YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 88

88
ကူ​မ​တော်​မူ​ရန်ဆုတောင်းခြင်း
1အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ နေ့​ည​မ​ပြတ် အော်​ဟစ်​ပါ၏။ 2အ​ကျွန်ုပ်​ပြု​သော​ပ​တ္ထ​နာ​သည် အ​ထံ​တော်​သို့ ဝင်​ပါ​စေ​သော။ အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။ 3အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ဒု​က္ခ​နှင့်​ပြည့်၍၊ အ​သက်​သည်​လည်း မ​ရ​ဏနိုင်​ငံ​အ​နီး​သို့ ရောက်​ပါ​ပြီ။ 4အ​ကျွန်ုပ်​သည် သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​ပါ၏။ အား​ကုန်​သော​သူ​ကဲ့​သို့ ဖြစ်​ပါ၏။ 5လူ​သေ​တို့​တွင် ပစ်​ထား​သော​သူ၊ ကွပ်​မျက်၍ သင်္ချိုင်း​တွင်း၌ အိပ်​နေ​သော​သူ​တည်း​ဟူ​သော အောက်​မေ့​တော်​မ​မူ၊ လက်​တော်၏ မ​စ​ခြင်း​နှင့်​ကွာ​ဝေး​သော​သူ​ကဲ့​သို့ ဖြစ်​ပါ၏။ 6အ​ကျွန်ုပ်​ကို အ​နက်​ဆုံး​သော​တွင်း၊ မှောင်​မိုက်​ဖုံး​လွှမ်း၍ အ​လွန်​နက်​နဲ​သော အ​ရပ်၌ ချ​ထား​တော်​မူ​ပြီ။ 7အ​မျက်​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်၌ ဖိ​လျက်​ရှိ​ပါ၏။ လှိုင်း​တံ​ပိုး​တော်​အ​ပေါင်း​တို့​နှင့် နှိပ်​စက်​တော်​မူ၏။ 8အ​ကျွန်ုပ်၏​အ​သိ​အ​ကျွမ်း​များ​ကို အ​ဝေး​သို့​ရွှေ့​တော်​မူ​ပြီ။ သူ​တို့​အား အ​ကျွန်ုပ်​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် အ​ချုပ်​ခံ​ရ၍၊ ပြင်​သို့ မ​ထွက်​ရ​ပါ။ 9အ​ကျွန်ုပ်​ခံ​ရ​သော ဒု​က္ခ​ကြောင့် အ​ကျွန်ုပ်​မျက်​စိ​သည် ပျက်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​စဉ်​အော်​ဟစ်​ပါ၏။ အ​ထံ​တော်​သို့ လက်​ကို​ဆန့်​ပါ၏။
10သေ​လျက်​နေ​သော​သူ​တို့​အား အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​တော်​မူ​မည်​လော။ သင်္ချိုင်း​သား​တို့​သည် ထ၍ ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​မည်​လော။ 11က​ရု​ဏာ​တော်​ကို သင်္ချိုင်း​တွင်း၌​လည်း​ကောင်း၊ သ​စ္စာ​တော်​ကို ပျက်​စီး​ရာ​အ​ရပ်၌​လည်း​ကောင်း ကြား​ပြော​ရ​ကြ​ပါ​မည်​လော။ 12အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို မှောင်​မိုက်​သော အ​ရပ်၌​လည်း​ကောင်း၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို မေ့​လျော့​ရာ​ပြည်၌​လည်း​ကောင်း သိ​ရ​ကြ​ပါ​မည်​လော။ 13အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ် အော်​ဟစ်​ပါ၏။ နံ​နက်​အ​ချိန်၌ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် ရှေ့​တော်​သို့​ရောက်​ပါ၏။ 14အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို အ​ဘယ်​ကြောင့် ပယ်​တော်​မူ​သ​နည်း။ မျက်​နှာ​တော်​ကို အ​ကျွန်ုပ်​မှ အ​ဘယ်​ကြောင့် လွှဲ​တော်​မူ​သ​နည်း။ 15အ​ကျွန်ုပ်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို​ခံ​ရ၍ သေ​ဆဲ​ရှိ​ပါ၏။ စီ​ရင်​တော်​မူ​သော​ဘေး​များ​ကို ငယ်​သော​အ​ရွယ်​က​ပင် ခံ​ရ၍ ပင်​ပန်း​ပါ၏။ 16အ​မျက်​တော်​သည် အ​ကျွန်ုပ်​ကို လွှမ်း​မိုး​ပါ၏။ စီ​ရင်​တော်​မူ​သော ဘေး​တို့​သည် အ​ကျွန်ုပ်၏​အ​သက်​ကို ညှဉ်း​ဆဲ​သည်​တိုင်​အောင်၊ 17ရေ​ကဲ့​သို့ အ​စဉ်​မ​ပြတ်​ဝိုင်း၍ တ​ညီ​တ​ညွတ်​တည်း ဝန်း​ရံ​ကြ​ပါ၏။ 18ချစ်​သော​သူ​နှင့် အ​ဆွေ​ခင်​ပွန်း​ကို အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​ရွှေ့​တော်​မူ​ပြီ။ အ​သိ​အ​ကျွမ်း​တို့​သည် မှောင်​မိုက်​ထဲ​မှာ ရှိ​ကြ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 88: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ