YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 22

22
1သို့​ဖြစ်၍၊ ဒါ​ဝိဒ်​က ဤ​အ​ရပ်​သည် ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဖြစ်၏။ ဤ​ယဇ်​ပ​လ္လင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ယဇ်​ပ​လ္လင်​ဖြစ်၏​ဟု ဆို​လျက်၊
ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပြင်​ဆင်​ခြင်း
2ဣ​သ​ရေ​လ​ပြည်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​ခြင်း​ငှာ မိန့်​တော်​မူ၏။ ဘု​ရား​သ​ခင်၏​အိမ်​တော် တည်​စ​ရာ​ဖို့ ကျောက်​ဆစ်​ရ​သော ပန်း​ရန်​သ​မား​တို့​ကို​လည်း စေ​ခိုင်း​တော်​မူ၏။ 3တံ​ခါး​လုပ်​စ​ရာ သံ​ချွန်​အ​ဖို့​နှင့် သစ်​သား​ဆက်​စ​ရာ​အ​ဖို့ များ​စွာ​သော သံ​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​ကို​လည်း​ကောင်း၊ 4များ​စွာ​သော အာ​ရဇ်​သစ်​သား​ကို​လည်း​ကောင်း၊ ပြင်​ဆင်​တော်​မူ၏။ ဇိ​ဒုန်​မြို့​သား​နှင့် တု​ရု​မြို့​သား​တို့​သည်၊ အာ​ရဇ်​သစ်​သား​အ​များ​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ 5ဒါ​ဝိဒ်​က​လည်း၊ ငါ့​သား​ရှော​လ​မုန်​သည် အ​သက်​ငယ်၍ နု​သေး၏။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​ရ​သော​အိမ်​မူ​ကား အ​လွန်​ထူး​ဆန်း​သော​အိမ်၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌ ဘုန်း​အ​သ​ရေ​ကျော်​စော​သော​အိမ် ဖြစ်​ရ​မည်။ ယ​ခု​ပင် အိမ်​တော်​အ​ဖို့ ငါ​ပြင်​ဆင်​မည်​ဟု အ​ကြံ​ရှိ​လျက် အ​နိ​စ္စ​မ​ရောက်​မီ များ​စွာ​ပြင်​ဆင်​တော်​မူ၏။
6သား​တော်​ရှော​လု​မုန်​ကို​လည်း​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​ရ​မည်​အ​ကြောင်း မှာ​ထား​လေ​သည်​မှာ၊ 7ငါ့​သား၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​မည်​ဟု ငါ​အ​ကြံ​ရှိ​ပြီ။ 8သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ​သို့​ရောက်​သည်​ကား၊ သင်​သည် များ​စွာ​စစ်​တိုက်၍ လူ​အ​များ​တို့​ကို သတ်​လေ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ငါ့​မျက်​မှောက်၌ များ​စွာ​သော​အ​သွေး​ကို သွန်း​သော​ကြောင့်၊ ငါ့​နာ​မ​အ​ဖို့ အိမ်​ကို မ​တည်​မ​ဆောက်​ရ။ 9သင်​မြင်​သော သား​တစ်​ယောက်​သည် ငြိမ်​ဝပ်​သော​သူ ဖြစ်​လိမ့်​မည်။ သူ၏​အ​မည်​ကား ရှော​လ​မုန်​ဖြစ်၍၊ သူ့​ပတ်​လည်၌ ရန်​သူ​မ​ရှိ။ ငြိမ်​ဝပ်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ သူ၏​လက်​ထက်၌ ဣ​သ​ရေ​လ​အ​မျိုး​သည် စစ်​တိုက်​ခြင်း​မ​ရှိ။ ငြိမ်​ဝပ်​စွာ​နေ​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​ပေး​မည်။ 10ထို​သား​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို တည်​ဆောက်​ရ​လိမ့်​မည်။ သူ​သည် ငါ့​သား​ဖြစ်​လိမ့်​မည်။ ငါ​သည်​လည်း သူ၏​အ​ဘ​ဖြစ်​မည်။ သူ​ထိုင်​သော ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ​ပြီ။#၂​ရာ၊ ၇:၁-၁၆။ ၅​ရာ၊ ၁၇:၁-၁၄။ 11သို့​ဖြစ်၍​ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​နေ၍ အ​ကြံ​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ရ​လိမ့်​မည်။ 12သို့​ရာ​တွင် သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို​စောင့်​ရှောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဉာဏ်​ပ​ညာ​ကို​ပေး၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​စီ​ရင်​ခြင်း​အ​မှု၌ မှာ​ထား​တော်​မူ​ပါ​စေ​သော။ 13ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သ​တိ​ပြု​လျှင် အ​ကြံ​ထ​မြောက်​ရ​လိမ့်​မည်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ စိုး​ရိမ်​ခြင်း၊ စိတ်​ပျက်​ခြင်း မ​ရှိ​စေ​နှင့်။#ယော​ရှု၊ ၁:၆-၉။ 14ငါ​သည် ဆင်း​ရဲ​ခံ​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ရွှေ​အ​ခွက်​တစ်​ထောင်​နှင့် ငွေ​အ​ခွက် တစ်​သောင်း​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​နှင့်​သံ​ကို​လည်း​ကောင်း၊ သစ်​သား​များ​နှင့် ကျောက်​များ​ကို​လည်း​ကောင်း ပြင်​ဆင်​ပြီ။ သင်​သည်​လည်း ထပ်၍ ပြင်​ဆင်​ရ​မည်။ 15ထို​မှ​တစ်​ပါး သင်၌​များ​စွာ​သော လက်​သ​မား၊ ပန်း​ရန်​သ​မား၊ ကျောက်​ဆစ်​သ​မား၊ အ​မျိုး​မျိုး​သော​အ​တတ်၌ လေ့​ကျက်​သော ဆ​ရာ​သ​မား​ရှိ​ကြ၏။ 16ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​တိုင်း​မ​သိ​များ​သည် ဖြစ်၍ ထ​လော့။ ကြိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု မှာ​ထား​တော်​မူ၏။
17ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​သည် သား​တော်​နှင့် ဝိုင်း​ရ​မည်​အ​ကြောင်း​မှာ​ထား​လေ​သည်​မှာ၊ 18သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည် မ​ဟုတ်​လော။ ပြည်​သူ​ပြည်​သား​တို့​ကို ငါ့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့၊ ထို​ဘု​ရား​သ​ခင်၏ လူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​သည် နှိမ့်​ချ​လျက်​ရှိ၏။ 19သို့​ဖြစ်၍ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို နှိုး​ဆော်​တိုက်​တွန်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့၊ တည်​ရ​သော အိမ်​တော်​ထဲ​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တန်​ဆာ​တို့​ကို သွင်း​ခြင်း​ငှာ ထ​ကြ​လော့။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ