YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:1-8

၁ ကောရိန္သု 15:1-8 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​အား ဟော​ပြော​ဖူး​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် ခံ​ယူ၍ မှီ​ဝဲ​ဆည်း​ကပ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား တစ်​ဖန်​ငါ​ကြား​လိုက်၏။- အ​ထက်​က​ငါ​ဟော​ပြော​သည် အ​ကြောင်း​များ​ကို သင်​တို့​သည် အ​ကျိုး​မဲ့​မ​ယုံ​ဘဲ စိတ်​စွဲ​လမ်း​လျှင်၊ ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။- ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။- ကေ​ဖ​သည်​ကိုယ်​တော်​ကို မြင်​ပြီး​မှ၊ တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​သည် မြင်​ရ​ကြ၏။- ထို​နောက် ညီ​အစ်​ကို​ငါး​ရာ​မ​က၊ တစ်​ပြိုင်​နက် မြင်​ရ​ကြ၏။ ထို​သူ​တို့​တွင် အ​များ​သော​သူ​တို့​သည် ယ​ခု​တိုင်​အောင် အ​သက်​ရှင်​ကြ​သေး၏။ အ​ချို့​တို့​သည် အိပ်​ပျော်​ကြ​ပြီ။- ထို​နောက် ယာ​ကုပ်​မြင်​ရ၏။ ထို​နောက် တ​မန်​တော်​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ၏။- နောက်​ဆုံး၌ အ​ချိန်​မ​တော်​မ​တန် ဖွား​သော​သူ​ကဲ့​သို့​ဖြစ်​သော ငါ​ပင်​မြင်​ရ၏။

၁ ကောရိန္သု 15:1-8 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​သည့် သ​တင်း​ကောင်း​ကို​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ထို​သ​တင်း​ကောင်း​ကို​သင်​တို့​ခံ​ယူ​ကာ​ယင်း အ​ပေါ်​၌ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စွာ အ​မြစ်​စွဲ​လျက်​ရှိ​ပေ​သည်။- ထို​သ​တင်း​ကောင်း​ကား​သင်​တို့​အား​ငါ​ဟော ပြော​သည့်​တ​ရား​ဖြစ်​သည်။ သင်​တို့​သည်​ထို သ​တင်း​ကောင်း​ကို​စွဲ​မြဲ​စွာ​ယုံ​ကြည်​လက်​ခံ လျှင်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​မ​ဟုတ် လျှင်​သင်​တို့​ယုံ​ကြည်​ခဲ့​သည်​မှာ​အ​ချည်း​နှီး ဖြစ်​သည်။ ငါ​သည်​မိ​မိ​ခံ​ယူ​ရ​ရှိ​၍​သင်​တို့​အား​ပေး အပ်​သည့်​အ​ရေး​ကြီး​လှ​သော​အ​ကြောင်း အ​ရာ​များ​မှာ ကျမ်း​စာ​လာ​သည့်​အ​တိုင်း ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ​ခံ တော်​မူ​ကြောင်း၊- ကိုယ်​တော်​သည်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​နောက် ကျမ်း​စာ​လာ​သည်​အ​တိုင်း​သုံး​ရက်​မြောက် သော​နေ့​၌ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း၊- ကိုယ်​တော်​အား​ပေ​တရု​ဖူး​မြင်​ရ​ကြောင်း၊ ထို နောက်​တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ဖူး​မြင် ရ​ကြ​ကြောင်း​တို့​ဖြစ်​သည်။- ထို​နောက်​ကိုယ်​တော်​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို ငါး​ရာ​ကျော်​တို့​သည်​တစ်​ပြိုင်​နက်​ဖူး​မြင်​ရ ကြ​၏။ ထို​သူ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည် သေ​လွန်​သွား​ပြီ​ဖြစ်​သော်​လည်း​လူ​အ​များ​စု မှာ​ယ​ခု​တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။- ထို​နောက်​ကိုယ်​တော်​အား​ယာ​ကုပ်​ဖူး​မြင်​ရ​၏။ ထို နောက်​တ​မန်​တော်​အ​ပေါင်း​တို့​ဖူး​မြင်​ကြ​ရ​၏။ နောက်​ဆုံး​၌​လျှော​မွေး​သ​ဖွယ်​ဖြစ်​သူ​ငါ​သည် လည်း ကိုယ်​တော်​အား​ဖူး​မြင်​ရ​၏။

၁ ကောရိန္သု 15:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​ဟောပြော​ခဲ့​၍ သင်​တို့​လက်ခံ​ခဲ့​သည်​သာမက ၎င်း​အပေါ်၌ သင်​တို့​ရပ်တည်​ခဲ့​သည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား တစ်ဖန် ငါ​သိ​စေ​အပ်​ပါ​၏။ သင်​တို့​သည် ထို​သတင်း​ကို အကြောင်းမဲ့​မ​ယုံကြည်​ဘဲ သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော​တရား​စကား​ကို စွဲကိုင်​ထား​လျှင် ၎င်း​အားဖြင့် ကယ်တင်​ခြင်း​ကို​လည်း​ခံရ​ကြ​၏။ အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊ ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့် ကေဖ​ထံ ထင်ရှားပြ​တော်မူ​ပြီးနောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထံ ထင်ရှားပြ​တော်မူ​ခဲ့​ကြောင်း​တို့​ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ညီအစ်ကို​ငါးရာ​ကျော်​တို့​ထံ တစ်ပြိုင်တည်း​မှာ​ပင် ထင်ရှားပြ​တော်မူ​၏။ ထို​သူ​တို့​ထဲမှ အချို့​တို့​သည် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော်လည်း အများစု​တို့​သည် ယခု​တိုင်အောင် အသက်ရှင်​လျက်​ရှိ​သေး​၏။ ထို့နောက် ကိုယ်တော်​သည် ယာကုပ်​ထံ ထင်ရှားပြ​တော်မူ​ပြီး တမန်တော်​အားလုံး​တို့​ထံ ထင်ရှားပြ​တော်မူ​၏။ နောက်ဆုံး​တွင် အချိန်မတော်မတန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်ရှားပြ​တော်မူ​၏။