YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 5:1-8

ကောရိန္သုဩဝါဒစာပထမစောင် 5:1-8 MSBU

သင်​တို့​ထဲ၌ မိမိ​ဖခင်​၏​မယား​နှင့် ပေါင်းသင်း​နေထိုင်​သည့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​ရှိ​နေ​ကြောင်း သတင်း​ပျံ့နှံ့​လျက်​ရှိ​၏။ ထိုကဲ့သို့သော တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​သည် လူမျိုးခြား​များ​ထဲ၌​ပင်​မ​ရှိ။ သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ထို​အမှု​ကို​ပြု​သော​သူ​အား သင်​တို့​အထဲ​မှ ဖယ်ရှား​ရ​မည့်​အစား မာန​ထောင်လွှား​လျက်​နေ​ကြ​၏။ ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့်​သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ ထို​နေရာ​၌ အတူ​ရှိ​နေ​သကဲ့သို့ ထို​အမှု​ကို​ပြု​သော​သူ​အား စီရင်​ခဲ့​လေ​ပြီ။ ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​၌ သင်​တို့​စုဝေး​ကြ​သောအခါ ငါ​၏​စိတ်​ဝိညာဉ်​သည်​လည်း ငါ​တို့​သခင်​ယေရှု​၏​တန်ခိုး​တော်​အားဖြင့် သင်​တို့​နှင့်အတူ​ရှိ​၍ ထို​သူ​၏​ဝိညာဉ်​သည် သခင်​ဘုရား​၏​နေ့ရက်​၌ ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း သူ​၏​သွေးသား​ပျက်စီး​ဖို့ရန် ထို​သူ​ကို စာတန်​လက်​သို့​အပ်နှံ​လိုက်​ပြီ။ သင်​တို့​၏​ဝါကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် တဆေးမဲ့​ဖြစ်​ကြ​သည်​နှင့်အညီ အသစ်​သော​မုန့်ညက်​ဖြစ်​နိုင်​ရန် တဆေး​ဟောင်း​ကို​ဖယ်ရှား​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၏​ပသခါ​ပွဲတော်​အတွက် သိုးသငယ်​တည်းဟူသော​ခရစ်တော်​သည် အသေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ ထို့ကြောင့် ငါ​တို့​သည် တဆေး​ဟောင်း​တည်းဟူသော ဆိုးညစ်​ခြင်း​နှင့်​မလိုတမာ​ဖြစ်​ခြင်း​တို့​၏​တဆေး​ပါ​သော​မုန့်​အားဖြင့်​မ​ဟုတ်​ဘဲ ဖြူစင်​ခြင်း​နှင့်​သမ္မာတရား​တည်းဟူသော တဆေးမဲ့​မုန့်​အားဖြင့် ပွဲတော်​ကို​ကျင်းပ​ကြ​ကုန်စို့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။