YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 4

4
ဖြားယောင်း/သွေးဆောင်ခြင်း/ကို ခံတော်မူခြင်း
1ထို့နောက် မာရ်နတ်/၏ ဖြားယောင်း/သွေးဆောင်ခြင်း/ကို ခံတော်မူ/စေရန် ဝိညာဉ်တော်/သည် ယေရှု/ကို တောကန္တာရ/သို့ ပို့ဆောင်တော်မူ၏။ 2ယေရှု/သည် ရက်ပေါင်း/လေးဆယ် အစာရှောင်/ပြီးနောက် အလွန်/ဆာလောင်တော်မူ၏။ 3ထိုအခါ မာရ်နတ်#4:3 မူရင်း/ဂရိကျမ်း/တွင် “ဖြားယောင်း/သွေးဆောင်သူ” ဟု ဖော်ပြထားသည်။/သည် လာ/၍ “သင်/သည် ဘုရားသခင်/၏ သားတော်/မှန်/လျှင် ဤ/ကျောက်ခဲများ/ကို မုန့်/ဖြစ်/စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
4သို့ရာတွင် ယေရှု/က “ကျမ်းစာ/၌ ရေးသားထားသည်/မှာ
‘လူ/သည် အစာ/ဖြင့်/သာ အသက်ရှင်ရသည်/မဟုတ်။
ဘုရားသခင်/၏ နှုတ်တော်ထွက်/စကား/ရှိသမျှ/ဖြင့် အသက်ရှင်/ရမည်’#4:4 တရား ၈:၃။
ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
5ထို့နောက် မာရ်နတ်/သည် ယေရှု/ကို သန့်ရှင်းသော/ဂျေရုဆလင်မြို့/သို့ ခေါ်ဆောင်သွား/၍ ဗိမာန်တော်/ထိပ်/၌ ရပ်စေတော်မူ/ပြီးလျှင် 6“သင်/သည် ဘုရားသခင်/၏ သားတော်/မှန်/လျှင် အောက်/သို့ ခုန်ချလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ/တွင် ရေးသားထားသည်/မှာ
‘ဘုရားသခင်/သည် ကောင်းကင်တမန်များ/အား သင့်/ကို စောင့်ရှောက်/ရန် မှာထားတော်မူ/လိမ့်မည်။
သင်/၏/ခြေ/ကို ကျောက်/နှင့် မထိခိုက်/စေရန်
သူတို့/သည် သင့်/ကို လက်/ဖြင့် ချီပင့်ကြ/လိမ့်မည်’#4:6 ဆာ ၉၁:၁၁‑၁၂။
ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။
7ယေရှု/ကလည်း “ကျမ်းစာ/၌ ရေးသားထားသည်/မှာ ‘သင်/၏/ဘုရားသခင်/ကို အကဲမစမ်းရ’#4:7 တရား ၆:၁၆။ ဟူ၍ ဖြစ်သည်” ဟု ပြန်/၍ မိန့်တော်မူ၏။
8ထို့နောက် မာရ်နတ်/သည် ယေရှု/ကို အလွန်/မြင့်မားသော တောင်ထိပ်/ပေါ်/သို့ ခေါ်ဆောင်ပြီး/လျှင် ကမ္ဘာလောက/ရှိ တိုင်းနိုင်ငံ/အားလုံး/နှင့် ၎င်းတို့/၏ ဘုန်းစည်းစိမ်/အားလုံး/ကို ညွှန်ပြလေ၏။ 9ပြီးမှ “သင်/သည် ငါ့/ကို ကိုးကွယ်/လျှင် ဤ/အရာ/အားလုံး/ကို သင့်/အား ငါ/ပေးမည်” ဟု လျှောက်လေ၏။
10ယေရှု/က “အို စာတန်မာရ်နတ်… ငါ့/ထံမှ ထွက်သွားလော့။ ကျမ်းစာ/၌ ရေးသားထားသည်/မှာ
‘သင်/၏/ဘုရားသခင်/ကိုသာ ကိုးကွယ်/ရမည်။
ထို/အရှင်/တစ်ပါးတည်း/ကိုသာ ဝတ်ပြု/ရမည်’#4:10 တရား ၆:၁၃။
ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
11ထိုအခါ မာရ်နတ်/သည် ထွက်ခွာသွား/ပြီး ကောင်းကင်တမန်တို့/သည် လာ/၍ ယေရှု/ကို လုပ်ကျွေးပြုစုကြ၏။
အမှုတော်/ကို စတင်/ဆောင်ရွက်တော်မူခြင်း
12ယောဟန်/ထောင်ချ/ခံရကြောင်း/ကို ကြားတော်မူ/သောအခါ ယေရှု/သည် ဂါလိလဲပြည်/သို့ ကြွတော်မူ၏။ 13နာဇရက်မြို့/သို့ ဦးစွာ/ရောက်တော်မူ/ပြီးနောက် ထို/မြို့/မှ ထွက်ခွာ/၍ ဇာဗုလုန်/နှင့် နဿလိ/နယ်မြေစပ်ကြား/တွင်/ရှိသော ဂါလိလဲအိုင်/အနီး/ရှိ ကပေရနောင်မြို့/သို့ သွားရောက်/နေထိုင်တော်မူ၏။ 14ဤ/အရာ/သည် ပရောဖက်/ဟေရှာယ/အားဖြင့် မိန့်တော်မူသော ဘုရားသခင်/၏/စကားတော်/အတိုင်း ဖြစ်ပျက်လာ/စေရန်/ပင်/ဖြစ်၏။ ထို/မိန့်တော်မူချက်/မှာ
15“ဂျော်ဒန်မြစ်/တစ်ဖက် အိုင်/နံဘေး/တစ်လျှောက်/၌ တည်ရှိသည့်
ဇာဗုလုန်/နှင့် နဿလိ/နယ်မြေ/ဖြစ်သော
လူမျိုးခြားများ/နေထိုင်ရာ ဂါလိလဲပြည်
16အမှောင်/တွင် နေထိုင်ကြသော/လူတို့/သည်
အလင်းရောင်ကြီး/ကို မြင်ရပြီ။
သေမင်း/အရိပ်/ရှိရာ အရပ်/၌ နေကြသော/သူတို့/အပေါ်တွင်
အလင်း/သည် ထွန်းလင်းပြီ”#4:16 ဟေရှာ ၉:၁။
ဟူ၍ ဖြစ်၏။
17ထို/အချိန်/မှ/စ/၍ ယေရှု/က “ကောင်းကင်/နိုင်ငံတော် ပေါ်ထွန်းချိန်/နီးပြီ/ဖြစ်/သောကြောင့် နောင်တရကြလော့” ဟု စတင်/ဟောပြောတော်မူ၏။
ပထမဦးဆုံးသော/တပည့်တော်များ
18တစ်နေ့/၌ ယေရှု/သည် ဂါလိလဲအိုင်/နံဘေး/တစ်လျှောက် ကြွတော်မူ/စဉ် အိုင်/ထဲတွင် ကွန်ပစ်နေကြသည့် ပေတရု/ဟု ခေါ်သော ရှိမုန်/နှင့် ညီဖြစ်သူ/အန္ဒြေ/တို့/ကို တွေ့မြင်တော်မူ၏။ ထို/သူတို့/သည် တံငါသည်များ/ဖြစ်ကြ၏။ 19ယေရှု/က “ငါ့/နောက်သို့ လိုက်ကြလော့။ ငါ/သည် သင်တို့/အား လူ/ကို/ဖမ်းသော တံငါ/ဖြစ်စေမည်” ဟု မိန့်တော်မူ၏။ 20ထိုအခါ သူတို့/သည် ပိုက်ကွန်များ/ကို ချက်ချင်း/ထားခဲ့/၍ ယေရှု/နောက်တော်/သို့ လိုက်ကြ၏။
21ထို/နေရာ/မှ အနည်းငယ်/ကြွတော်မူ/သောအခါ အခြား/ညီအစ်ကို/နှစ်ဦး/ဖြစ်သော ယာကုပ်/နှင့် ယောဟန်/တို့/ကို မြင်တော်မူ၏။ သူတို့/သည် ဇေဗေဒဲ/၏/သားများ/ဖြစ်ကြ/၍ လှေ/ထဲ/၌ ဖခင်/နှင့်အတူ ပိုက်ကွန်များ/ဖာထေး/ပြုပြင်နေကြ၏။ ယေရှု/က သူတို့/ကို နောက်တော်/သို့ လိုက်/ရန် ခေါ်တော်မူ၏။ 22သူတို့/သည်လည်း လှေ/နှင့် ဖခင်/ကို ချက်ချင်း/ထားခဲ့/၍ ယေရှု/နောက်တော်/သို့ လိုက်ကြ၏။
နာမကျန်း/ဖြစ်နေသူများ/ကို ကုသ/ပျောက်ကင်းစေတော်မူခြင်း
23ကိုယ်တော်/သည် ဂါလိလဲပြည်/တစ်ခွင်လုံး/သို့ လှည့်လည်/၍ ဂျူးဝတ်ပြုဆောင်များ/တွင် သွန်သင်/လျက် ကောင်းကင်/နိုင်ငံတော်/နှင့်/ဆိုင်သော သတင်းကောင်း/ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့/၏ ရောဂါ/အမျိုးမျိုး/နှင့် ဖျားနာခြင်း/အမျိုးမျိုးတို့/ကိုလည်း ပျောက်ကင်းစေတော်မူ၏။ 24ကိုယ်တော်/၏/သတင်း/သည် ဆီးရီးယားပြည်/တစ်လျှောက်လုံး/သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့/သည် ဖျားနာသူများ၊ ရောဂါ/ဝေဒနာ/အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ/နှင့် လေဖြတ်နေသူများ/ကို ခေါ်ဆောင်လာကြ၏။ ယေရှု/သည် ထို/သူတို့/အားလုံး/၏ ရောဂါများ/ကို ပျောက်ကင်းစေတော်မူ၏။ 25ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ဂျေရုဆလင်မြို့၊ ယုဒပြည်/နှင့် ဂျော်ဒန်မြစ်/တစ်ဖက်ကမ်း/မှ လူအုပ်ကြီး/သည် ယေရှု/နောက်တော်/သို့ လိုက်ကြ၏။

လက်ရှိရွေးချယ်ထားမှု

မဿဲ 4: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။