1
ဆာလံ 86:11
Judson Bible
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။
နှိုင်းယှဉ်
ဆာလံ 86:11ရှာဖွေလေ့လာလိုက်ပါ။
2
ဆာလံ 86:5
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သောသဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပတ္ထနာပြုသောသူအပေါင်းတို့အား ကရုဏာတော် ကြွယ်ဝပါ၏။
ဆာလံ 86:5ရှာဖွေလေ့လာလိုက်ပါ။
3
ဆာလံ 86:15
အို ထာဝရဘုရား၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့် သစ္စာ ကြွယ်ဝသောသဘောနှင့် ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။
ဆာလံ 86:15ရှာဖွေလေ့လာလိုက်ပါ။
4
ဆာလံ 86:12
အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍၊ နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည်။
ဆာလံ 86:12ရှာဖွေလေ့လာလိုက်ပါ။
5
ဆာလံ 86:7
ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။
ဆာလံ 86:7ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ