YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 4

4
ယု​ဒ​၏​သား​မြေး​များ
1ယု​ဒ​သား​ကား ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တည်း။ 2ရှော​ဗာ​လ​သား​ကား ရာ​ယ၊ ရာ​ယ​သား ယာ​ဟတ်၊ ယာ​ဟတ်​သား အ​ဟု​မဲ​နှင့်​လာ​ဟဒ်၊ ဤ​ရွေ့​ကား ဇော​ရ​သိ​အ​မျိုး​အ​နွယ်​တည်း။ 3ဧ​ကံ​အ​မျိုး​အ​ဘ၏​သား​ကား ယေ​ဇ​ရေ​လ၊ ဣ​ရှ​မ၊ ဣ​ဒ​ဗတ်၊ နှ​မ​ဟာ​ဇ​လေ​လ​ပေါ​နိ၊ 4ဂေ​ဒေါ်​အ​ဘ ပေ​နွေ​လ၊ ဟု​ရှ​အ​ဘ ဧ​ဇာ​တည်း။ ဤ​သူ​တို့​သည် ဗက်​လင်​အ​ဘ၊ ဧ​ဖ​ရတ်​သား​ဦး ဟု​ရ​အ​မျိုး​အ​နွယ်​တည်း။ 5တေ​ကော​အ​ဘ အာ​ရှု​ရ​သည် ဟေ​လ​နှင့် နာ​ရ​အ​မည်​ရှိ​သော မ​ယား​နှစ်​ယောက်​ရှိ၏။ 6နာ​ရ​ဖွား​မြင်​သော​သား​ကား အ​ဟု​ဇံ၊ ဟေ​ဖာ၊ တေ​မ​နိ၊ ဟာ​ဟ​ရှ​တာ​ရိ​တည်း။ 7ဟေ​လ​ဖွား​မြင်​သော သား​ကား ဇေ​ရက်၊ ယေ​ဇော်၊ ဧ​သ​နန်၊ ကော​ဇ​တည်း။ 8ကော​ဇ​သား​ကား အာ​နုပ်​နှင့်​ဇော​ဗေ​ဒ အ​စ​ရှိ​သော ဟာ​ရုံ​သား အ​ဟာ​ရေ​လ​အ​ဆွေ​အ​မျိုး​တည်း။ 9ထို​အ​ဆွေ​အ​မျိုး၌ ယာ​ဗက်​သည် ထူး​ဆန်း​သော​သူ​ဖြစ်၏။ သူ၏​အ​မိ​က၊ ငါ​သည် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ၍ ဤ​သား​ကို​မြင်​ရ​ပြီ​ဟု​ဆို​လျက်၊ ယာ​ဗက်​အ​မည်​ဖြင့် မှည့်၏။ 10ယာ​ဗက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​ကောင်း​ချီး​ပေး၍၊ အ​ကျွန်ုပ်​နေ​ရာ​ကို ကျယ်​ဝန်း​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘေး​ဥ​ပဒ်​အ​နှောင့်​အ​ယှက်​နှင့် ကင်း​လွတ်​ပါ​မည်​အ​ကြောင်း၊ လက်​တော်​သည် အ​ကျွန်ုပ်​ဘက်၌​နေ၍ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား​ဆု​တောင်း​တတ်၍၊ တောင်း​သော​ဆု​ကို ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ၏။
အ​ခြား​အိမ်​ထောင်​စု​စာ​ရင်း​များ
11ရှု​အာ​မောင် ကာ​လက်​သား​ကား မ​ဟိ​ရ၊ မ​ဟိ​ရ​သား ဧ​ရှ​တုန်​တည်း။ 12ဧ​ရှ​တုန်​သား​ကား ဗက်​ရာ​ဖ၊ ပါ​သာ၊ တေ​ဟိ​န္န​တည်း။ တေ​ဟိ​န္န​သား​ကား ဣ​ရ​နာ​ဟတ်​တည်း။ ဤ​သူ​တို့​သည် ရေ​ခါ​အ​မျိုး​သား​ဖြစ်​ကြ၏။ 13ကေ​နတ်​သား​ကား ဩ​သံ​ယေ​လ​နှင့် စ​ရာ​ယ​တည်း။ ဩ​သံ​ယေ​လ​သား​ကား ဟာ​သတ်​နှင့် မော​နော​သဲ​တည်း။ 14မော​နော​သဲ​သား​ကား ဩ​ဖ​ရာ​တည်း။ စ​ရာ​ယ​သား​ကား ယွာ​ဘ၊ ယွာ​ဘ၏​သား​တို့​သည် ဆ​ရာ​သ​မား​ဖြစ်၍ ဆ​ရာ​သ​မား​ချိုင့်၌ နေ​သော​သူ​တည်း။ 15ယေ​ဖု​န္န​သား​ဖြစ်​သော ကာ​လက်၏​သား​ကား ဣ​ရု၊ ဧ​လာ၊ နာ​မ​တည်း။ ဧ​လာ​သား​ကား ကေ​နတ်​တည်း။ 16ယေ​ဟ​လ​လေ​လ​သား​ကား ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ၊ အာ​သ​ရေ​လ​တည်း။ 17ဧ​ဇ​ရ​သား​ကား ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်​တည်း။ မေ​ရက်​နှင့်​စုံ​ဖက်​သော ဖာ​ရော​သ​မီး ဗိ​သ​ယာ​သည် မိ​ရိ၊ ရှ​မ္မဲ၊ ဧ​ရှ​တ​မော​အ​ဘ ဣ​ရှ​ဘ​ကို ဖွား​မြင်၏။ 18မ​ယား​ယေ​ဟု​ဒိ​ယ​သည် ဂေ​ဒေါ်​အ​ဘ​ယေ​ရက်၊ စော​ခေါ​အ​ဘ ဟေ​ဗာ၊ ဇာ​နော်​အ​ဘ ယေ​ကု​သေ​လ​ကို ဖွား​မြင်၏။ 19ယေ​ဟု​ဒိ​ယ​သည် နာ​ဟံ​နှ​မ​ဖြစ်၏။ နာ​ဟံ​သည် ဂါ​မိ​ရွာ​သား ကိ​လ၊ မာ​ခ​မြို့​သား ဧ​ရှ​တ​မော၏​အ​ဘ ဖြစ်​သ​တည်း။ 20ရှိ​မုန်​သား​ကား အာ​မ​နုန်၊ ရိ​န္န၊ ဗင်္ဟာ​နန်၊ တိ​လုန်​တည်း။ ဣ​ရှိ​သား​ကား ဇော​ဟက်၊ ဗ​င်္ဇာ​ဟက်​တည်း။
ရှေ​လ​၏​သား​မြေး​များ
21ယု​ဒ​သား​ဖြစ်​သော ရှေ​လ၏​သား​ကား လေ​က​အ​ဘ​ဧ​ရ၊ မ​ရေ​ရှ​အ​ဘ လာ​ဒ​အ​စ​ရှိ​သော ပိတ်​ချော​ကို​ရက်​တတ်​သော အာ​ရှ​ဗာ​အ​ဆွေ​အ​မျိုး၊ 22ယော​ယ​ကိမ်​အ​စ​ရှိ​သော ခေါ​ဇေ​ဘ​လူ၊ မော​ဘ​ပြည်၌​အ​စိုး​ရ​သော ယော​ရှ၊ သာ​ရပ်၊ ယာ​ရှု​ဗိ​လင်​တည်း။ ထို​သို့​ဆို​သော် ရှေး​စ​ကား​ဖြစ်၏။ 23ထို​သူ​တို့​သည် အိုး​ထိန်း​သ​မား၊ လယ်​ယာ​လုပ်​သ​မား​ဖြစ်၍၊ ရှင်​ဘု​ရင်​အ​နား​မှာ​နေ​လျက် အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ၏။
ရှိ​မောင်​၏​သား​မြေး​များ
24ရှိ​မောင်​သား​ကား ယေ​မွေ​လ၊ ယာ​မိန်၊ ယာ​ရိပ်၊ ဇေ​ရ၊ ရှော​လ​တည်း။ 25ရှော​လ​သား ရှ​လ္လုံ၊ ရှ​လ္လုံ​သား မိ​ဘ​သံ၊ မိ​ဘ​သံ​သား မိ​ရှ​မ၊ 26မိ​ရှ​မ​သား ဟ​မွေ​လ၊ ဟ​မွေ​လ​သား ဇ​က္ကု​ရ၊ ဇ​က္ကု​ရ​သား ရှိ​မိ​တည်း။ 27ရှိ​မိ​သည် သား​တစ်​ဆယ်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​တို့​ကို မြင်၏။ သို့​ရာ​တွင် သူ၏​ညီ​အစ်​ကို​တို့၌ သား​မ​များ။ ရှိ​မောင်​အ​မျိုး​သား​တို့​သည် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ပွား​မ​များ​တတ်။ 28ရှိ​မောင်​အ​မျိုး​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​လက်​ထက်​တိုင်​အောင် ဗေ​ရ​ရှေ​ဘ​မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊#ယော​ရှု၊ ၁၉:၂-၈။ 29ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊ 30ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊ 31ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ​မြို့၊ ရှာ​ရိမ်​မြို့​တို့၌ နေ​ကြ၏။ 32ထို​မှ​တစ်​ပါး၊ တော​မြို့​ဧ​တံ၊ အင်​ရိ​မ္မုန်၊ တော​ခင်၊ ဧ​သာ၊ အာ​ရှန်​တည်း​ဟူ​သော မြို့​ငါး​မြို့​နှင့်​တ​ကွ၊ 33ပတ်​လည်၌​ရှိ​သော ရွာ​အ​ပေါင်း​တို့​ကို ဗာ​လ​မြို့​တိုင်​အောင် ပိုင်​ကြ၏။ ဤ​ရွေ့​ကား၊ ရှိ​မောင်​အ​မျိုး​သား​နေ​ရာ​နှင့် ဆွေ​စဉ်​မျိုး​ဆက် ဖြစ်​သ​တည်း။ 34မေ​ရှော​ဗပ်၊ ယာ​မ​လက်၊ အာ​မ​ဇိ​သား ယော​ရှ၊ 35ယော​လ၊ အာ​သေ​လ​သား စ​ရာ​ယ၏​သား ယော​ရှိ​ဘိ၏​သား ယေ​ဟု၊ 36ဧ​လျော​နဲ၊ ယာ​ကော​ဘ၊ ယေ​ရှော​ဟာ​ယ၊ အ​သာ​ယ၊ အ​ဒျေ​လ၊ ယေ​သိ​မျေ​လ၊ ဗေ​နာ​ယ​နှင့်​တ​ကွ၊ 37ရှေ​မာ​ယ၊ ရှိ​မ​ရိ၊ ယေ​ဒါ​ယ၊ အ​လ္လုန်၊ ရှိ​ဖိ​တို့​မှ​ဆင်း​သက်​သော ဇိ​ဇ​တည်း​ဟူ​သော၊ 38နာ​မ​အား​ဖြင့် မှတ်​သော​သူ​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်၍၊ သူ​တို့​အ​မျိုး​သည် အ​လွန်​ပွား​များ​သ​တည်း။ 39ထို​သူ​တို့​သည် သိုး​ကျက်​စား​ရာ​အ​ရပ်​ကို​ရှာ၍ ချိုင့်​အ​ရှေ့​ဘက်၊ ဂေ​ဒေါ်​မြို့​ဝ​တိုင်​အောင် သွား​သော​အ​ခါ၊ 40မြက်​ပင်​ပေါ​များ၍ ကောင်း​သော​ကျက်​စား​ရာ ကျယ်​ဝန်း​ငြိမ်​ဝပ်​သော အ​ရပ်​ကို တွေ့​ကြ၏။ ရှေး​ကာ​လ​တွင်၊ ဟာ​မ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်၌​နေ​ကြ၏။ 41အ​ထက်​ဆို​ခဲ့​ပြီး​သော သူ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၌ သွား၍၊ သိုး​ကျက်​စား​စ​ရာ ကောင်း​သော​အ​ရပ်​ကို တွေ့​သော​ကြောင့်၊ အ​ရပ်​သား နေ​ရာ​ရွာ​တို့​ကို​လုပ်​ကြံ၍၊ ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​မှ ယ​နေ့​တိုင်​အောင် နေ​ကြ၏။ 42တစ်​ဖန် ရှိ​မောင်​အ​မျိုး​သား ယောက်ျား​ငါး​ရာ​တို့​သည် ဣ​ရှိ​သား၊ ဗိုလ်​ပေ​လ​တိ၊ နာ​ရိ၊ ရေ​ဖာ​ယ၊ ဩ​ဇေ​လ​နှင့်​တ​ကွ၊ စိ​ရ​တောင်​သို့ ချီ​သွား၍၊ 43အ​ရင်​လွတ်​သော အာ​မ​လက်​အ​မျိုး​သား အ​ကျန်​အ​ကြွင်း​ကို​လုပ်​ကြံ၍ ထို​အ​ရပ်၌ ယ​နေ့​တိုင်​အောင်​နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။