YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 15:25-29

ရောမ 15:25-29 JBMLE

ယ​ခု​အ​ခါ သန့်​ရှင်း​သူ​တို့​ကို​လုပ်​ကျွေး၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​သွား​ရ​မည်။- အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆင်း​ရဲ​သော သန့်​ရှင်း​သူ​တို့​အား ဥ​စ္စာ​ကို​ဝေ​မျှ၍ စေ​တ​နာ​စိတ်​နှင့် လှူ​ကြ​ပြီ။- စေ​တ​နာ​စိတ်​ရှိ​သည်​ဟု ဆို​သော်၊ ထို​သူ​တို့​သည် ကျေး​ဇူး​တင်​သော​သူ ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဓ​မ္မ​ဥ​စ္စာ​ကို ယု​ဒ​အ​မျိုး​သား​တို့​နှင့် ဆက်​ဆံ၍​ခံ​ရ​သည်​မှန်​လျှင်၊ လော​ကီ​ဥ​စ္စာ​ကို လှူ၍ လုပ်​ကျွေး​အပ်၏။- ထို​ကြောင့်၊ ဤ​အ​မှု​ကို ငါ​ဆောင်​ရွက်၍ ဤ​အ​လှူ​လက်​ဆောင်​ကို လုံ​ခြုံ​စေ​ပြီး​လျှင်၊ သင်​တို့​အ​နား​မှာ လျှောက်၍ စ​ပါ​နိ​ပြည်​သို့​သွား​မည်။- သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​သော​အ​ခါ၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၌​ပါ​သော ကောင်း​ချီး​မင်္ဂ​လာ​ပြည့်​စုံ​ခြင်း​နှင့် ရောက်​လာ​မည်​ကို ငါ​သိ၏။