YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 15:1-8

ကောရိန္သုဩဝါဒစာပထမစောင် 15:1-8 MSBU

ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​ဟောပြော​ခဲ့​၍ သင်​တို့​လက်ခံ​ခဲ့​သည်​သာမက ၎င်း​အပေါ်၌ သင်​တို့​ရပ်တည်​ခဲ့​သည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား တစ်ဖန် ငါ​သိ​စေ​အပ်​ပါ​၏။ သင်​တို့​သည် ထို​သတင်း​ကို အကြောင်းမဲ့​မ​ယုံကြည်​ဘဲ သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော​တရား​စကား​ကို စွဲကိုင်​ထား​လျှင် ၎င်း​အားဖြင့် ကယ်တင်​ခြင်း​ကို​လည်း​ခံရ​ကြ​၏။ အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊ ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့် ကေဖ​ထံ ထင်ရှားပြ​တော်မူ​ပြီးနောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထံ ထင်ရှားပြ​တော်မူ​ခဲ့​ကြောင်း​တို့​ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ညီအစ်ကို​ငါးရာ​ကျော်​တို့​ထံ တစ်ပြိုင်တည်း​မှာ​ပင် ထင်ရှားပြ​တော်မူ​၏။ ထို​သူ​တို့​ထဲမှ အချို့​တို့​သည် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော်လည်း အများစု​တို့​သည် ယခု​တိုင်အောင် အသက်ရှင်​လျက်​ရှိ​သေး​၏။ ထို့နောက် ကိုယ်တော်​သည် ယာကုပ်​ထံ ထင်ရှားပြ​တော်မူ​ပြီး တမန်တော်​အားလုံး​တို့​ထံ ထင်ရှားပြ​တော်မူ​၏။ နောက်ဆုံး​တွင် အချိန်မတော်မတန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်ရှားပြ​တော်မူ​၏။