YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 4

4
ယုဒ၏သားစဉ်မြေးဆက်များ
1ယုဒ​၏​သား​များ​မှာ ဖာရက်​၊ ဟေဇရုံ​၊ ကာမိ​၊ ဟုရ​၊ ရှောဗလ တို့​ဖြစ်​ကြ​၏​။ 2ရှောဗလ​၏​သား​ရာယ​သည် သား​ယာဟတ်​ကို​ရ​၏​။ ယာဟတ်​သည် သား​အဟုမဲ​နှင့်​လာဟဒ် တို့​ကို​ရ​၏​။ ဤ​သူ​တို့​သည် ဇောရာသိ​မျိုးနွယ်စု​များ ဖြစ်​ကြ​၏​။ 3ဧတံ​၏​သား​များ​မှာ ယေဇရေလ​၊ ဣရှမ​၊ ဣဒဗတ် တို့​ဖြစ်​ကြ​၍ သူ​တို့​နှမ​၏​အမည်​မှာ ဟာဇလေလပေါနိ ဖြစ်​၏​။ 4ပေနွေလ​သည် ဂေဒေါ်​၏​ဖခင်​၊ ဧဇာ​သည် ဟုရှ​၏​ဖခင် ဖြစ်​၏​။ ဤ​သူ​တို့​သည် ဗက်လင်​၏​ဖခင်​၊ ဧဖရတ်​၏​သားဦး ဟုရ​၏​သားမြေး​များ ဖြစ်​ကြ​၏​။ 5တေကော​၏​ဖခင် အာရှုရ​တွင် ဟေလ​နှင့်​နာရ ဟု​ခေါ်​သော​မယား​နှစ်​ယောက် ရှိ​၏​။ 6နာရ​သည် အဟုဇံ​၊ ဟေဖာ​၊ တေမနိ​၊ ဟာဟရှတရိ တို့​ကို​မွေးဖွား​၏​။ ဤ​သူ​တို့​သည် နာရ​၏​သား​များ ဖြစ်​ကြ​၏​။ 7ဟေလ​၏​သား​များ​မှာ ဇေရက်​၊ ဇောဟာ#4:7 သို့မဟုတ် “ဟေဇဟာ”။​၊ ဧသနန် တို့​ဖြစ်​ကြ​၏​။ 8ကောဇ​သည် သား​အာနုပ်​နှင့်​ဇောဗေဒ တို့​ကို​ရ​၏​။ ထိုမှ ဟာရုံ​၏​သား အဟာရေလ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။
9ယာဗက်​သည် အခြား​ညီအစ်ကို​တို့​ထက် ထူးခြား​သူ​ဖြစ်​၏​။ သူ​၏​မိခင်​သည် သူ့​ကို ဖွားစဉ်​အခါက “​ဝေဒနာ​ပြင်းစွာ​ခံ​ပြီး သူ့​ကို​မွေးဖွား​ရ​သည်​”​ဟု​ဆို​၍ သူ့​ကို ယာဗက်​ဟု အမည်​မှည့်ခေါ်​၏​။
10ယာဗက်​က အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ “​အကျွန်ုပ်​ကို ကောင်းချီးပေး​တော်မူ​ပါ​။ အကျွန်ုပ်​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​ပါ​။ အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​ပြီး ထိခိုက်ဒဏ်ရာ​ရ​မည့်​ဘေးအန္တရာယ်​မှ ကွယ်ကာ​တော်မူ​ပါ​”​ဟု အော်ဟစ်​ဆုတောင်း​သောအခါ သူ​ဆုတောင်း​သည့်​အတိုင်း ဘုရားသခင်​ပေးသနား​တော်မူ​၏​။ 11ရှုအာ​၏​ညီ ခေလုပ်​သည် သား​မဟိရ​ကို​ရ​၏​။ မဟိရ​သည် သား​ဧရှတုန်​ကို​ရ​၏​။ 12ဧရှတုန်​သည် သား​ဗက်ရာဖ​၊ ပါသာ​၊ တေဟိန္န တို့​ကို​ရ​၏​။ တေဟိန္န​သည် သား​ဣရနာဟတ်​ကို​ရ​၏​။ ဤ​သူ​တို့​သည် ရေခါ​အမျိုးသား​များ ဖြစ်​ကြ​၏​။ 13ကေနတ်​၏​သား​များ​မှာ ဩသံယေလ​နှင့် စရာယ တို့​ဖြစ်​ကြ​၏​။ ဩသံယေလ​၏​သား​များ​မှာ ဟာသတ်​နှင့် မောနောသဲ တို့​ဖြစ်​ကြ​၏​။ 14မောနောသဲ​သည် သား​ဩဖရ​ကို​ရ​၏​။ စရာယ​သည် သား​ယွာဘ​ကို​ရ​၏​။ ယွာဘ​သည် သား​ဂေဟာရရှိန်​ကို​ရ​၏​။ သူ​တို့​သည် လက်မှုပညာသည်​များ ဖြစ်​ကြ​၏​။ 15ယေဖုန္နာ​၏​မြေး​၊ ကာလက်​၏​သား​များ​မှာ ဣရု​၊ ဧလာ​၊ နာမ တို့​ဖြစ်​ကြ​၏​။ ဧလာ​၏​သား​မှာ ကေနတ် ဖြစ်​၏​။ 16ယေဟလလေလ​၏​သား​များ​မှာ ဇိဖ​၊ ဇိဖာ​၊ တိရိ​၊ အာသရေလ တို့​ဖြစ်​ကြ​၏​။ 17ဧဇရာ​၏​သား​များ​မှာ ယေသာ​၊ မေရက်​၊ ဧဖေရ​၊ ယာလုန် တို့​ဖြစ်​ကြ​၏​။ မေရက်​၏​မယား ဖာရော​၏​သမီး​ဗိသဟာ​သည် မိရိအံ​၊ ရှမ္မဲ​၊ ဧရှတမော​၏​ဖခင်​ဣရှဘ တို့​ကို​မွေးဖွား​၏​။ 18မေရက်​၏​မယား ယေဟုဒိ​သည်​လည်း ဂေဒေါ်​၏​ဖခင်​ယေရက်​၊ စောခေါ​၏​ဖခင်​ဟေဗာ​နှင့် ဇာနော​၏​ဖခင်​ယေကုသေလ တို့​ကို​မွေးဖွား​၏​။ 19နာဟံ​၏​နှမ​၊ ဟောဒိယ​၏​မယား​မှ​မွေးဖွား​သော​သား​များ​မှာ ဂါမိ​လူမျိုး​ကိလ​၏​ဖခင်​နှင့် မာခါသိ​လူမျိုး​ဧရှတမော​၏​ဖခင် တို့​ဖြစ်​ကြ​၏​။ 20ရှိမုန်​၏​သား​များ​မှာ အာမနုန်​၊ ရိန္န​၊ ဗင်္ဟာနန်​၊ တိလုန် တို့​ဖြစ်​ကြ​၏​။ ဣရှိ​၏​သား​များ​မှာ ဇောဟက်​၊ ဗင်ဇောဟက် တို့​ဖြစ်​ကြ​၏​။
21ယုဒ​၏​မြေး​၊ ရှေလ​၏​သား​များ​မှာ လေက​၏​ဖခင်​ဧရ​၊ မရေရှ​၏​ဖခင်​လာဒ​၊ ပိတ်ချောထည်​ရက်လုပ်​သူ အာရှဗာ​မျိုးနွယ်စု​၊ 22ယောကိမ်​၊ ခေါဇေဘ​အမျိုးသား​၊ မောဘ​သမီးပျို​တို့​နှင့်​စုံဖက်​သော​ယောရှ​နှင့် သာရပ်​၊ ယာရှုဗိလင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရှေး​မှတ်တမ်း​များ​ဖြစ်​၏​။ 23သူ​တို့​သည် အိုးထိန်းသည်​များ ဖြစ်​ကြ​ပြီး နတိမ်​မြို့​၊ ဂဒေရ​မြို့​တို့​တွင် နေထိုင်​ကြ​၏​။ ရှင်ဘုရင်​နှင့်အတူ ထို​အရပ်​တွင်​နေထိုင်​ပြီး ဘုရင့်​အမှု​တော်​ကို ထမ်းဆောင်​ကြ​၏​။
ရှိမောင်၏သားစဉ်မြေးဆက်
24ရှိမောင်​၏​သား​များ​မှာ နေမွေလ#4:24 “ယေမွေလ” (က 46:10၊ ထွ 6:15)။​၊ ယာမိန်​၊ ယာရိပ်​၊ ဇေရ​၊ ရှောလ တို့​ဖြစ်​ကြ​၏​။ 25ရှောလ​၏​သား​မှာ ရှလ္လုံ​၊ ရှလ္လုံ​၏​သား​မှာ မိဗသံ​၊ မိဗသံ​၏​သား​မှာ မိရှမ ဖြစ်​၏​။ 26မိရှမ​၏​သား​မှာ ဟမွေလ​၊ ဟမွေလ​၏​သား​မှာ ဇက္ကုရ​၊ ဇက္ကုရ​၏​သား​မှာ ရှိမိ ဖြစ်​၏​။ 27ရှိမိ​၌ သား​တစ်ဆယ့်​ခြောက်​ယောက်​၊ သမီး​ခြောက်​ယောက် ရှိ​သော်လည်း ကျန်​သူ့​ညီအစ်ကို​များ​မှာ သားသမီး​မ​များ​ပေ​။ ထို့ကြောင့် သူ​တို့​၏​မျိုးနွယ်​သည် ယုဒ​အမျိုးသား​လောက် မ​များ​ပေ​။ 28သူ​တို့​သည် ဗေရရှေဘ​မြို့​၊ မောလဒါ​မြို့​၊ ဟာဇာရွာလ​မြို့​၊ 29ဗိလဟာ​မြို့​၊ ဧဇင်​မြို့​၊ တောလဒ်​မြို့​၊ 30ဗေသွေလ​မြို့​၊ ဟောမာ​မြို့​၊ ဇိကလတ်​မြို့​၊ 31ဗက်မာကဗုတ်​မြို့​၊ ဟာဇသုသိမ်​မြို့​၊ ဗက်ဗိရိ​မြို့​၊ ရှာရိမ်​မြို့​တို့​တွင် နေထိုင်​ကြ​၏​။ သူ​တို့​သည် ဒါဝိဒ်​မင်းကြီး​လက်ထက်​တိုင်အောင် ထို​မြို့​တို့​တွင် နေထိုင်​ကြ​၏​။ 32သူ​တို့​နေထိုင်​သော​မြို့ရွာ​များ​မှာ ဧတံ​၊ အဣန​၊ ရိမ္မုန်​၊ တောခင်​၊ အာရှန် စသော​မြို့​ငါး​မြို့​နှင့် 33ထို​မြို့​တို့​၏​ဝန်းကျင်​ရှိ​ရွာ​များ​မှစ၍ ဗာလ​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​တိုင်အောင် နေထိုင်​ကြ​၏​။ ဤသည်ကား သူ​တို့​နေထိုင်​ရာ​မြို့ရွာ​များ​နှင့် သူ​တို့​၏​မျိုးရိုးစဉ်ဆက်​မှတ်တမ်း​ဖြစ်​၏​။ 34မေရှောဗပ်​၊ ယာမလက်​၊ အာမဇိ​သား​ယောရှ​၊ 35ယောလ​နှင့် အာသေလ​၏​မြစ်​၊ စရာယ​၏​မြေး​၊ ယောရှိဘိ​၏​သား ယေဟု​၊ 36ဧလိဩနဲ​၊ ယာကောဘ​၊ ယေရှောဟာယ​၊ အသာယ​၊ အဒျေလ​၊ ယေသိမျေလ​၊ ဗေနာယ​၊ 37ရှေမာယ​၏​တွတ်​၊ ရှိမရိ​၏​တီ​၊ ယေဒါယ​၏​မြစ်​၊ အလ္လုန်​၏​မြေး​၊ ရှိဖိ​၏​သား ဇိဇ စသော 38အမည်​နှင့်​ရေးမှတ်​ထား​သူ​တို့​မှာ သူ​တို့​၏​မျိုးနွယ်စု​ခေါင်းဆောင်​များ ဖြစ်​ကြ​၏​။ သူ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​မှာ​လည်း အလွန်​တိုးပွား​လျက် ရှိ​ကြ​၏​။ 39သူ​တို့​သည် ဂေဒေါ်​မြို့​အဝင် အရှေ့ဘက်​ချိုင့်ဝှမ်းလွင်ပြင်​အထိ သွား​၍ သိုးအုပ်​အတွက် စားကျက်မြေ​ကို ရှာဖွေ​ကြ​ရာ 40စားကျက်မြေ​ပေါများ​၍ စားကျက်မြေ​ကောင်း​သော​နေရာ​၊ မြေနေရာ​ကျယ်ဝန်း​ပြီး အေးချမ်း​သာယာ​သော​နေရာ​ကို ရှာတွေ့​သွား​ကြ​၏​။ ထို​နေရာ​တို့​သည် ယခင်က ဟာမ​အမျိုးသား​များ နေထိုင်​ခဲ့​သော​နေရာ ဖြစ်​၏​။ 41ထို​အမည်​နှင့်​ရေးမှတ်​ထား​သော​သူ​တို့​သည် ယုဒ​ဘုရင် ဟေဇကိ​မင်းကြီး​လက်ထက်​တွင် ထို​နေရာ​သို့​လာ​၍ ဟာမ​အမျိုး​တို့​နေ​ရာ​တဲ​များ​နှင့် ထို​အရပ်​တွင်​နေထိုင်​ကြ​သော​မဟုနိမ်​လူမျိုး​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​သဖြင့် လုံးလုံး​ပျက်စီး​သွား​ခဲ့​သည်​မှာ ယနေ့​တိုင်အောင် ဖြစ်​၏​။ ထို​နေရာ​တွင် သူ​တို့​၏​သိုး​များ​အတွက် စားကျက်မြေ​ရှိ​သောကြောင့် ထို​နေရာ​တွင် နေထိုင်​ကြ​၏​။ 42ဣရှိ​၏​သား​များ​ဖြစ်​သော ပေလတိ​၊ နာရိ​၊ ရေဖာယ​၊ ဩဇေလ​တို့​သည် ရှိမောင်​အမျိုးသား​အယောက်​ငါး​ရာ​ကို ဦးဆောင်​ပြီး စိရ​တောင်​ပေါ်သို့ တက်သွား​ကြ​ကာ 43ထို​အရပ်​၌ လွတ်မြောက်​၍​ကြွင်းကျန်​နေ​သော​အာမလက်​လူမျိုး​တို့​ကို သုတ်သင်​ပြီး ထို​အရပ်​တွင် နေထိုင်​ခဲ့​ကြ​သည်​မှာ ယနေ့​တိုင်အောင် ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ