YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 29

29
ဗိမာန်တော်တည်ဆောက်ဖို့ လူတို့ပါဝင်ပေးလှူကြခြင်း
1ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​အား “​ဘုရားသခင်​ရွေးချယ်​တော်မူ​သော​ငါ့​သား​ရှောလမုန်​သည် ငယ်ရွယ်​၍ အတွေ့အကြုံ​မ​ရှိ​သေး​။ သို့သော် သူ​လုပ်ဆောင်​ရ​မည့်​အလုပ်​မှာ ကြီးမြတ်​လှ​၏​။ သူ​ဆောက်လုပ်​ရ​မည့်​ဗိမာန်တော်​သည် လူ​အဖို့​မ​ဟုတ်​၊ ဘုရားသခင်​ထာဝရဘုရား​အဖို့ ဖြစ်​၏​။ 2ထို့ကြောင့် ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ​၊ ကြေး​ထည်​အတွက် ကြေး​၊ သံ​ထည်​အတွက် သံ​၊ ပျဉ်ပြား​များ​အတွက် သစ်သား​၊ မဟူရာကြောင်ဝင်​ကျောက်​များ​၊ စီချယ်စရာ​ကျောက်​များ​၊ စိမ်းပြာရောင်​ကျောက်​များ​၊ ရောင်စုံ​ကျောက်​များ​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​နှင့် ကျောက်ဖြူ​အမြောက်အမြား​တို့​ကို ငါ​တတ်စွမ်း​နိုင်​သမျှ ပြင်ဆင်​ထား​ပေး​ခဲ့​ပြီ​။ 3ထို့ပြင် ငါ​၏​ဘုရားသခင့်​အိမ်​တော်​ကို မြတ်နိုး​လှ​သဖြင့် အထက်​က သန့်ရှင်း​သော​အိမ်​တော်​အဖို့ ငါ​ပြင်ဆင်​ပေး​ထား​သည့်​အရာ​အားလုံး​သာမက ငါ​ပိုင်ဆိုင်​သော​ရတနာ​ရွှေ​ငွေ​တို့​ကို​လည်း ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ပေးလှူ​ခဲ့​ပြီ​။ 4အိမ်​တော်​နံရံ​ကို​မွမ်းမံ​ဖို့ ဩဖိရ​ရွှေ တာလန်​သုံး​ထောင်#29:4 “66000 ပိဿာ သို့မဟုတ် 102000 ကီလိုဂရမ်”။​၊ ငွေ​စင် တာလန်​ခုနစ်​ထောင်#29:4 “154000 ပိဿာ သို့မဟုတ် 238000 ကီလိုဂရမ်”။​၊ 5လက်မှုပညာသည်​များ အလုပ်​လုပ်​ဖို့​လိုအပ်​သမျှ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ များ​ကို​လည်း လှူ​၏​။ ယခု ထာဝရဘုရား​အဖို့ မည်သူ​က ကိုယ့်ကိုယ်ကို ဆက်ကပ်​ပေးလှူ​လို​သနည်း​”​ဟု မိန့်​တော်မူ​လျှင် 6ဘိုးဘေး​ခေါင်းဆောင်​များ​၊ အစ္စရေး​အမျိုးအနွယ်​ခေါင်းဆောင်​များ​၊ လူ​တစ်ရာအုပ်​၊ လူ​တစ်ထောင်အုပ်​၊ မင်းမှုထမ်း​အကြီးအကဲ​များ​က​လည်း စေတနာစိတ်​ဖြင့် ပေးလှူ​ကြ​၏​။ 7သူ​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ဆောက်လုပ်ရေး​အတွက် ရွှေ​တာလန်​ငါး​ထောင်#29:7 “110000 ပိဿာ သို့မဟုတ် 17000​0 ကီလိုဂရမ်”။​၊ ငွေ​တာလန်​တစ်သောင်း#29:7 “220000 ပိဿာ သို့မဟုတ် 34000​0 ကီလိုဂရမ်”။​၊ ရွှေဒင်္ဂါး အပြား​တစ်သောင်း​၊ ကြေးနီ တာလန်​တစ်သောင်း​ရှစ်ထောင်#29:7 “396000 ပိဿာ သို့မဟုတ် 61200​0 ကီလိုဂရမ်”။​၊ သံ​တာလန်​တစ်သိန်း#29:7 “2200000 ပိဿာ သို့မဟုတ် 340000​0 ကီလိုဂရမ်”။ တို့​ကို​ပေးလှူ​ကြ​၏​။ 8ကျောက်မျက်ရတနာ​ရှိ​သူ​များ​က ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ကို တာဝန်ယူ​ရ​သူ ဂေရရှုန်​အမျိုး ယေဟေလ​လက်​သို့ ပေးအပ်​ကြ​၏​။ 9လူ​တို့​သည်​လည်း စေတနာစိတ်​နှင့်​ပေးလှူ​ရ​သည်​ကို ဝမ်းမြောက်​ကြ​၏​။ စိတ်နှလုံး​အကြွင်းမဲ့ စေတနာစိတ်​ရှိ​သည့်​အတိုင်း ထာဝရဘုရား​ထံ​ပေးလှူ​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​လည်း အလွန်​ဝမ်းမြောက်ဝမ်းသာ ဖြစ်​ရ​လေ​၏​။
ဒါဝိဒ်မင်းကြီး၏ဆုတောင်းချက်
10ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​ရှေ့​တွင် ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း “​အကျွန်ုပ်​တို့​၏​ဘိုးဘေး အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကမ္ဘာ​အဆက်ဆက် မင်္ဂလာရှိ​တော်မူ​ပါစေသော​။ 11အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ အစွမ်းတန်ခိုး​၊ ဘုန်း​တော်​၊ ဂုဏ်​တော်​နှင့်​ပြည့်စုံ​ပါ​၏​။ ခန့်ညားထည်ဝါ​ပါ​၏​။ ကောင်းကင်​နှင့် မြေကြီး​ပေါ်ရှိ​အရာ​အားလုံး​ကို ပိုင်သ​တော်မူ​ပါ​၏​။ နိုင်ငံ​တော်​သည် ထာဝရဘုရား​ပိုင်​တော်မူ​ရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​၏​ဦးခေါင်း​ထက်​တွင် ချီးမြှောက်​ခြင်း​ခံရ​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။ 12ဓနဥစ္စာ​နှင့် ဂုဏ်သရေ​သည် ကိုယ်တော့်​ထံ​မှ လာ​ပါ​၏​။ အရာ​ခပ်သိမ်း​ကို အုပ်စိုး​ပိုင်သ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် အစွမ်း​တန်ခိုး​နှင့်​ပြည့်ဝ​တော်မူ​သဖြင့် လူ​ခပ်သိမ်း​အား ကြီးမြတ်​စေ​နိုင်​၍ ခွန်အား​ကို​လည်း ပေး​နိုင်​စွမ်း​ရှိ​တော်မူ​ပါ​၏​။ 13ယခုမှာ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကျေးဇူးတင်​ပါ​၏​။ ဘုန်းကြီး​သော​နာမ​တော်​ကို ချီးမွမ်း​ပါ​၏​။ 14အကျွန်ုပ်​တို့​အား ဤမျှလောက်​စေတနာစိတ်​နှင့်​ပေးလှူ​နိုင်​ခွင့်​ကို​ပေးသနား​သည်​မှာ အကျွန်ုပ်​ကား မည်သူ​ဖြစ်​ပါ​သနည်း​။ အကျွန်ုပ်​၏​လူ​တို့​ကား မည်သူ​တို့​ဖြစ်​ကြ​ပါ​သနည်း​။ အရာခပ်သိမ်း​တို့​သည် ကိုယ်တော့်​ထံမှ​ဖြစ်၍ ကိုယ်တော်​ပိုင်​သမျှ​ကို အကျွန်ုပ်​တို့ ပြန်လည်​ပေးလှူ​ကြ​ပါ​၏​။ 15အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ရှေ့​တွင် တိုင်းတစ်ပါးသား​များ​ဖြစ်​ကြ​ပါ​၏​။ ဘိုးဘေး​တို့​ကဲ့သို့ပင် ဧည့်သည်​များ ဖြစ်​ကြ​ပါ​၏​။ မြေကြီး​ပေါ်တွင် အသက်ရှင်​နေ​ရ​သည်​မှာ အရိပ်​ကဲ့သို့​ဖြစ်၍ မျှော်လင့်စရာ မ​ရှိ​ပါ​။ 16အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ သန့်ရှင်း​သော​နာမ​တော်​အဖို့ အိမ်​တော်​ကို​တည်​ရန် အကျွန်ုပ်​တို့​ပြင်ဆင်​ထား​သော ဤ​ဥစ္စာ​အလုံးအရင်း​သည် ကိုယ်တော့်​ထံ​မှ ဖြစ်​ပါ​၏​။ အလုံးစုံ​ကို ကိုယ်တော်​ပိုင်သ​တော်မူ​ပါ​၏​။ 17အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် စိတ်နှလုံး​ကို​စစ်ကြော​၍ သမာသမတ်​ရှိ​သူ​ကို နှစ်သက်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။ ယခု ဤ​အရာ​အားလုံး​ကို ဖြူစင်​သော​စိတ်​ဖြင့် အကျွန်ုပ်​လှူဒါန်း​ပါ​၏​။ အကျွန်ုပ်​၌​ရှိ​သော​ဤ​သူ​တို့​သည်​လည်း ကိုယ်တော့်​ထံ စေတနာစိတ်​ဖြင့် ပေးလှူ​ကြ​သည်​ကို မြင်တွေ့​ရ​သဖြင့် ဝမ်းမြောက်​ပါ​၏​။ 18အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော့်​လူမျိုး​တော်​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​၊ စိတ်ဆန္ဒ​များ​ကို ယခု​ကဲ့သို့​အစဉ်အမြဲ​ဖြစ်​စေရန် စောင့်ထိန်း​ပေး​တော်မူ​ပါ​။ ကိုယ်တော့်​အဖို့ စိတ်နှလုံး​အသင့်ရှိ​သော​သူ​များ ဖြစ်​စေ​တော်မူ​ပါ​။ 19အကျွန်ုပ်​၏​သား​တော်​ရှောလမုန်​အား​လည်း ကိုယ်တော်​၏​ပညတ်တော်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​နိုင်​ရန်​နှင့် ဗိမာန်တော်​ဆောက်လုပ်​ဖို့ အကျွန်ုပ်​ပြင်ဆင်​ထား​ခဲ့​သည့်​အရာ​အားလုံး​ကို လုပ်ဆောင်​နိုင်​ရန်​အတွက် စုံလင်​သော​စိတ်နှလုံး​ကို ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​လေ​၏​။
20ထို့နောက် ဒါဝိဒ်​မင်းကြီး​က လူထု​အပေါင်း​တို့​အား “​ယခု သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​”​ဟု မိန့်ဆို​လျှင် လူထု​တစ်ရပ်လုံး​က သူ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​ပြီး ထာဝရဘုရား​ရှေ့​၊ ရှင်ဘုရင်​ရှေ့​တွင် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။
21ထာဝရဘုရား​ထံ ယဇ်​များ​ကို​ပူဇော်​ပြီး နောက်တစ်နေ့​တွင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် နွားထီး​အကောင်​တစ်ထောင်​၊ သိုးထီး​အကောင်​တစ်ထောင်​၊ သိုးသငယ်​အကောင်​တစ်ထောင်​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​များ​ကို ပူဇော်​ကြ​၏​။ အစ္စရေး​တစ်မျိုးသားလုံး​အတွက် ယဇ်​များ​ကို အမြောက်အမြား ပူဇော်​ကြ​၏​။ 22ထို​နေ့​တွင် သူ​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် အားရ​ဝမ်းသာ​စွာ​စား​သောက်​ကြ​၏​။
ရှောလမုန်ကိုမင်းမြှောက်ခြင်း
ဒါဝိဒ်​မင်းကြီး​၏​သား​တော်​ရှောလမုန်​ကို​လည်း ဒုတိယအကြိမ်​မင်းမြှောက်​၍ အုပ်ချုပ်သူမင်း​အဖြစ်​လည်းကောင်း​၊ ဇာဒုတ်​ကို​လည်း ယဇ်ပုရောဟိတ်​အဖြစ်​လည်းကောင်း ထာဝရဘုရား​ရှေ့မှောက်​တွင် ဘိသိက်ပေး​ကြ​၏​။ 23ရှောလမုန်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​၍ ထာဝရဘုရား​၏​ရာဇပလ္လင်​တော်​ပေါ်တွင် စံနေ​သောအခါ သူ​သည် ထွန်းပေါက်​အောင်မြင်​ပြီး အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​က သူ့​ကို နာခံ​လေ​၏​။ 24မှူးမတ်​များ​၊ စစ်သူရဲ​များ​နှင့် ဒါဝိဒ်​မင်းကြီး​၏​သား​တော်​အပေါင်း​တို့​သည် ရှောလမုန်​မင်းကြီး​ထံ၌ သစ္စာခံ​ကြ​၏​။ 25ထာဝရဘုရား​က​လည်း ရှောလမုန်​မင်းကြီး​အား အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​ရှေ့​တွင် အထူး​ချီးမြှောက်​တော်မူ​ပြီး ယခင်က အစ္စရေး​လူမျိုး​ကို အုပ်စိုး​ခဲ့​သော​ဘုရင်​တို့​တွင် မည်သူ​၌​မျှ​မ​ရှိ​ခဲ့​ဖူး​သော​နိုင်ငံ​တော်​ဘုန်းကျက်သရေ​ကို ပေး​တော်မူ​၏​။
ဒါဝိဒ်မင်းကြီး၏ဘဝခရီးအကျဉ်းချုပ်
26ယေရှဲ​၏​သား ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​ကို အုပ်ချုပ်​ခဲ့​၏​။ 27သူ​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ်​တိုင်တိုင် အုပ်စိုး​ခဲ့​၏​။ ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ် အုပ်စိုး​ခဲ့​၏​။ 28သူ​သည် ဓနဥစ္စာ​နှင့် ဘုန်းအသရေ​ဖြင့်​ပြည့်ဝ​လျက် အသက်ကြီး​၍ အိုမင်း​လာ​သောအခါ အနိစ္စရောက်​လေ​၏​။ သူ​၏​သား​တော်​ရှောလမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။ 29ဒါဝိဒ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို စိတ်အာရုံရသူ​ရှမွေလ​၏​မှတ်တမ်း​၊ ပရောဖက်​နာသန်​၏​မှတ်တမ်း​နှင့် ဗျာဒိတ်ရသူ​ဂဒ်​၏​မှတ်တမ်း​တို့​တွင် ရေးသား​ထား​၏​။ 30ထို​မှတ်တမ်း​တို့​တွင် သူ​၏​တိုင်းပြည်​ကို အုပ်ချုပ်​ခဲ့​ပုံ​၊ ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ သူ့​ဝန်းကျင်​၊ အစ္စရေး​ဝန်းကျင်​မှစ၍ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အလုံးစုံ​တို့​တွင် တွေ့ကြုံ​ခဲ့​ရ​သော​အဖြစ်အပျက်​အမျိုးမျိုး​တို့ ပါဝင်​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 29: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ