YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 5:1-8

၁ ကောရိန္သု 5:1-8 Judson Bible (JBMLE)

မ​တ​ရား​သော​မေ​ထုန် သာ​မ​ည​မ​ဟုတ်၊ အ​ဘ၏​မ​ယား​ကို သိမ်း​ယူ​ခြင်း​တည်း​ဟူ​သော သာ​သ​နာ​ပ​လူ​တို့​တွင်​ပင် မ​ကြား​ရ​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ​သည် သင်​တို့​တွင် ရှိ​ကြောင်း​ကို အ​နှံ့​အ​ပြား​ကျော်​စော​ကြ၏။- ထို​သို့​ပြု​သော​သူ​ကို သင်​တို့​အ​ထဲ​မှ နှင်​ထုတ်​မည်​အ​ကြောင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို​မ​ပြု၊ မာ​န​ထောင်​လွှား​လျက် နေ​ကြ၏။- ထို​ကြောင့် ငါ​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် သင်​တို့​နှင့် ကွာ​လျက်​ရှိ​သော်​လည်း၊ ဝိ​ညာဉ်​အား​ဖြင့် မ​ကွာ၊ ကိုယ်​တိုင် သင်​တို့​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ထို​သို့​ကျင့်​သော​သူ​ကို ယ​ခု​ပင်​ငါ​စီ​ရင်​ပြီ။- စီ​ရင်​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ခွင့်​အား​ဖြင့် သင်​တို့​သည် ငါ့​ဝိ​ညာဉ်​နှင့်​အ​တူ စည်း​ဝေး​ပြီး​မှ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို အ​မှီ​ပြု၍၊- ထို​သူ၏​ဝိ​ညာဉ်​သည် ယေ​ရှု​ခ​ရစ်၏​နေ့​ရက်၌ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ သူ၏​ကိုယ်​ခ​န္ဓာ​ပျက်​စီး​ဖို့​ရာ သူ့​ကို​စာ​တန်​လက်​သို့ အပ်​နှံ​ကြ​စေ​ဟု ငါ​စီ​ရင်၏။- သင်​တို့၏ ဝါ​ကြွား​ခြင်း​သည် မ​ကောင်း​မ​သင့် ဖြစ်၏။ အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ကို မ​သိ​ကြ​သ​လော။- သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။- ထို​ကြောင့်၊ ဟောင်း​သော​တ​ဆေး၊ ဆိုး​ညစ် မိုက်​မဲ​ခြင်း​တ​ဆေး​တို့​ကို ပယ်​ပစ်၍၊ တ​ဆေး​မဲ့​မုန့်​တည်း​ဟူ​သော ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ပွဲ​ခံ​ကြ​ကုန်​အံ့။

၁ ကောရိန္သု 5:1-8 Common Language Bible (BCL)

မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​ကြွား​ဝါ နိုင်​သ​နည်း။ သင်​တို့​သည်​ဝမ်း​နည်း​ပူ​ဆွေး​သင့် ကြ​၏။ ထို​အ​မှု​ကို​ကူး​လွန်​သူ​အား​သင် တို့​အ​ထဲ​မှ​နှင်​ထုတ်​သင့်​သည်။- ငါ​သည်​သင်​တို့​ထံ​သို့​ကိုယ်​တိုင်​မ​ရောက်​သော် လည်း​စိတ်​ရောက်​လျက်​ရှိ​၏။ ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​သို့​ရောက်​နေ​ဘိ​သ​ကဲ့​သို့ ထို​ဆိုး ယုတ်​သော​အ​မှု​ကို​ပြု​သူ​အား​ငါ​တို့​အ​ရှင် ယေ​ရှု​၏​နာ​မ​၌ ယ​ခု​ပင်​ငါ​တ​ရား​စီ​ရင် ပြီ။ သင်​တို့​စု​ဝေး​ကြ​စဉ်​ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​တွင်​စိတ်​ရောက်​ရှိ​နေ​မည်။ ငါ​တို့ ၏​အ​ရှင်​ယေ​ရှု​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ​ရှိ​မည်။- တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​သူ​၏ ဝိ​ညာဉ်​သည်​ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​ခန္ဓာ​ကို​ဖျက်​ဆီး​ပစ်​ရန်​စာ​တန်​၏ လက်​သို့​ပေး​အပ်​ကြ​လော့။ သင်​တို့​သည် မာန်​မာ​န​ထောင်​လွှား​နေ​ကြ​ရန် မ​သင့်။ ``တ​ဆေး​အ​နည်း​ငယ်​က မုန့်​ညက် အား​လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သင်​တို့​သိ​ကြ​၏။- တ​ဆေး​ဟောင်း​တည်း​ဟူ​သော​အ​ပြစ်​ဒု​စ​ရိုက် ကို​ပယ်​ရှား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​လုံး​ဝ​သန့်​စင်​လာ​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​တို့​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက်​သစ် ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ဤ​သို့​သင်​တို့​အ​ကယ်​ပင် ဖြစ်​ကြ​ကြောင်း​ကို​ဧ​ကန်​အ​မှန်​ငါ​သိ​၏။ ငါ တို့​၏​ပ​သ​ခါ​သိုး​တည်း​ဟူ​သော​ခ​ရစ်​တော် အား​ယဇ်​ပူ​ဇော်​ပြီး​ပြီ​ဖြစ်​သ​ဖြင့် ငါ​တို့​၏ ပ​သ​ခါ​ပွဲ​ကျင်း​ပ​ရန်​အ​သင့်​ရှိ​ပေ​ပြီ။- သို့​ဖြစ်​၍​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ယုတ်​မာ​သော အ​ကျင့်​တည်း​ဟူ​သော​တ​ဆေး​ဟောင်း​ပါ​သည့် မုန့်​နှင့်​မ​ဟုတ်​ဘဲ ဖြူ​စင်​ခြင်း​နှင့်​သမ္မာ​တ​ရား တည်း​ဟူ​သော​တ​ဆေး​မဲ့​မုန့်​နှင့်​ပ​သ​ခါ​ပွဲ တော်​ကို​ကျင်း​ပ​ကြ​ကုန်​အံ့။

၁ ကောရိန္သု 5:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​ထဲ၌ မိမိ​ဖခင်​၏​မယား​နှင့် ပေါင်းသင်း​နေထိုင်​သည့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​ရှိ​နေ​ကြောင်း သတင်း​ပျံ့နှံ့​လျက်​ရှိ​၏။ ထိုကဲ့သို့သော တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​သည် လူမျိုးခြား​များ​ထဲ၌​ပင်​မ​ရှိ။ သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ထို​အမှု​ကို​ပြု​သော​သူ​အား သင်​တို့​အထဲ​မှ ဖယ်ရှား​ရ​မည့်​အစား မာန​ထောင်လွှား​လျက်​နေ​ကြ​၏။ ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့်​သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ ထို​နေရာ​၌ အတူ​ရှိ​နေ​သကဲ့သို့ ထို​အမှု​ကို​ပြု​သော​သူ​အား စီရင်​ခဲ့​လေ​ပြီ။ ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​၌ သင်​တို့​စုဝေး​ကြ​သောအခါ ငါ​၏​စိတ်​ဝိညာဉ်​သည်​လည်း ငါ​တို့​သခင်​ယေရှု​၏​တန်ခိုး​တော်​အားဖြင့် သင်​တို့​နှင့်အတူ​ရှိ​၍ ထို​သူ​၏​ဝိညာဉ်​သည် သခင်​ဘုရား​၏​နေ့ရက်​၌ ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း သူ​၏​သွေးသား​ပျက်စီး​ဖို့ရန် ထို​သူ​ကို စာတန်​လက်​သို့​အပ်နှံ​လိုက်​ပြီ။ သင်​တို့​၏​ဝါကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် တဆေးမဲ့​ဖြစ်​ကြ​သည်​နှင့်အညီ အသစ်​သော​မုန့်ညက်​ဖြစ်​နိုင်​ရန် တဆေး​ဟောင်း​ကို​ဖယ်ရှား​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၏​ပသခါ​ပွဲတော်​အတွက် သိုးသငယ်​တည်းဟူသော​ခရစ်တော်​သည် အသေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ ထို့ကြောင့် ငါ​တို့​သည် တဆေး​ဟောင်း​တည်းဟူသော ဆိုးညစ်​ခြင်း​နှင့်​မလိုတမာ​ဖြစ်​ခြင်း​တို့​၏​တဆေး​ပါ​သော​မုန့်​အားဖြင့်​မ​ဟုတ်​ဘဲ ဖြူစင်​ခြင်း​နှင့်​သမ္မာတရား​တည်းဟူသော တဆေးမဲ့​မုန့်​အားဖြင့် ပွဲတော်​ကို​ကျင်းပ​ကြ​ကုန်စို့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။