YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 86

86
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။ 2အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ သန့်​ရှင်း​သူ​တို့​အ​ဝင်​ဖြစ်​သော အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို စောင့်​မ၍၊ ကိုယ်​တော်​ကို ကိုး​စား​သော ကိုယ်​တော်၏​ကျွန်​ကို ကယ်​တင်​တော်​မူ​ပါ။ 3အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အ​စဉ်​အော်​ဟစ်​ပါ​သည်​ဖြစ်၍၊ ကယ်​မ​သ​နား​တော်​မူ​ပါ။ 4အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်၏​ကျွန်​သည် ဝမ်း​မြောက်​မည်​အ​ကြောင်း ပြု​တော်​မူ​ပါ။
5အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​အား က​ရု​ဏာ​တော် ကြွယ်​ဝ​ပါ၏။ 6အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​သ​နား​တော်​ခံ​သော​စ​ကား​သံ​ကို မှတ်​တော်​မူ​ပါ။ ဘေး​ရောက်​သည်​ကာ​လ၊ ကိုယ်​တော်​ကို ခေါ်​ပါ​မည်။ 7ကိုယ်​တော်​လည်း ထူး​တော်​မူ​တတ်​ပါ၏။ 8အို ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​တို့​တွင် ကိုယ်​တော်​နှင့်​တူ​သော ဘု​ရား​မ​ရှိ​ပါ။ အ​မှု​တော်​နှင့်​တူ​သော အ​မှု​လည်း​မ​ရှိ​ပါ။ 9အို ထာ​ဝ​ရ​ဘု​ရား၊ ဖန်​ဆင်း​တော်​မူ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​လျက် ရှေ့​တော်၌ ပျပ်​ဝပ်၍၊ နာ​မ​တော်​ကို ချီး​မြှောက်​ကြ​ပါ​လိမ့်​မည်။#ဗျာ၊ ၁၅:၄။ 10ကိုယ်​တော်​သည် ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​တို့​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။
11အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​လမ်း​သို့ လိုက်​သွား​ပါ​မည်။ နာ​မ​တော်​ကို ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို စေ့​စပ်​စေ​တော်​မူ​ပါ။ 12အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း၍၊ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မြှောက်​ပါ​မည်။ 13အ​ကျွန်ုပ်​ခံ​ရ​သော က​ရု​ဏာ​တော်​ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ​အောက်​အ​ရပ်​ထဲ​က ကယ်​နုတ်​တော်​မူ​ပြီ။ 14အို ဘု​ရား​သ​ခင်၊ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌​ထ​ကြ၍၊ ကြမ်း​တမ်း​သော လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို​မျက်​မှောက်​မ​ပြု​ဘဲ၊ အ​ကျွန်ုပ်​အ​သက်​ကို ရှာ​ကြ​ပါ၏။ 15အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော၊ က​ရု​ဏာ​နှင့် သ​စ္စာ ကြွယ်​ဝ​သော​သ​ဘော​နှင့် ပြည့်​စုံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။ 16အ​ကျွန်ုပ်​ကို မျက်​နှာ​ပြု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​အား တန်​ခိုး​တော်​ကို​ပေး၍၊ ကိုယ်​တော်၏ ကျွန်​မ​သား​ကို ကယ်​တင်​တော်​မူ​ပါ။ 17အ​ကျွန်ုပ်​အား ကောင်း​သော​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် မြင်၍ ရှက်​ကြောက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မ​စ၍ ချမ်း​သာ​ပေး​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 86: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ