YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 29:14-16

၁ ရာဇဝင်ချုပ် 29:14-16 Judson Bible (JBMLE)

သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​နာ​မ​အ​ဖို့ ကိုယ်​တော်၏​အိမ်​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ၊ အ​ကျွန်ုပ်​တို့ ပြင်​ဆင်​သော ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​လုံး​စုံ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ၏။

၁ ရာဇဝင်ချုပ် 29:14-16 Common Language Bible (BCL)

``အ​ကယ်​စင်​စစ်​ကျွန်​တော်​မျိုး​နှင့်​ကျွန်​တော် မျိုး​၏​လူ​တို့​သည် ကိုယ်​တော်​ရှင်​အား​အ​ဘယ် အ​ရာ​ကို​မျှ​ပေး​လှူ​နိုင်​စွမ်း​မ​ရှိ​ပါ။ ခပ်​သိမ်း သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​ပေး​သ​နား ထား​သည့်​ဆု​ကျေး​ဇူး​များ​ဖြစ်​သ​ဖြင့် ကျွန် တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပိုင်​သည့် အ​ရာ​များ​ကို​သာ​လျှင်​ကိုယ်​တော်​ရှင် အား​ပြန်​လည်​ဆက်​သ​ခြင်း​ဖြစ်​ပါ​၏။- အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် ဘိုး​ဘေး​များ​နည်း​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ ကြ​သူ​များ​နှင့်​သူ​စိမ်း​တစ်​ရံ​ဆံ​များ​ကဲ့ သို့​ဤ​ဘ​ဝ​တွင်​ကျင်​လည်​ရ​ကြ​ကြောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော် မျိုး​တို့​၏​နေ့​ရက်​များ​သည်​ရှည်​လျား လျက်​နေ​သော​အ​ရိပ်​ကဲ့​သို့​ဖြစ်​၍ ကျွန် တော်​မျိုး​တို့​သည်​သေ​ဘေး​နှင့်​မ​လွတ် နိုင်​ကြ​ပါ။- အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​၏ ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​နာ​မ​တော်​ကို​ချီး​မြှောက်​နိုင်​ရန် ဗိ​မာန် တော်​တစ်​ဆောင်​တည်​ဆောက်​ရေး​အ​တွက် ဤ​ဥစ္စာ​အ​ပေါင်း​ကို​ကျွန်​တော်​မျိုး​တို့ စု​ဆောင်း​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏။ သို့​ရာ တွင်​ထို​ဥစ္စာ​ပစ္စည်း​အား​လုံး​သည်​ကိုယ် တော်​ရှင်​ပေး​သ​နား​တော်​မူ​သော​အ​ရာ များ​ဖြစ်​၍​ယင်း​တို့​ကို​ကိုယ်​တော်​ရှင် ပိုင်​တော်​မူ​ပါ​၏။

၁ ရာဇဝင်ချုပ် 29:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​တို့​အား ဤမျှလောက်​စေတနာစိတ်​နှင့်​ပေးလှူ​နိုင်​ခွင့်​ကို​ပေးသနား​သည်​မှာ အကျွန်ုပ်​ကား မည်သူ​ဖြစ်​ပါ​သနည်း​။ အကျွန်ုပ်​၏​လူ​တို့​ကား မည်သူ​တို့​ဖြစ်​ကြ​ပါ​သနည်း​။ အရာခပ်သိမ်း​တို့​သည် ကိုယ်တော့်​ထံမှ​ဖြစ်၍ ကိုယ်တော်​ပိုင်​သမျှ​ကို အကျွန်ုပ်​တို့ ပြန်လည်​ပေးလှူ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ရှေ့​တွင် တိုင်းတစ်ပါးသား​များ​ဖြစ်​ကြ​ပါ​၏​။ ဘိုးဘေး​တို့​ကဲ့သို့ပင် ဧည့်သည်​များ ဖြစ်​ကြ​ပါ​၏​။ မြေကြီး​ပေါ်တွင် အသက်ရှင်​နေ​ရ​သည်​မှာ အရိပ်​ကဲ့သို့​ဖြစ်၍ မျှော်လင့်စရာ မ​ရှိ​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ သန့်ရှင်း​သော​နာမ​တော်​အဖို့ အိမ်​တော်​ကို​တည်​ရန် အကျွန်ုပ်​တို့​ပြင်ဆင်​ထား​သော ဤ​ဥစ္စာ​အလုံးအရင်း​သည် ကိုယ်တော့်​ထံ​မှ ဖြစ်​ပါ​၏​။ အလုံးစုံ​ကို ကိုယ်တော်​ပိုင်သ​တော်မူ​ပါ​၏​။