၁ ရာဇဝင်ချုပ် 29:16
၁ ရာဇဝင်ချုပ် 29:16 Judson Bible (JBMLE)
အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏နာမအဖို့ ကိုယ်တော်၏အိမ်ကို တည်ဆောက်ခြင်းအလိုငှာ၊ အကျွန်ုပ်တို့ ပြင်ဆင်သော ဤဘဏ္ဍာရှိသမျှသည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အလုံးစုံတို့ကို ကိုယ်တော်ပိုင်တော်မူ၏။
၁ ရာဇဝင်ချုပ် 29:16 Common Language Bible (BCL)
အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့၏ ဘုရား၊ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ် သည့်နာမတော်ကိုချီးမြှောက်နိုင်ရန် ဗိမာန် တော်တစ်ဆောင်တည်ဆောက်ရေးအတွက် ဤဥစ္စာအပေါင်းကိုကျွန်တော်မျိုးတို့ စုဆောင်းယူဆောင်ခဲ့ကြပါ၏။ သို့ရာ တွင်ထိုဥစ္စာပစ္စည်းအားလုံးသည်ကိုယ် တော်ရှင်ပေးသနားတော်မူသောအရာ များဖြစ်၍ယင်းတို့ကိုကိုယ်တော်ရှင် ပိုင်တော်မူပါ၏။
၁ ရာဇဝင်ချုပ် 29:16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်းသောနာမတော်အဖို့ အိမ်တော်ကိုတည်ရန် အကျွန်ုပ်တို့ပြင်ဆင်ထားသော ဤဥစ္စာအလုံးအရင်းသည် ကိုယ်တော့်ထံမှ ဖြစ်ပါ၏။ အလုံးစုံကို ကိုယ်တော်ပိုင်သတော်မူပါ၏။