နက်​ထား တတ်​၏။ သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သ​မီး မူ​ကား မိ​မိ​ခင်​ပွန်း​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ ရှိ​သ​ဖြင့်​လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက် ထား​တတ်​၏။ ဤ​သို့​ငါ​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​အ​ကျိုး​ကို လို​လား​၍​ပြော​ခြင်း​ဖြစ်​၏။ သင်​တို့​အား​ချုပ် ချယ်​လို​သော​ကြောင့်​မ​ဟုတ်။ သင်​တို့​အား​မှန် ကန်​လျောက်​ပတ်​စွာ​ပြု​ကျင့်​ကြ​စေ​ရန်​နှင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဦး​လည်​မ​သုန် အ​ကြွင်း​မဲ့​ဆက်​ကပ်​လျက်​ထမ်း​ဆောင်​ကြ စေ​ရန်​လို​လား​သော​ကြောင့်​ဖြစ်​၏။

၁ ကောရိန္သု 7:28-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် အိမ်ထောင်ပြု​လျှင်​လည်း သင်​သည်​အပြစ်​ပြု​သည်​မ​ဟုတ်။ အပျို​ကညာ​တစ်​ဦး​သည် အိမ်ထောင်ပြု​လျှင်​လည်း အပြစ်​ပြု​သည်​မ​ဟုတ်။ သို့သော် ထို​သူ​တို့​သည် ကိုယ်ကာယ​၌ ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ ငါ​သည် သင်​တို့​ကို ထို​ဒုက္ခ​မှ ကင်းဝေး​စေ​လို​၍​သာ​ဖြစ်​၏။ ညီအစ်ကို​တို့၊ ဤသို့​ငါ​ဆို​၏။ အချိန်အခါ​ကုန်လု​နီး​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ မယား​ရှိ​သော​သူ​တို့​သည် မယား​မ​ရှိ​သော​သူ​ကဲ့သို့​လည်းကောင်း၊ ငိုကြွေး​သော​သူ​တို့​သည် မ​ငိုကြွေး​သကဲ့သို့​လည်းကောင်း၊ ဝမ်းမြောက်​သော​သူ​တို့​သည် ဝမ်းမြောက်​ခြင်း​မ​ရှိ​သကဲ့သို့​လည်းကောင်း၊ ဝယ်ယူ​သော​သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပိုင်ဆိုင်​သကဲ့သို့​လည်းကောင်း နေ​ကြ​ပါစေ။ လောက​အရာ​ကို​သုံးစွဲ​သော​သူ​တို့​သည်​လည်း ၎င်း​ကို​အပြည့်အဝ​မ​သုံးစွဲ​သကဲ့သို့ နေ​ကြ​ပါစေ။ အကြောင်းမူကား ဤ​လောက​၏​ပုံစံ​အဖြစ်သနစ်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။ ငါ​သည် သင်​တို့​ကို စိုးရိမ်​ခြင်း​နှင့်​ကင်းလွတ်​စေ​လို​၏။ အိမ်ထောင်​မ​ရှိ​သော​ယောက်ျား​သည် သခင်​ဘုရား​ကို​နှစ်သက်​စေရန် သခင်​ဘုရား​၏​အမှု​ကို​ဂရုစိုက်​တတ်​၏။ အိမ်ထောင်ရှိ​သော​ယောက်ျား​မူကား မိမိ​မယား​ကို မည်ကဲ့သို့​နှစ်သက်​စေ​ရ​မည်​ဟူသော လောကီ​အမှု​တို့​ကို​ဂရုစိုက်​သဖြင့် သူ​၏​စိတ်အာရုံ​သည် ထွေပြား​တတ်​၏။ အိမ်ထောင်​မ​ရှိ​သော​အမျိုးသမီး​နှင့်​အပျို​ကညာ​တို့​သည် ကိုယ်ခန္ဓာ​နှင့်​စိတ်​ဝိညာဉ်​နှစ်ဖြာ​စလုံး​သန့်ရှင်း​စေရန် သခင်​ဘုရား​၏​အမှု​တို့​ကို​ဂရုစိုက်​တတ်​၏။ အိမ်ထောင်ရှိ​သော​အမျိုးသမီး​မူကား မိမိ​လင်​ယောက်ျား​ကို မည်ကဲ့သို့​နှစ်သက်​စေ​ရ​မည်​ဟူသော လောကီ​အမှု​တို့​ကို​ဂရုစိုက်​တတ်​၏။ ဤသို့ ငါ​ဆို​သည်​မှာ သင်​တို့​၏​အကျိုး​အတွက်​ဖြစ်၍ သင်​တို့​ကို​ချုပ်ချယ်​ရန်​မ​ဟုတ်။ သင်​တို့​သည် လျောက်ပတ်​စွာ​ကျင့်​၍ အာရုံ​ထွေပြား​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​ကို အစဉ်မပြတ်​ဆောင်ရွက်​နိုင်​ရန်​အတွက်​သာ​ဖြစ်​၏။