YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 9:9-17

ဇာခရိ 9:9-17 JBMLE

အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။ ငါ​သည် ဧ​ဖ​ရိမ်​ပြည်၌ ရ​ထား​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌ မြင်း​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ စစ်​လေး​ကို​လည်း ပယ်​ဖြတ်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် စစ်​ငြိမ်း​မည် အ​ကြောင်း​ကို ထို​အ​ရှင်​သည် မိန့်​တော်​မူ​မည်။ အာ​ဏာ​တော်​လည်း ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​လည်း​ကောင်း တည်​လိမ့်​မည်။ သင်၏​အ​မှု​မူ​ကား၊ ချုပ်​ထား​လျက်​ရှိ​သော သင်၏​လူ​တို့​ကို၊ ရေ​မ​ရှိ​သော မြေ​တွင်း​ထဲ​က၊ သင်​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​အ​သွေး​ကြောင့် ငါ​ကယ်​လွှတ်​မည်။ အ​ချုပ်​ခံ၍ မျှော်​လင့်​သော သူ​တို့၊ ရဲ​တိုက်​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည် နှစ်​ဆ​သော​ကျေး​ဇူး​ကို ပြု​ဦး​မည်​ဟု ယ​နေ့​ပင် ပြော​ထား၏။ ယု​ဒ​လေး​ကို ငါ​တင်၍၊ ဧ​ဖ​ရိမ်​လေး​ကို ဆွဲ​ငင်​လျက်၊ ဇိ​အုန်​သား​တို့​ကို ဟေ​လ​သ​သား​တို့​တစ်​ဖက်၌ နှိုး​ဆော်၍၊ သင့်​ကို သူ​ရဲ၏​ဓား​ကဲ့​သို့ ဖြစ်​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ​ထင်​ရှား​တော်​မူ၍၊ မြား​တော်​သည် လျှပ်​စစ်​ပြက်​သ​ကဲ့​သို့ ပြေး​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​သည် တံ​ပိုး​မှုတ်၍၊ တောင်​လေ​ပွေ​တို့​နှင့် ကြွ​သွား​တော်​မူ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ကွယ်​ကာ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုက်​စား၍ လက်​လွှဲ​ကျောက်​တို့​ကို ကျော်​နင်း​ကြ​လိမ့်​မည်။ သောက်​ပြီး​လျှင်၊ စ​ပျစ်​ရည်​နှင့် ဝ​သ​ကဲ့​သို့ ကြွေး​ကြော်​ကြ​လိမ့်​မည်။ အင်​တုံ​ကဲ့​သို့​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ထောင့်​ကဲ့​သို့​လည်း​ကောင်း ပြည့်​ဝ​ကြ​လိမ့်​မည်။ ထို​နေ့၌ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိုး​စု​ကဲ့​သို့ ကယ်​တင်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည် မြေ​တော်၌ ထင်​ရှား​သော သ​ရ​ဖူ​မျက်​မွန် ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​စွ​တ​ကား။ ဂုဏ်​အ​သ​ရေ​တော်​လည်း အ​လွန်​ကြီး​စွ​တ​ကား။ ဆန်​စ​ပါး​သည် လု​လင်​တို့​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​သစ်​သည် အ​ပျို​မ​တို့​ကို​လည်း​ကောင်း တိုး​ပွား​များ​ပြား​စေ​လိမ့်​မည်။