YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကော 15:1-8

၁ ကော 15:1-8 BCL

ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​သည့် သ​တင်း​ကောင်း​ကို​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ထို​သ​တင်း​ကောင်း​ကို​သင်​တို့​ခံ​ယူ​ကာ​ယင်း အ​ပေါ်​၌ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စွာ အ​မြစ်​စွဲ​လျက်​ရှိ​ပေ​သည်။- ထို​သ​တင်း​ကောင်း​ကား​သင်​တို့​အား​ငါ​ဟော ပြော​သည့်​တ​ရား​ဖြစ်​သည်။ သင်​တို့​သည်​ထို သ​တင်း​ကောင်း​ကို​စွဲ​မြဲ​စွာ​ယုံ​ကြည်​လက်​ခံ လျှင်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​မ​ဟုတ် လျှင်​သင်​တို့​ယုံ​ကြည်​ခဲ့​သည်​မှာ​အ​ချည်း​နှီး ဖြစ်​သည်။ ငါ​သည်​မိ​မိ​ခံ​ယူ​ရ​ရှိ​၍​သင်​တို့​အား​ပေး အပ်​သည့်​အ​ရေး​ကြီး​လှ​သော​အ​ကြောင်း အ​ရာ​များ​မှာ ကျမ်း​စာ​လာ​သည့်​အ​တိုင်း ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ​ခံ တော်​မူ​ကြောင်း၊- ကိုယ်​တော်​သည်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​နောက် ကျမ်း​စာ​လာ​သည်​အ​တိုင်း​သုံး​ရက်​မြောက် သော​နေ့​၌ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း၊- ကိုယ်​တော်​အား​ပေ​တရု​ဖူး​မြင်​ရ​ကြောင်း၊ ထို နောက်​တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ဖူး​မြင် ရ​ကြ​ကြောင်း​တို့​ဖြစ်​သည်။- ထို​နောက်​ကိုယ်​တော်​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို ငါး​ရာ​ကျော်​တို့​သည်​တစ်​ပြိုင်​နက်​ဖူး​မြင်​ရ ကြ​၏။ ထို​သူ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည် သေ​လွန်​သွား​ပြီ​ဖြစ်​သော်​လည်း​လူ​အ​များ​စု မှာ​ယ​ခု​တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။- ထို​နောက်​ကိုယ်​တော်​အား​ယာ​ကုပ်​ဖူး​မြင်​ရ​၏။ ထို နောက်​တ​မန်​တော်​အ​ပေါင်း​တို့​ဖူး​မြင်​ကြ​ရ​၏။ နောက်​ဆုံး​၌​လျှော​မွေး​သ​ဖွယ်​ဖြစ်​သူ​ငါ​သည် လည်း ကိုယ်​တော်​အား​ဖူး​မြင်​ရ​၏။