YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 28:1-10

၁ ရာဇဝင်ချုပ် 28:1-10 Judson Bible (JBMLE)

တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။ ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် ရပ်၍၊ ငါ့​ညီ​အစ်​ကို၊ ငါ့​လူ​တို့ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ငြိမ်​ဝပ်​ရာ​အိမ်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ခြေ​တော်​တင်​ရာ​ခုံ​ကို တည်​လုပ်​မည်​ဟု ငါ​အ​ကြံ​ရှိ၍ တည်​လုပ်​ခြင်း​ငှာ ပြင်​ဆင်​နှင့်​ပြီ။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​က သင်​သည် စစ်​တိုက်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၍၊ ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​ကို မ​တည်​မ​ဆောက်​ရ​ဟု မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​ဆွေ​အ​မျိုး​များ​ထဲ​က ငါ့​ကို​ရွေး​ကောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ အ​မြဲ​ချီး​မြှောက်​တော်​မူ၏။ ယု​ဒ​အ​မျိုး​ကို​ရွေး​ကောက်၍ အ​ခြား​သော အ​မျိုး​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ယု​ဒ​အ​မျိုး​တွင် ငါ့​အ​ဘ၏​အိမ်​ထောင်​ကို​လည်း​ကောင်း၊ ငါ့​အ​ဘ၏​သား​တို့​တွင် ငါ့​ကို​လည်း​ကောင်း​နှစ်​သက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား များ​စွာ​သော​သား​တို့​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​သား​အ​ပေါင်း​တို့​တွင် သား​ရှော​လ​မုန်​ကို ရွေး​ကောက်၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။ ငါ့​အား​လည်း သင့်​သား​ရှော​လ​မုန်​သည် ငါ့​အိမ်​နှင့် ငါ့​တံ​တိုင်း​တို့​ကို တည်​ရ​မည်။ ငါ​သည်​ထို​သူ​ကို သား​အ​ရာ၌​ခန့်​ထား​ခြင်း​ငှာ ရွေး​ကောက်​ပြီ။ ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည် ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို ယ​နေ့​ကဲ့​သို့ အ​မြဲ​ကျင့်​လျှင် သူ၏​နိုင်​ငံ​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ဤ​ကောင်း​သော​ပြည်​ကို​ပိုင်၍ သင်​တို့၏ သား​မြေး​အ​စဉ်​အ​ဆက် အ​မွေ​ခံ​ရာ​ဖို့ ချန်​ထား​လို​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ရှေ့၌​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင့် အ​ထံ​တော်၌​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို ရှာ၍ စောင့်​ရှောက်​ကြ​လော့။ ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။ သ​တိ​ပြု​လော့။ သန့်​ရှင်း​ရာ​ဌာ​န​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သင့်​ကို ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​ကြောင့်၊ အား​ယူ၍ တည်​ဆောက်​လော့​ဟု မှာ​ထား​တော်​မူ၏။

၁ ရာဇဝင်ချုပ် 28:1-10 Common Language Bible (BCL)

ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။ ဒါ​ဝိဒ်​မင်း​သည်​ထို​သူ​တို့​ရှေ့​တွင်​ရပ်​လျက် မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။ မင်း​ကြီး​က``ငါ ၏​ပြည်​သူ​ပြည်​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ခြေ​တင်​ခုံ​ဖြစ်​သော ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ရန်​အ​တွက်​အိမ်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လို​ပေ​သည်။ ဘု​ရား​သ​ခင် နာ​မ​တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော် တည်​ဆောက်​ရေး​အ​တွက်​ငါ​သည်​ပြင်​ဆင် မှု​များ​ကို​ပြု​ခဲ့​လေ​ပြီ။- သို့​ရာ​တွင်​ငါ​သည်​စစ်​သည်​တစ်​ဦး​ဖြစ်​၍ များ​စွာ​သွေး​ထွက်​သံ​ယို​ဖြစ်​ပွား​စေ​ခဲ့ သ​ဖြင့် ငါ့​အား​ကိုယ်​တော်​က​မ​တည်​မ ဆောက်​ရ​ဟု​တား​မြစ်​တော်​မူ​၏။- ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ​နှင့် ငါ​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ တော်​ကို​ထာ​ဝ​စဉ်​အုပ်​စိုး​ရန်​ရွေး​ချယ်​တော် မူ​၏။ ကိုယ်​တော်​သည်​ခေါင်း​ဆောင်​မှု​ပေး​ရန် အ​တွက်​ယု​ဒ​အ​နွယ်​ကို​ရွေး​ချယ်​တော် မူ​၏။ ယု​ဒ​ပြည်​မှ​ငါ့​အ​ဖ​၏​အိမ်​ထောင်​စု ကို​ရွေး​ချယ်​တော်​မူ​ပေ​သည်။ ထို​အိမ်​ထောင်​စု မှ​ငါ့​အား​ထုတ်​ယူ​၍​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​နိုင်​ငံ​လုံး​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။- ကိုယ်​တော်​သည်​ငါ့​အား​သား​များ​ထွန်း​ကား စေ​တော်​မူ​၍​ထို​သား​တို့​အ​နက်​ရှော​လ​မုန် ကို​ထာ​ဝ​ရ​ဘု​ရား​၏​နိုင်​ငံ​တည်း​ဟူ​သော ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ရန်​ရွေး​ချယ် တော်​မူ​၏။'' ``ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သင်​၏​သား ရှော​လ​မုန်​သည်​ငါ​၏​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရ​မည့်​သူ​ဖြစ်​၏။ သူ့​အား​ငါ​သည် ငါ​၏​သား​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​တော်​မူ ပြီ။ ငါ​သည်​လည်း​သူ​၏​အ​ဖ​ဖြစ်​လိမ့် မည်။- သူ​သည်​ယ​ခု​တိုင်​ဆက်​လက်​၍​ငါ​၏ ပ​ညတ်​တို့​ကို​စောင့်​ထိန်း​ပါ​မူ ငါ​သည် သူ​၏​နိုင်​ငံ​ကို​ကာ​လ​အ​စဉ်​အ​ဆက် တည်​တံ့​စေ​တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။'' ``သို့​ဖြစ်​၍​သင်​တို့​အား ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​ပ​ရိတ်​သတ်​ရှေ့​တော်​၌​လည်း ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​တည်း ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ထု ကြီး​၏​ရှေ့​၌​လည်း​ကောင်း၊ သင်​တို့​အား တာ​ဝန်​ပေး​အပ်​ပါ​၏။ သင်​တို့​သည်​ငါ တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ် တော်​မူ​သ​မျှ​တို့​ကို တိ​ကျ​စွာ​လိုက်​နာ ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည် ဤ​ပြည်​ကောင်း​ပြည်​မြတ်​ကို​ဆက်​လက် ပိုင်​ဆိုင်​ရ​ကြ​လျက် မိ​မိ​တို့​၏​သား​မြေး အား​အ​ဆက်​မ​ပြတ်​လွှဲ​ပြောင်း​ပေး အပ်​နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။- ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့် မြတ်​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် အ​တွက် သင့်​အား​ရွေး​ချယ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​သင်​သိ​မှတ်​ရ​ပေ​မည်။ သို့​ဖြစ်​၍ ယ​ခု​ပင်​လျှင်​ထို​ဗိ​မာန်​တော်​ကို​တည် ဆောက်​လော့။ အား​မာန်​တင်း​၍​တည်​ဆောက် လော့'' ဟု​မိန့်​တော်​မူ​၏။

၁ ရာဇဝင်ချုပ် 28:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​အကြီးအကဲ​များ​၊ မျိုးနွယ်စု​အကြီးအကဲ​များ​၊ မင်းမှုထမ်း​တပ်ဖွဲ့​အကြီးအကဲ​များ​၊ လူ​တစ်ထောင်​အုပ်​များ​နှင့် လူ​တစ်ရာ​အုပ်​များ​အားလုံး​၊ ရှင်ဘုရင်​နှင့်​သား​တော်​တို့​၏​ဥစ္စာပစ္စည်း​များ​၊ တိရစ္ဆာန်​များ​ကို​ကြီးကြပ်​ပေး​ရ​သူ​များ​အားလုံး​၊ နန်းတွင်း​အကြီးအကဲ​များ​၊ စစ်သူရဲ​များ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ​အားလုံး​တို့​ကို ဂျေရုဆလင်​မြို့​တွင် စုဝေး​စေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ရပ်​လျက် “​ငါ့​ညီအစ်ကို​တို့​၊ ငါ့​လူမျိုး​တို့​၊ နားထောင်​ကြ​လော့​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​တည်​ရာ​နေရာ​၊ ငါ​တို့​ဘုရားသခင်​၏​ခြေ​တော်​တင်​ရာ​နေရာ​ကို ဆောက်လုပ်​ရန် ငါ​ဆန္ဒရှိ​ခဲ့​၏​။ ထိုသို့​တည်ဆောက်​ရန်​လည်း ငါ​ပြင်ဆင်​ခဲ့​ပြီ​။ သို့သော် ဘုရားသခင်​က ‘​သင်​သည် စစ်သူရဲ​ဖြစ်၍ လူ့​အသက်​ကို သတ်​ခဲ့​သောကြောင့် ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို သင်​မ​ဆောက်​ရ​’​ဟု ငါ့​အား မိန့်​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​ကို​အစဉ်အမြဲ​အုပ်ချုပ်​ရန်​အတွက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ့​ဖခင်​၏​မိသားစုဝင်​တစ်စုလုံး​တွင် ငါ့​ကို ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုး​ကို ခေါင်းဆောင်​အဖြစ် ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုးအနွယ်​ထဲမှ ငါ့​ဖခင်​၏​မိသားစု​ကို ရွေးချယ်​တော်မူ​၏​။ ငါ့​ဖခင်​၏​သား​များ​ထဲမှ ငါ့​ကို ရွေးချယ်​တော်မူ​၍ အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ကို အုပ်ချုပ်​သော​ဘုရင် ဖြစ်​စေ​တော်မူ​၏​။ ထာဝရဘုရား​သည် ငါ့​အား သား​အများအပြား​ကို​ပေး​တော်မူ​၏​။ ထို​သား​အပေါင်း​တို့​ထဲမှ သား​တော်​ရှောလမုန်​ကို ရွေးချယ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​ကို အုပ်ချုပ်​ရန်​အတွက် ထာဝရဘုရား​၏​နိုင်ငံ​တော်​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​စေ​တော်မူ​၏​။ ထို့ပြင် ငါ့​အား ‘​သင့်​သား​ရှောလမုန်​သည် ငါ့​အိမ်​တော်​နှင့် ဝင်း​တော်​ကို တည်ဆောက်​လိမ့်မည်​။ သူ့​ကို​ငါ​ရွေးချယ်​ပြီး သူ​သည် ငါ့​သား​ဖြစ်၍ ငါ​သည်​လည်း သူ့​ဖခင် ဖြစ်​မည်​။ သူ​သည် ငါ့​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ယခု​ကဲ့သို့​မယိမ်းမယိုင်​စောင့်ထိန်း​မည်​ဆို​လျှင် သူ့​နိုင်ငံ​တော်​ကို ထာဝရ​တည်​စေ​မည်​’​ဟု မိန့်​တော်မူ​ပြီ​။ သို့ဖြစ်၍ ထာဝရဘုရား​၏​လူထု​ဖြစ်​သော အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ရှေ့​၊ ငါ​တို့​ဘုရားသခင်​ကြား​တော်မူ​သော​အရပ်​တွင် ငါ​ပြော​မည်​။ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​အလုံးစုံ​ကို ရှာဖွေ​၍​စောင့်ထိန်း​ကြ​လော့​။ သို့မှ သင်​တို့​သည် ကောင်းမွန်​သာယာ​သော​ပြည်​ကို ပိုင်ဆိုင်​ရ​၍ သင်​တို့​၏​သားမြေး​တို့​လည်း အစဉ်​အမွေဆက်ခံ​ရ​မည်​။ ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။ ယခု သတိပြု​လော့​။ သန့်ရှင်းရာဌာန​ဖြစ်​သော အိမ်​တော်​ကို တည်ဆောက်​ရန် သင့်​ကို​ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​။ အားယူ​၍​ဆောက်လုပ်​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။