YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 6

6
ပေးကမ်းခြင်း/အကြောင်း သွန်သင်တော်မူခြင်း
1သင်တို့/၏ ကောင်းသော/အကျင့်/ကို လူ/မြင်သာ/အောင် အများ/ရှေ့/တွင် မကျင့်မိ/ရန် သတိပြုကြလော့။ လူ/မြင်သာ/အောင် ပြု/လျှင် ကောင်းကင်ဘုံ/၌/ရှိတော်မူသော သင်တို့/အဖ/ထံမှ ဆုလာဘ်/ကို ရရှိမည်/မဟုတ်။ 2သင်/သည် အလှူအတန်း/ပြု/သောအခါ သူတော်ကောင်း/ယောင်ဆောင်သူတို့/ကဲ့သို့ မပြုနှင့်။ ထို/သူတို့/သည် လှူဒါန်း/သောအခါ လူတို့/၏/ချီးမွမ်းပြောဆိုခြင်း/ကို ခံလို/သဖြင့် ဝတ်ပြုဆောင်များ/နှင့် လမ်းများ/၌ တီးမှုတ်/တတ်ကြ၏။ သင်တို့/အား ငါ/အမှန်/ဆို၏။ ထို/သူတို့/သည် မိမိတို့ ခံစားရမည့် အကျိုး/အားလုံး/ကို ရရှိကြပြီ။ 3သို့သော် သင်/သည် အလှူအတန်းပြု/သောအခါ လှူဒါန်းကြောင်း/ကို မထင်ရှားစေနှင့်။ လက်ယာလက် ပြုသော/အရာ/ကို လက်ဝဲလက်/ပင် မသိစေနှင့်။ 4ထိုသို့/ပြု/လျှင် အရာ/အားလုံး/ကို သိမြင်တော်မူသော သင်/၏/အဖ/သည် ဆုလာဘ်/ကို ပေးတော်မူ/လိမ့်မည်။
အစာရှောင်ခြင်း/နှင့် ဆုတောင်းခြင်း/အကြောင်း သွန်သင်တော်မူခြင်း
5သင်တို့/သည် ဆုတောင်း/သောအခါ သူတော်ကောင်း/ယောင်ဆောင်သူများ/ကဲ့သို့ မပြုကြနှင့်။ ထို/သူတို့/သည် လူ/မြင်သာ/စေရန် ဝတ်ပြုဆောင်များ/နှင့် လမ်းဆုံလမ်းခွများ/တွင်/ရပ်/လျက် ဆုတောင်းရသည်/ကို နှစ်သက်ကြ၏။ သင်တို့/အား ငါ/အမှန်/ဆို၏။ ထို/သူတို့/သည် မိမိတို့ ခံစားရမည့် အကျိုး/အားလုံး/ကို ရရှိကြပြီ။ 6သို့ရာတွင် သင်/သည် ဆုတောင်း/သောအခါ အခန်း/ထဲသို့ ဝင်/၍ တံခါး/ကို ပိတ်ပြီး/လျှင် မျက်စိ/ဖြင့် မတွေ့မြင်နိုင်သော သင်/၏/အဖ/ထံတော်သို့ တောင်းလျှောက်လော့။ ထိုအခါ အရာ/အားလုံး/ကို သိမြင်တော်မူသော သင်/၏/အဖ/သည် ဆုလာဘ်/ကို ပေးတော်မူ/လိမ့်မည်။
7သင်တို့/သည် ဆုတောင်း/သောအခါ ဘုရားသခင်/ကို မကိုးကွယ်သော/သူများ ဆုတောင်း/သကဲ့သို့ အဓိပ္ပာယ်မဲ့သော/စကား/ဖြင့် မရွတ်ဆိုကြနှင့်။ ထို/သူတို့/သည် များစွာသော/စကားတို့/ကို ထပ်တလဲလဲ/ရွတ်ဆို/ပါက ဆုတောင်းပြည့်မည်/ဟု ထင်မှတ်ကြ၏။ 8ထို/သူတို့/ကဲ့သို့ မပြုကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့/၏ အဖ/သည် သင်တို့/၏/လိုအပ်မှု/ကို သင်တို့/မတောင်းလျှောက်/မီ/ကပင် သိမြင်တော်မူ/သောကြောင့်/ဖြစ်၏။ 9ထို့ကြောင့် သင်တို့/ဆုတောင်း/သောအခါ
ကောင်းကင်ဘုံ/၌ ရှိတော်မူသော အကျွန်ုပ်တို့/၏ အဖ…
ကိုယ်တော်/၏/အမည်/နာမတော်/သည် ရိုသေလေးမြတ်ခြင်း ခံရပါစေသော။
10နိုင်ငံတော်/တည်ထောင်ပါစေသော။
အလိုတော်/သည် ကောင်းကင်ဘုံ/၌ ပြည့်စုံ/သကဲ့သို့
မြေကြီး/ပေါ်/၌လည်း ပြည့်စုံပါစေသော။
11အကျွန်ုပ်တို့ လိုအပ်သော/အစာ/ကို ယနေ့/ပေးသနားတော်မူပါ။
12အကျွန်ုပ်တို့/အပေါ် ပြစ်မှားသော/သူတို့/ကို အကျွန်ုပ်တို့/သည် ခွင့်လွှတ်/သကဲ့သို့
အကျွန်ုပ်တို့/၏ အပြစ်များ/ကိုလည်း ခွင့်လွှတ်တော်မူပါ။
13ဖြားယောင်း/သွေးဆောင်ရာ/သို့ မကျရောက်စေဘဲ
မာရ်နတ်/၏ လက်/မှ အကျွန်ုပ်တို့/ကို ကယ်တင်တော်မူပါ။
တန်ခိုးတော်/နှင့် ဘုန်းတော်/သည် ကမ္ဘာအဆက်ဆက်/ကိုယ်တော်/၌ ရှိပါ၏။
အာမင်။#6:13 “တန်ခိုးတော်/နှင့် ဘုန်းတော်/သည် ကမ္ဘာအဆက်ဆက်/ကိုယ်တော်/၌ ရှိပါ၏။ အာမင်။” အချို့/လက်ရေးမူကျမ်းများ/တွင် ဤ/စာကြောင်း/မပါဝင်ပါ။
ဟူ၍ တောင်းကြလော့။
14သင်တို့/သည် တစ်ပါးသူတို့/၏ အပြစ်များ/ကို ခွင့်လွှတ်/လျှင် ကောင်းကင်ဘုံရှင် သင်တို့/၏/အဖ/သည်လည်း သင်တို့/၏ အပြစ်များ/ကို ခွင့်လွှတ်တော်မူ/လိမ့်မည်။ 15သို့သော် သင်တို့/သည် တစ်ပါးသူ/ကို ခွင့်မလွှတ်/လျှင် သင်တို့/၏ အဖ/သည် သင်တို့/၏ အပြစ်များ/ကို ခွင့်လွှတ်တော်မူမည်/မဟုတ်။
16သင်တို့/သည် အစာရှောင်/သောအခါ သူတော်ကောင်း/ယောင်ဆောင်သူတို့/ကဲ့သို့ မျက်နှာ/မညှိုးငယ်စေနှင့်။ ထို/သူတို့/သည် မိမိတို့/အစာရှောင်နေကြောင်း လူ/အများ/သိမြင်/စေရန် မျက်နှာသွင်ပြင်/ကို မကြည်မသာ/ဖြစ်စေကြ၏။ သင်တို့/အား ငါ/အမှန်/ဆို၏။ ထို/သူတို့/သည် မိမိတို့ ခံစားရမည့် အကျိုး/အားလုံး/ကို ရရှိကြပြီ။ 17သို့ရာတွင် သင်/သည် အစာရှောင်/သောအခါ သင်/၏ ဦးခေါင်း/ကို ဆီလိမ်းလော့။ မျက်နှာ/ကိုလည်း သစ်လော့။ 18ထိုသို့/ပြုလျှင် သင်/အစာရှောင်နေကြောင်း/ကို မည်သူ/မျှ သိမည်/မဟုတ်။ သို့သော်လည်း လူ့/မျက်စိ/ဖြင့် မတွေ့မြင်နိုင်သော သင်/၏/အဖ/သည် သိမြင်တော်မူ၏။ အရာ/အားလုံး/ကို သိမြင်တော်မူသော သင်/၏/အဖ/သည် ဆုလာဘ်/ကို ပေးတော်မူ/လိမ့်မည်။
ငွေကြေး/နှင့် ပိုင်ဆိုင်မှု/အကြောင်း သွန်သင်တော်မူခြင်း
19သံချေး/နှင့်/ပိုး ဖျက်ဆီး/၍ သူခိုး/ဖောက်ထွင်း/ခိုးယူနိုင်သော လောက/၌ ဘဏ္ဍာ/ကို မစုဆောင်းကြနှင့်။ 20သံချေး/နှင့်/ပိုး မဖျက်ဆီးနိုင်/၍ သူခိုး/မဖောက်ထွင်း/မခိုးယူနိုင်သော ကောင်းကင်ဘုံ/၌ ဘဏ္ဍာ/ကို စုဆောင်းကြလော့။ 21အဘယ်ကြောင့်ဆိုသော် သင်တို့/၏/ဘဏ္ဍာ/ရှိသော/နေရာ/သို့ သင်တို့/စိတ်နှလုံး ရောက်တတ်/သောကြောင့်/ဖြစ်၏။
22မျက်စိ/သည် ကိုယ်ခန္ဓာ/၏ မီးအိမ်/ဖြစ်၏။ ထို့ကြောင့် သင်/၏ မျက်စိ ကောင်းမွန်/လျှင် သင်/၏ ကိုယ်ခန္ဓာ/တစ်ခုလုံး လင်း/လိမ့်မည်။ 23သို့ရာတွင် သင်/၏ မျက်စိ/သည် မကောင်း/လျှင် သင်/၏ ကိုယ်ခန္ဓာ/တစ်ခုလုံး မှောင်မိုက်နေ/လိမ့်မည်။ ထို့ကြောင့် သင့်/အထဲ/၌ ရှိသည့် အလင်း/ဟု သင်/ထင်မှတ်သော/အရာ/သည် အမှောင်/ဖြစ်/ပါက ထို/အမှောင်/သည် အလွန်/မှောင်/လိမ့်မည်။
24မည်သူ/မျှ သခင်/နှစ်ဦး/ကို အစေမခံနိုင်ပေ။ သခင်/တစ်ဦး/ကို မုန်း/၍ ကျန်/တစ်ဦး/ကို ချစ်မည်။ သို့မဟုတ် သခင်/တစ်ဦး/ကို ကြည်ညိုလေးစား/၍ ကျန်/တစ်ဦး/ကို မခန့်လေးစားပြုမည်။ သင်တို့/သည် ဘုရားသခင်/နှင့် ငွေ/အား တစ်ချိန်တည်း/တွင် အစေခံ/ရန် မဖြစ်နိုင်ပါ။
25ထို့ကြောင့် သင်တို့/အား ငါ/ပြောဆိုသည်/မှာ သင်တို့/အသက်ရှင်/ရန်အတွက် မည်သည့်/အရာ/စားသောက်ရမည်/ကို/လည်းကောင်း၊ သင်တို့/ကိုယ်ခန္ဓာ/အတွက် မည်သည့်/အရာ/ဝတ်ရမည်/ကို/လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်/သည် အစာ/ထက်/မြတ်သည် မဟုတ်လော။ ကိုယ်/ခန္ဓာ/သည် အဝတ်/ထက်/မြတ်သည် မဟုတ်လော။ 26မိုးကောင်းကင်/တွင် ပျံသန်းသော/ငှက်များ/ကို ကြည့်လော့။ ထို/ငှက်တို့/သည် မျိုးမကြဲ။ အစာ/ကို/ကျီ/၌ မသိုလှောင်။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့/၏/အဖ/သည် ထို/ငှက်တို့/ကို ကျွေးမွေးတော်မူ၏။ သင်တို့/သည် ထို/ငှက်များ/ထက် ပို/၍ အဖိုးထိုက်တန်ကြသည် မဟုတ်လော။ 27မည်သူ/သည် စိုးရိမ်ခြင်း/အားဖြင့် မိမိ/၏ အသက်/ကို အချိန်/တစ်ခဏ/ရှည်စေနိုင်သနည်း။
28သင်တို့/သည် အဘယ်ကြောင့် အဝတ်/အတွက် စိုးရိမ်ကြသနည်း။ လယ်ပြင်/၌/ရှိသော နှင်းပန်းပင်များ မည်သို့ ကြီးထွား/ရှင်သန်သည်/ကို ကြည့်လော့။ ထို/အပင်တို့/သည် ပင်ပန်းကြီးစွာ အလုပ်/မလုပ်။ ချည်/လည်း မငင်။ 29သို့သော် ဘုန်းကြီးသော/ရှောလမုန်မင်းကြီး/ပင်လျှင် ထို/နှင်းပန်းပင်/တစ်ပင်/ကဲ့သို့ မဝတ်ဆင်ခဲ့ရ/ဟု သင်တို့/အား ငါ/ပြောဆို၏။ 30ယုံကြည်ခြင်း/အားနည်းသော/သူတို့… ယနေ့/ရှင်သန်/၍ မနက်ဖြန်/မီးဖို/ထဲသို့ ပစ်ချခံရသည့် တောပန်းပင်/ကို ဘုရားသခင်/သည် ထို/မျှ/ဆင်မြန်းတော်မူ/လျှင် သင်တို့/ကို သာ/၍ ဆင်မြန်းတော်မူမည်/မဟုတ်လော။
31ထို့ကြောင့် မည်သည့်/အရာ/ကို စားသောက်ရမည်နည်း၊ မည်သည့်/အရာ/ကို ဝတ်ဆင်ရမည်နည်း/ဟု ဆို/လျက် မစိုးရိမ်ကြနှင့်။ 32ဘုရားသခင်/ကို မကိုးကွယ်သော/သူတို့/သည် ထို/အရာများ/ကို ကြိုးစား/ရှာဖွေတတ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့/၏/အဖ/သည် ထို/အရာများ/ကို သင်တို့/လိုအပ်ကြောင်း အမှန်/သိမြင်တော်မူ၏။ 33ဘုရားသခင်/၏ နိုင်ငံတော်/နှင့် ဖြောင့်မတ်ခြင်း/ကို ဦး/စွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့/လိုအပ်သော အရာ/အားလုံး/ကို ပေးတော်မူ/လိမ့်မည်။
34ထို့ကြောင့် မနက်ဖြန်/အတွက် မစိုးရိမ်နှင့်။ မနက်ဖြန်/နှင့် သက်ဆိုင်သော/စိုးရိမ်စရာ/သည် မနက်ဖြန်/၌/သာ ရှိ၏။ ယနေ့/ကြုံတွေ့ရသော/ဒုက္ခပြဿနာ/သည် ယနေ့/အတွက် တော်လောက်ပေ၏။

လက်ရှိရွေးချယ်ထားမှု

မဿဲ 6: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ