YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 79

79
ယေ​ရု​ရှ​လင်​မြို့​အ​တွက်​ဆု​တောင်း
1အို​ဘု​ရား​သ​ခင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​မွေ​တော်​ထဲ​သို့​ဝင်​ပြီး​လျှင်၊ သန့်​ရှင်း​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ၍၊ ယေ​ရု​ရှ​လင်​မြို့​ကို ဖြို​ဖျက်​ကြ​ပါ​ပြီ။#၄ ရာ၊ ၂၅:၈-၁၀၊ ၆ ရာ၊ ၃၆:၁၇-၁၉၊ ယေ၊ ၅၂:၁၂-၁၄။ 2ကိုယ်​တော်၏​ကျွန်​အ​သေ​ကောင်​တို့​ကို မိုး​ကောင်း​ကင်​ငှက်​တို့​အား​လည်း​ကောင်း၊ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​အ​သား​ကို တော​သား​ရဲ​တို့​အား​လည်း​ကောင်း ကျွေး​ကြ​ပါ​ပြီ၊ 3သူ​တို့​အ​သွေး​ကို​လည်း ရေ​ကဲ့​သို့ ယေ​ရု​ရှ​လင်​မြို့​ပတ်​လည်၌ သွန်​ကြ၍၊ သင်္ဂြိုဟ်​သော​သူ​လည်း မ​ရှိ​ပါ။ 4အ​ကျွန်ုပ်​တို့​သည် အိမ်​နီး​ချင်း​များ ကဲ့​ရဲ့​ရာ၊ ပတ်​ဝန်း​ကျင်၌ နေ​သော​သူ​များ​ပြက်​ရယ်​ပြု၍ အ​ရှက်​ခွဲ​ရာ ဖြစ်​ကြ​ပါ၏။
5အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​သည် အ​လျှင်း​မ​ငြိမ်း​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ထွက်​ပါ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး စိတ်​တော်​သည် မ​ပြေ၊ မီး​ကဲ့​သို့ လောင်​ပါ​မည်​နည်း။ 6ကိုယ်​တော်​ကို မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော တိုင်း​နိုင်​ငံ​သား​တို့​အ​ပေါ်​သို့​လည်း​ကောင်း၊ အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ 7အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို​လည်း သုတ်​သင်​ပယ်​ရှင်း​ကြ​ပါ​ပြီ။ 8ရှေး​က​ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့၌ မှတ်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​တို့​သည် အ​လွန် နှိမ့်​ချ​လျက်​ရှိ​ပါ​သည်​ဖြစ်၍၊ က​ရု​ဏာ​တော်​သည် အ​လျင်​အ​မြန်​ကူ​မ​ပါ​စေ​သော။ 9ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ နာ​မ​တော်၏​ဂုဏ်​ကို​ထောက်၍ အ​ကျွန်ုပ်​တို့​ကို မ​စ​တော်​မူ​ပါ။ နာ​မ​တော်​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​တို့​ကို​နုတ်​ယူ၍ အ​ပြစ်​များ​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ 10သူ​တို့၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​မည်​နည်း။ သွန်​ပြီး​သော ကျွန်​တော်​မျိုး၏​အ​သွေး​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ကြောင်း​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျွန်ုပ်​တို့​မျက်​မှောက်၌ ထင်​ရှား​ပါ​စေ​သော။ 11အ​ချုပ်​ခံ​ရ​သော​သူ၏ ညည်း​တွား​သံ​ကို နား​ထောင်​တော်​မူ​ပါ။ သေ​ရ​သော​သူ​တို့​ကို လက်​ရုံး​တော် တန်​ခိုး​ကြီး​သည်​နှင့်​အ​ညီ ချမ်း​သာ​ပေး​တော်​မူ​ပါ။ 12အ​ကျွန်ုပ်​တို့ အိမ်​နီး​ချင်း​တို့​သည် ကိုယ်​တော်​အား ကဲ့​ရဲ့​ခြင်း​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်​ထဲ​သို့ ခု​နစ်​ဆ​တိုင်​အောင် ဆပ်​ပေး​တော်​မူ​ပါ​ဘု​ရား။ 13သို့​ဖြစ်၍၊ ကိုယ်​တော်​ထံ၌ ကျက်​စား​သော သိုး​စု​တည်း​ဟူ​သော ကိုယ်​တော်၏​လူ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း၍၊ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​အ​ဆက် ဖြစ်​လ​တ္တံ့​သော​သား​တို့​အား ဖော်​ပြ​ကြ​ပါ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 79: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။