YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 19:1-6

ဗျာဒိတ် 19:1-6 JBMLE

ထို​နောက်​မှ ကောင်း​ကင်​ဘုံ၌ စည်း​ဝေး​သော သူ​အ​များ​တို့၏ အ​သံ​ကြီး​ကား၊ ဟာ​လေ​လု​ယ၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ချမ်း​သာ၊ ဘုန်း​အ​သ​ရေ​တန်​ခိုး​တော်​ပေ​တည်း။- စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။- တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ​ဟူ၍​လည်း​ကောင်း၊ သူ၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​သည် ဟူ၍​လည်း​ကောင်း ပြော​ဆို​ကြ၏။- အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​နှင့် သ​တ္တ​ဝါ လေး​ပါး​တို့​သည် ပျပ်​ဝပ်၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊ အာ​မင်၊ ဟာ​လေ​လု​ယ​ဟု လျှောက်​ဆို​ကြ၏။ ပ​လ္လင်​တော်​ပေါ်​က ထွက်​သော​အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ ကျွန်​အ​ပေါင်း​တို့​နှင့် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့​ဟု ဆို​သ​တည်း။ တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် စိုး​စံ​တော်​မူ၏။