YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 87

87
ဇိ​အုန်​မြို့​တွင်​နေ​ထိုင်​ရန်
1ဘုံ​ဗိ​မာန်​တော်​တိုက်​မြစ်​သည် သန့်​ရှင်း​သော​တောင်​ရိုး​ပေါ်​မှာ တည်​လျက်​ရှိ၏။ 2ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​နေ​ရာ​အ​ပေါင်း​တို့​ထက် ဇိ​အုန်​တံ​ခါး​တို့​ကို သာ၍ နှစ်​သက်​တော်​မူ၏။ 3အို​ဘု​ရား​သ​ခင်၏ မြို့​တော်၊ သင်​သည် ဘုန်း​အ​သ​ရေ​ကြီး​လိမ့်​မည်​ဟူ​သော စ​ကား​ကို ပြော​ထား​လျက်​ရှိ၏။ 4ငါ့​ကို​သိ​ကျွမ်း​သော​သူ​တို့​တွင်၊ ရာ​ခပ်​မြို့​နှင့် ဗာ​ဗု​လုန်​မြို့​ကို ငါ​မှတ်​ထား​မည်။ ဖိ​လိ​တ္တိ​ပြည်၊ တု​ရု​ပြည်၊ ကု​ရှ​ပြည်​တို့​ကို​လည်း ကြည့်​ကြ​လော့။ ဤ​မည်​သော​ပြည်​သား​သည် မြို့​တော်၌ ဖွား​မြင်​သော​သူ​ဖြစ်၏။ 5ဇိ​အုန်​မြို့​ကို​လည်း လူ​အ​မျိုး​မျိုး​တို့​သည်၊ ထို​မြို့၌ ဖွား​မြင်​ကြ​ပြီ။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် ထို​မြို့​ကို ကိုယ်​တော်​တိုင် မြဲ​မြံ​စေ​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လိမ့်​မည်။ 6ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို စာ​ရင်း​ယူ​တော်​မူ​သော​အ​ခါ၊ ဤ​မည်​သော​အ​မျိုး​သည် မြို့​တော်၌ ဖွား​မြင်​သော​အ​မျိုး​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်။ 7သီ​ချင်း​သည်​နှင့် ပွဲ​သ​ဘင်​ခံ​သော​သူ​အ​စ​ရှိ​သော ငါ၏​ပျော်​မွေ့​ခြင်း​အ​ကြောင်း​ရှိ​သ​မျှ​တို့​သည် သင်၌​ရှိ​ကြ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 87: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ