YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 6:3-6

ဆာ​လံ 6:3-6 BCL

ကျွန်​တော်​မျိုး​သည်​ကိုယ်​စိတ်​နှစ်​ပါး​ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​စား​လျက်​ရှိ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကာ​လ​ကြာ​မှ​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​မည်​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။ ကိုယ်​တော်​၏​က​ရု​ဏာ​တော်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ပါ။ မ​ရ​ဏာ​နိုင်​ငံ​တွင်​ကိုယ်​တော်​အား အောက်​မေ့​သ​တိ​ရ​သူ​မ​ရှိ​ပါ။ ထို​အ​ရပ်​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား ထော​မ​နာ​ပြု​နိုင်​မည်​မ​ဟုတ်​ပါ။ ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ည​တိုင်း​ပင်​လျှင်​ငို​ယို​ရ​သ​ဖြင့်​အိပ်​ရာ​သည် စို​စွတ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ခေါင်း​အုံး​သည်​မျက်​ရည် စို​ရွှဲ​လျက်​ရှိ​ပါ​၏။