မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။- သို့ဖြစ်၍သင်တို့သည်အဘယ်သို့ကြွားဝါ နိုင်သနည်း။ သင်တို့သည်ဝမ်းနည်းပူဆွေးသင့် ကြ၏။ ထိုအမှုကိုကူးလွန်သူအားသင် တို့အထဲမှနှင်ထုတ်သင့်သည်။- ငါသည်သင်တို့ထံသို့ကိုယ်တိုင်မရောက်သော် လည်းစိတ်ရောက်လျက်ရှိ၏။ ငါကိုယ်တိုင်ပင် သင်တို့ထံသို့ရောက်နေဘိသကဲ့သို့ ထိုဆိုး ယုတ်သောအမှုကိုပြုသူအားငါတို့အရှင် ယေရှု၏နာမ၌ ယခုပင်ငါတရားစီရင် ပြီ။ သင်တို့စုဝေးကြစဉ်ငါကိုယ်တိုင်ပင် သင်တို့ထံတွင်စိတ်ရောက်ရှိနေမည်။ ငါတို့ ၏အရှင်ယေရှု၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိမည်။- တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။ သင်တို့သည် မာန်မာနထောင်လွှားနေကြရန် မသင့်။ ``တဆေးအနည်းငယ်က မုန့်ညက် အားလုံးကိုဖောင်းကြွစေ၏'' ဟူသော ဆိုရိုးစကားကိုသင်တို့သိကြ၏။- တဆေးဟောင်းတည်းဟူသောအပြစ်ဒုစရိုက် ကိုပယ်ရှားကြလော့။ သို့မှသာလျှင်သင်တို့ သည်လုံးဝသန့်စင်လာကြလိမ့်မည်။ ထိုအခါ သင်တို့သည်တဆေးမပါသောမုန့်ညက်သစ် ကဲ့သို့ဖြစ်လိမ့်မည်။ ဤသို့သင်တို့အကယ်ပင် ဖြစ်ကြကြောင်းကိုဧကန်အမှန်ငါသိ၏။ ငါ တို့၏ပသခါသိုးတည်းဟူသောခရစ်တော် အားယဇ်ပူဇော်ပြီးပြီဖြစ်သဖြင့် ငါတို့၏ ပသခါပွဲကျင်းပရန်အသင့်ရှိပေပြီ။- သို့ဖြစ်၍အပြစ်ဒုစရိုက်နှင့်ယုတ်မာသော အကျင့်တည်းဟူသောတဆေးဟောင်းပါသည့် မုန့်နှင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရား တည်းဟူသောတဆေးမဲ့မုန့်နှင့်ပသခါပွဲ တော်ကိုကျင်းပကြကုန်အံ့။
၁ ကော 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ကော 5:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ