YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 22:11-13

၁ ရာဇဝင်ချုပ် 22:11-13 Judson Bible (JBMLE)

သို့​ဖြစ်၍​ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​နေ၍ အ​ကြံ​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ရ​လိမ့်​မည်။ သို့​ရာ​တွင် သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို​စောင့်​ရှောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဉာဏ်​ပ​ညာ​ကို​ပေး၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​စီ​ရင်​ခြင်း​အ​မှု၌ မှာ​ထား​တော်​မူ​ပါ​စေ​သော။ ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သ​တိ​ပြု​လျှင် အ​ကြံ​ထ​မြောက်​ရ​လိမ့်​မည်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ စိုး​ရိမ်​ခြင်း၊ စိတ်​ပျက်​ခြင်း မ​ရှိ​စေ​နှင့်။

၁ ရာဇဝင်ချုပ် 22:11-13 Common Language Bible (BCL)

ထို​နောက်​ဒါ​ဝိဒ်​သည်​ဆက်​၍``ငါ့​သား၊ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့် အ​တူ​ရှိ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့် အ​တိုင်း​သင်​သည်​ကိုယ်​တော်​အ​ဖို့​ဗိ​မာန် တော်​ကို​အောင်​မြင်​စွာ​တည်​ဆောက်​နိုင်​ပါ စေ​သော။- သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် သင့်​အား​ကိုယ်​တော်​၏​တ​ရား​တော်​အ​ရ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အုပ်​စိုး​နိုင်​ရန်​ထိုး ထွင်း​ဉာဏ်​နှင့်​အ​သိ​ပညာ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော။- သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​တွက် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပညတ်​တော်​တို့​ကို​စောင့်​ထိန်း ပါ​မူ သင်​၏​အ​ကြံ​အ​စည်​ထ​မြာက်​လိမ့် မည်။ အား​မာန်​တင်း​၍​စိတ်​ချ​ယုံ​ကြည် လော့။ အ​ဘယ်​အ​ရာ​ကို​မျှ​မကြောက်​နှင့်။

၁ ရာဇဝင်ချုပ် 22:11-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ငါ့​သား​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​ပါစေသော​။ သင်​သည် အောင်မြင်​သော​သူ ဖြစ်​ပါစေသော​။ သင့်​အား မိန့်​တော်မူ​သည့်​အတိုင်း ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို သင်​တည်ဆောက်​နိုင်​ပါစေသော​။ အစ္စရေး​လူမျိုး​တို့​ကို အုပ်စိုး​ရန်​မိန့်​တော်မူ​သောအခါ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တရားတော်​များ​ကို လိုက်နာစောင့်ထိန်း​မည့်​အကြောင်း ထာဝရဘုရား​သည် သင့်​အား သိမြင်​နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​ပါစေသော​။ အစ္စရေး​လူမျိုး​တို့​အဖို့ မောရှေ​အားဖြင့် ထာဝရဘုရား ပေးအပ်​ထား​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​လိုက်နာ​စောင့်ထိန်း​လျှင် အောင်မြင်မှု​ကို​ရ​လိမ့်မည်​။ အားယူ​၍ ရဲရင့်​ခြင်း​ရှိ​လော့​၊ မ​ကြောက်ရွံ့​နှင့်​၊ စိတ်​မ​ပျက်​နှင့်​။