YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 4:9-10

၁ ရာဇဝင်ချုပ် 4:9-10 Judson Bible (JBMLE)

ထို​အ​ဆွေ​အ​မျိုး၌ ယာ​ဗက်​သည် ထူး​ဆန်း​သော​သူ​ဖြစ်၏။ သူ၏​အ​မိ​က၊ ငါ​သည် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ၍ ဤ​သား​ကို​မြင်​ရ​ပြီ​ဟု​ဆို​လျက်၊ ယာ​ဗက်​အ​မည်​ဖြင့် မှည့်၏။ ယာ​ဗက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​ကောင်း​ချီး​ပေး၍၊ အ​ကျွန်ုပ်​နေ​ရာ​ကို ကျယ်​ဝန်း​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘေး​ဥ​ပဒ်​အ​နှောင့်​အ​ယှက်​နှင့် ကင်း​လွတ်​ပါ​မည်​အ​ကြောင်း၊ လက်​တော်​သည် အ​ကျွန်ုပ်​ဘက်၌​နေ၍ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား​ဆု​တောင်း​တတ်၍၊ တောင်း​သော​ဆု​ကို ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ၏။

၁ ရာဇဝင်ချုပ် 4:9-10 Common Language Bible (BCL)

ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။- ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။

၁ ရာဇဝင်ချုပ် 4:9-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာဗက်​သည် အခြား​ညီအစ်ကို​တို့​ထက် ထူးခြား​သူ​ဖြစ်​၏​။ သူ​၏​မိခင်​သည် သူ့​ကို ဖွားစဉ်​အခါက “​ဝေဒနာ​ပြင်းစွာ​ခံ​ပြီး သူ့​ကို​မွေးဖွား​ရ​သည်​”​ဟု​ဆို​၍ သူ့​ကို ယာဗက်​ဟု အမည်​မှည့်ခေါ်​၏​။ ယာဗက်​က အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ “​အကျွန်ုပ်​ကို ကောင်းချီးပေး​တော်မူ​ပါ​။ အကျွန်ုပ်​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​ပါ​။ အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​ပြီး ထိခိုက်ဒဏ်ရာ​ရ​မည့်​ဘေးအန္တရာယ်​မှ ကွယ်ကာ​တော်မူ​ပါ​”​ဟု အော်ဟစ်​ဆုတောင်း​သောအခါ သူ​ဆုတောင်း​သည့်​အတိုင်း ဘုရားသခင်​ပေးသနား​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။