YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 89

89
ဘု​ရား​သ​ခင်​နှင့်​ဒါ​ဝိဒ်၏​ပ​ဋိ​ညာဉ်
(၃​ရာ၊ ၄း၃၁)
1အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​ကို အ​စဉ်​အ​မြဲ​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်၏​သ​စ္စာ​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​အား ဟော​ပြော​မြွက်​ဆို​ပါ​မည်။ 2က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​ရ​ပါ၏။ သ​စ္စာ​တော်​ကို ကောင်း​ကင်၌ ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​သ​ဘော​ကျ​ပါ၏။ 3ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် ငါ​မြဲ​မြံ​စေ​မည်။ 4သင်၏​ပ​လ္လင်​ကို​လည်း လူ​မျိုး​အ​ဆက်​ဆက်​တည်​စေ​မည်​ဟု ငါ​ရွေး​ကောက်​သော​သူ​နှင့် ငါ​သည်​ပ​ဋိ​ညာဉ်​ဖွဲ့၍၊ ငါ၏​ကျွန်​ဒါ​ဝိဒ်​အား ကျိန်​ဆို​ခြင်း​ကို ပြု​ပြီ။#၂ ရာ၊ ၇:၁၂-၁၆၊ ၅ ရာ၊ ၁၇:၁၁-၁၄၊ ဆာ၊ ၁၃၂:၁၁၊ တ၊ ၂:၃၀။
5အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​သည် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​တို့​သည် စည်း​ဝေး​လျက် သ​စ္စာ​တော်​ကို​လည်း​ကောင်း ချီး​မွမ်း​ကြ​ပါ​စေ​သော။ 6အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​တွင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​ပြိုင်​နိုင်​သ​နည်း။ ဘု​ရား​သ​ခင်၏​သား​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ 7ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။ 8ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ တူ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ခွန်​အား​ကြီး​တော်​မူ၏။ သ​စ္စာ​တော်​လည်း ကိုယ်​တော်​ကို ပတ်​ဝန်း​လျက်​ရှိ​ပါ၏။ 9သ​မု​ဒ္ဒ​ရာ​ဟုန်း​ခြင်း​ကို အ​စိုး​ရ​တော်​မူ၏။ လှိုင်း​တံ​ပိုး​ထ​သော​အ​ခါ ငြိမ်း​စေ​တော်​မူ၏။ 10ကိုယ်​တော်​သည် သူ​ရဲ​ကဲ့​သို့ ရာ​ခပ်​ကို​ချိုး​ဖျက်၍၊ အား​ကြီး​သော​လက်​ရုံး​တော်​ဖြင့် ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ၏။ 11ကောင်း​ကင်​နှင့် မြေ​ကြီး​သည် ကိုယ်​တော်၏​ဥ​စ္စာ​ဖြစ်​ပါ၏။ လော​က​ဓာတ်​နှင့် လော​က​ဓာတ်​တန်​ဆာ​များ​ကို တည်​တော်​မူ​ပြီ။ 12မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ တာ​ဗော်​တောင်​နှင့် ဟေ​ရ​မုန်​တောင်​သည် နာ​မ​တော်​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ၏။ 13တန်​ခိုး​ရှိ​သော​လက်​ရုံး​နှင့် ပြည့်​စုံ​တော်​မူ၏။ လက်​တော်​သည်​အား​ကြီး၍၊ လက်​ယာ​လက်​တော်​သည် မြင့်​ပါ၏။ 14တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်​ပါ၏။ က​ရု​ဏာ​နှင့်​သ​စ္စာ​သည် မျက်​နှာ​တော်​ရှေ့၌​သွား​ကြ​ပါ၏။ 15အို ထာ​ဝ​ရ​ဘု​ရား၊ နှိုး​ဆော်​တော်​မူ​ခြင်း​အ​သံ​ကို နား​လည်​သော​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။ 16သူ​တို့​သည် မျက်​နှာ​တော်​အ​လင်း၌ သွား​လာ​ရ​ကြ​ပါ၏။ နာ​မ​တော်၌ အ​စဉ်​ဝမ်း​မြောက်၍ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​အား​ဖြင့် ချီး​မြှောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ 17ကိုယ်​တော်​သည် သူ​တို့​အ​စွမ်း​သ​တ္တိ၏ ဘုန်း​ဖြစ်​တော်​မူ၏။ ကျေး​ဇူး​တော်​အား​ဖြင့်​လည်း အ​ကျွန်ုပ်​တို့၏ ဦး​ချို​သည် ချီး​မြှောက်​လျက်​ရှိ​ပါ၏။ 18ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို ကွယ်​ကာ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​သည် အ​ကျွန်ုပ်​တို့၏​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၏။
ဒါ​ဝိဒ်​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​က​တိ
19တစ်​ရံ​ရော​အ​ခါ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် မိန့်​မြွက်​တော်​မူ​သည်​ကား၊ အား​ကြီး​သော​သူ​သည် ကူ​မ​မည်​အ​ကြောင်း ငါ​ခန့်​ထား​ပြီ။ လူ​စု​ထဲ​က ရွေး​ကောက်​သော​သူ တစ်​ယောက်​ကို ငါ​ချီး​မြှောက်​ပြီ။ 20ငါ၏​ကျွန်​ဒါ​ဝိဒ်​ကို ငါ​တွေ့၍၊ သန့်​ရှင်း​သော​ဆီ​နှင့် ဘိ​သိက်​ပေး​ပြီ။#၁ ရာ၊ ၁၃:၁၄၊ တ၊ ၁၃:၂၂၊ ၁ ရာ၊ ၁၆:၁၂။ 21သူ့​ဘက်​မှာ ငါ့​လက်​သည်​တည်​လိမ့်​မည်။ ငါ့​လက်​ရုံး​သည် သူ့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​မည်။ 22ရန်​သူ​သည် သူ၏​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​ယူ​ရ။ မ​တ​ရား​သော​သူ​သည် မ​ညှဉ်း​ဆဲ​ရ။ 23သူ၏​ရန်​သူ​တို့​ကို သူ့​ရှေ့​မှာ ငါ​နှိပ်​စက်၍၊ သူ့​ကို​မုန်း​သော သူ​တို့​ကို ဒဏ်​ခတ်​မည်။ 24ငါ၏​သ​စ္စာ​နှင့် က​ရု​ဏာ​သည်​သူ့​ဘက်​မှာ​နေ၍၊ ငါ၏​နာ​မ​အား​ဖြင့် သူ၏​ဦး​ချို​သည် ချီး​မြှောက်​လျက် ရှိ​လိမ့်​မည်။ 25သူ၏​လက်​ကို​လည်း၊ ပင်​လယ်​ပေါ်​မှာ​လည်း​ကောင်း၊ သူ၏​လက်​ယာ​လက်​ကို မြစ်​များ​ပေါ်​မှာ​လည်း​ကောင်း ငါ​တင်၍​ထား​မည်။ 26သူ​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ဘ၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​ရာ​ကျောက်​ဖြစ်​တော်​မူ၏​ဟု ငါ့​ကို ကြွေး​ကြော်​လိမ့်​မည်။ 27အ​ကယ်​စင်​စစ် သူ့​ကို သား​ဦး​အ​ရာ၌ ခန့်​ထား၍၊ လော​ကီ​ရှင်​ဘု​ရင်​တို့​အ​ပေါ်​မှာ ချီး​မြှောက်​မည်။#ဗျာ၊ ၁:၅။ 28ငါ၏​က​ရု​ဏာ​ကို သူ့​အ​ဖို့​ငါ​သည် အ​စဉ်​စောင့်၍၊ ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​သည် သူ၌ မြဲ​မြံ​လိမ့်​မည်။ 29သူ၏​အ​မျိုး​အ​နွယ်​ကို အ​စဉ်​အ​မြဲ တည်​စေ​မည်။ သူ၏​ပ​လ္လင်​သည် ကောင်း​ကင်​က​လာ​သ​ကဲ့​သို့ နိ​စ္စ​ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။
30သူ၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို စွန့်​ပယ်၍၊ ငါ၏​စီ​ရင်​ချက်​တို့​ကို မ​ကျင့်၊ 31ငါ၏​အ​ထုံး​အ​ဖွဲ့​တို့​ကို ရှုတ်​ချ၍၊ ငါ၏​ပ​ညတ်​တို့​ကို မ​စောင့်​ဘဲ​နေ​လျှင်၊ 32ငါ​သည် သူ​တို့​ပြစ်​မှား​သော​ကြောင့်၊ ကြိမ်​လုံး​နှင့်​ဆုံး​မ၍ ဒဏ်​ချက်​တို့​နှင့် ဒု​စ​ရိုက်​အ​တိုင်း အ​ပြစ်​ပေး​မည်။ 33သို့​သော်​လည်း၊ ငါ၏​က​ရု​ဏာ​ကို သူ​မှ​ငါ​မ​နုတ်​မ​ပယ်။ ငါ၏​သ​စ္စာ​ကို​လည်း မ​ဖျက်။ 34ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​လည်း မ​ရှုတ်​ချ။ ငါ​မိန့်​မြွက်​သော စ​ကား​လည်း ဖောက်​ပြန်​ခြင်း​မ​ရှိ​ရ။ 35ငါ​သည် ဒါ​ဝိဒ်​ကို​မ​လှည့်​စား​ဟု ငါ၏​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို တိုင်​တည်၍ တစ်​ခါ​ကျိန်​ဆို​ပြီ။ 36သူ၏​အ​မျိုး​အ​နွယ်​သည် အ​စဉ်​အ​မြဲ တည်​ရ​မည်။ သူ၏​ပ​လ္လင်​သည်​လည်း၊ ငါ့​ရှေ့၌ နေ​ကဲ့​သို့​ဖြစ်​ရ​မည်။ 37လ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌ သ​စ္စာ​စောင့်​သော သက်​သေ​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​မြဲ​မြံ​ရ​မည်​ဟု ကိုယ်​တော်​သည် မိန့်​တော်​မူ​ပါ​ပြီ။
မင်း​ကြီး​အ​ရေး​ရှုံး​နိ​မ့်​သ​ည့်​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း
38သို့​သော်​လည်း၊ ကိုယ်​တော်​သည် ယ​ခု​စွန့်​ပယ်၍​ရွံ​ရှာ​တော်​မူ​ပြီ။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ​ကို အ​မျက်​ထွက်​တော်​မူ​ပြီ။ 39ကိုယ်​တော်၏​ကျွန်​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို​ဖျက်၍၊ သူ၏​သ​ရ​ဖူ​ကို မြေ​တိုင်​အောင် ရှုတ်​ချ​တော်​မူ​ပြီ။ 40သူ၏​ခြံ​ရှိ​သ​မျှ​တို့​ကို​ချိုး၍၊ သူ၏​တိုက်​များ​ကို ဖြို​ဖျက်​တော်​မူ​ပြီ။ 41လမ်း၌​လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့​သည် သူ့​ကို​လု​ယူ​ကြ၏။ အိမ်​နီး​ချင်း​တို့​တွင် ကဲ့​ရဲ့​ဖွယ်​ဖြစ်​ပါ၏။ 42သူ၏​ရန်​သူ​တို့ လက်​ယာ​လက်​ကို ချီး​မြှင့်၍၊ ရန်​ဘက်​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ဝမ်း​မြောက်​စေ​တော်​မူ၏။ 43သူ၏​ဓား​သွား​ကို​လိပ်​စေ၍၊ သူ​စစ်​တိုက်​ရာ​တွင် ထောက်​မ​တော်​မ​မူ​ပါ။ 44သူ၏​ဘုန်း​ကို​ကွယ်​စေ၍၊ သူ၏​ရာ​ဇ​ပ​လ္လင်​ကို မြေ​သို့​နှိမ့်​ချ​တော်​မူ​ပြီ။ 45သူ၏​ပျို​သော​အ​ရွယ်​ကို တို​စေ၍ အ​ရှက်​ခွဲ​တော်​မူ​ပြီ။
လွတ်​မြောက်​ရန်​ဆု​တောင်း
46အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လျှင်း​မ​ထင်​ရှား​ဘဲ၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​ပုန်း၍ နေ​တော်​မူ​မည်​နည်း။ အ​မျက်​တော်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မီး​ကဲ့​သို့ လောင်​ရ​ပါ​မည်​နည်း။ 47အ​ကျွန်ုပ်၏​အ​သက်​တာ​သည် အ​ဘယ်​မျှ​လောက် တို​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​မျှ​လောက် ပျက်​တတ်​စေ​ခြင်း​ငှာ၊ လူ​သား​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​တော်​မူ​ပါ။ 48သေ​ခြင်း​သို့​မ​ရောက်၊ အ​သက်​ရှင်၍ မိ​မိ​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​တန်​ခိုး​မှ ကယ်​နုတ်​နိုင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ 49အို ထာ​ဝ​ရ​ဘု​ရား၊ သ​စ္စာ​တော်​နှင့်​တ​ကွ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​အား ကျိန်​ဆို​တော်​မူ​သော ရှေး​က​ရု​ဏာ​တော်​သည် အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ 50အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ကျွန်​တို့​သည် ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို အောက်​မေ့​တော်​မူ​ပါ။ များ​စွာ​သော လူ​တို့၏​အ​မှု​အ​လုံး​စုံ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ရင်​ခွင်၌ ဆောင်​ရ​ပါ၏။ 51အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ကဲ့​ရဲ့​တတ်​ကြ​ပါ၏။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏​ခြေ​တော်​ရာ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ​ပါ၏။ 52ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 89: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ