YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 78

78
ဘု​ရား​သ​ခင်​၏​သ​စ္စာ​တော်
1ငါ၏​လူ​များ​တို့၊ ငါ့​တ​ရား​ကို နာ​ကြ​လော့။ ငါ​မြွက်​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။ 2ပုံ​စ​ကား​ကို ငါ​မြွက်​ဆို၍၊ ရှေး​ကာ​လ၏ နက်​နဲ​သော​အ​ရာ​များ​ကို ဖော်​ပြ​ပေ​အံ့။#မ၊ ၁၃:၃၅။ 3ဘိုး​ဘေး​တို့​သည်​ပြော၍ ငါ​တို့​သည် ကြား​သိ​ရ​သော ထို​အ​ရာ​များ​ကို၊ 4သား​မြေး​တို့​မှ မ​ဝှက်​မ​ထား။ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​နှင့် တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဖြစ်​လ​တ္တံ့​သော​သူ​တို့​အား ဖော်​ပြ​ကြ​မည်။
5အ​ကြောင်း​မူ​ကား၊ ယာ​ကုပ်​အ​မျိုး၌ သက်​သေ​တ​ရား​ကို​စီ​ရင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ပ​ညတ်​တ​ရား​ကို ထား​တော်​မူ၏။ 6-8သ​ဘော​မ​ဖြောင့်၊ ဘု​ရား​သ​ခင်၌ စိတ်​ဝိ​ညာဉ် အ​မြဲ​မ​ဆည်း​ကပ်​သော​အ​မျိုး၊ ငြင်း​ဆန်၍ ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော ဘိုး​ဘေး​တို့​ကဲ့​သို့ သား​မြေး​တို့​သည်​မ​ဖြစ်၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို​မ​မေ့၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍၊ ပ​ညတ်​တော်​တို့​ကို​စော​င့်​စေ​ခြင်း​ငှာ၊ ထို​တ​ရား​တို့​ကို ဘိုး​ဘေး​တို့​သည် သား​တို့​အား​ပြ​သ၍၊ ဖြစ်​လ​တ္တံ့​သော​အ​မျိုး​တည်း​ဟူ​သော၊ ဖွား​မြင်​လ​တ္တံ့​သော​သား​တို့​သည် သိ​နား​လည်၍၊ နောက်​တစ်​ဖန် မြေး​မြစ်​တို့​အား ပြ​သ​ကြ​မည်​အ​ကြောင်း ပ​ညတ်​ထား​တော်​မူ​ပြီ။
9ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် လေး​လက်​နက်​ကို စွဲ​ကိုင်​သော်​လည်း၊ စစ်​တိုက်​သော​အ​ခါ နောက်​သို့ လှည့်​ကြ​ပါ​သည်​တ​ကား။ 10ဘု​ရား​သ​ခင်၏​သ​စ္စာ​တော်​ကို မ​စောင့်။ တ​ရား​တော်​လမ်း၌ သွား​ခြင်း​ငှာ အ​လို​မ​ရှိ​ကြ။ 11အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ ပြ​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း မေ့​လျော့​ကြ၏။ 12အဲ​ဂု​တ္တု​ပြည်၊ ဇော​န​အ​ရပ်​တွင် သူ​တို့​အ​ဘ​များ​မျက်​မှောက်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။#ထွ၊ ၇:၈-၁၂:၃၂။ 13ပင်​လယ်​ကို​ခွဲ၍ သူ​တို့​ကို လျှောက်​သွား​စေ​တော်​မူ၏။ ရေ​များ​ကို​စု​ပုံ၍ ထား​တော်​မူ၏။#ထွ၊ ၁၄:၂၁:၂၂။ 14နေ့​အ​ချိန်၌​ကား၊ မိုး​တိမ်​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌​ကား တစ်​ည​လုံး မီး​အ​လင်း​ဖြင့်​လည်း​ကောင်း သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။#ထွ၊ ၁၃:၂၁-၂၂။ 15တော၌ ကျောက်​တို့​ကို​ဖောက်၍၊ ပင်​လယ်​ရေ​ကဲ့​သို့ များ​စွာ​သော​ရေ​ကို သူ​တို့​အား တိုက်​တော်​မူ၏။ 16ကျောက်​ထဲ​က​စီး​သော ရေ​ကို​ထွက်​စေ၍၊ မြစ်​ရေ​ကဲ့​သို့ ရေ​များ​ကို စီး​စေ​တော်​မူ၏။#ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။
17ထို​သူ​တို့​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ကို တော၌​ပုန်​ကန်​သော​အား​ဖြင့် တိုး၍ ပြစ်​မှား​ကြ၏။ 18မိ​မိ​တို့​အ​လို​အ​လျောက် အ​စာ​ကို​တောင်း၍ စိတ်​နှ​လုံး​ထဲ​မှာ ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ၏။#ထွ၊ ၁၆:၂-၁၅၊ တော၊ ၁၁:၄-၂၃၊ ၃၁-၃၅။ 19ဘု​ရား​သ​ခင်​သည် တော၌​စား​ပွဲ​ကို ပြင်​ဆင်​နိုင်​သ​လော။ 20ကြည့်​ကြ​လော့။ ကျောက်​ကို​ရိုက်​တော်​မူ​သ​ဖြင့်၊ ရေ​ထွက်၍ မြစ်​ရေ​ကဲ့​သို့ စီး​လေ၏။ မုန့်​ကို​လည်း ပေး​နိုင်​သ​လော။ မိ​မိ​လူ​တို့​အ​ဖို့ အ​မဲ​သား​ကို ပြင်​ဆင်​နိုင်​သ​လော​ဟု ဘု​ရား​သ​ခင်​ကို ဆန့်​ကျင်​ဘက်​ပြု​လျက် ပြော​ဆို​ကြ၏။ 21ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၌​မီး​လောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဒေါ​သ​မီး​တက်​လေ၏။ 22-25အ​ကြောင်း​မူ​ကား၊ အ​ထက်​မိုး​တိမ်​တို့​ကို​မှာ​ထား​လျက်၊ ကောင်း​ကင်​တံ​ခါး​တို့​ကို​ဖွင့်၍၊ သူ​တို့​စား​စ​ရာ​ဖို့ မ​န္န​ကို မိုး​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ကင်​ဆန်​စ​ပါး​ကို ပေး​တော်​မူ​သည်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​မြတ်​သော သူ​တို့၏​အ​စာ​ကို​သုံး​ဆောင်၍၊ ဝ​ပြော​စွာ​စား​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မ​ကိုး​စား​ဘဲ​နေ​ကြ၏။#ယော၊ ၆:၃၁။ 26မိုး​ကောင်း​ကင်၌ အ​ရှေ့​လေ​ကို​ပယ်၍၊ အား​ကြီး​သော တောင်​လေ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊ 27သူ​တို့​အ​ပေါ်​သို့ အ​မဲ​သား​ကို မြေ​မှုန့်​နှင့်​အ​မျှ၊ ပျံ​တက်​သော​ငှက်​တို့​ကို သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ၊ မိုး​ရွာ​စေ​လျက်၊ 28သူ​တို့​တပ်​ချ၍၊ နေ​ရာ​အ​ရပ်​ပတ်​လည်၌ ကျ​စေ​တော်​မူ၏။ 29ထို​သို့ သူ​တို့​အ​လို​ရှိ​သည်​အ​တိုင်း​ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ဝ​ပြော​စွာ စား​ရ​ကြ၏။ 30သူ​တို့ တပ်​မက်​သော​အ​စာ​ကို မ​ရောင့်​ရဲ​မီ​စား​ကြ​စဉ်​တွင်၊ 31ဘု​ရား​သ​ခင်၏​အ​မျက်​တော်​သည် သက်​ရောက်​သ​ဖြင့်၊ ကျန်း​မာ​သော​သူ​တို့​ကို​ကွပ်​မျက်၍၊ ဣ​သ​ရေ​လ လူ​ပျို​တို့​ကို လှဲ​ချ​တော်​မူ၏။
32ထို​အ​မှု​အ​လုံး​စုံ​တို့​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် တွေ့​ကြုံ​ရ​သော်​လည်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကြောင့် ယုံ​ကြည်​ခြင်း​မ​ရှိ။ ပြစ်​မှား​လျက်​နေ​ကြ​သေး၏။ 33ထို​ကြောင့် သူ​တို့​နေ့​ရက်​ကာ​လ​ကို အ​ချည်း​နှီး​လွန်​စေ၍၊ သူ​တို့​နှစ်​များ​ကို ဘေး​ဥ​ပဒ်​တွင် မြှုပ်​တော်​မူ၏။ 34သူ​တို့​ကို ကွပ်​မျက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို ရှာ​ကြ၏။ ပြန်​လာ၍ ကိုယ်​တော်​ကို လိုက်​ရှာ​ကြ၏။ 35ဘု​ရား​သ​ခင်​သည် သူ​တို့၏​ကျောက်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် သူ​တို့​ကို ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ထို​အ​ခါ သ​တိ​ရ​ကြ၏။ 36သို့​သော်​လည်း၊ ကိုယ်​တော်​ကို နှုတ်​ဖြင့်​ချော့​မော့၍၊ လျှာ​ဖြင့်​လည်း မု​သား​စ​ကား​ကို လျှောက်​ဆို​ကြ၏။ 37သူ​တို့​စိတ်​သ​ဘော​မူ​ကား၊ ရှေ့​တော်၌ မ​ဖြောင့်၊ သ​စ္စာ​တော်​ကို မ​စောင့်​ဘဲ​နေ​ကြ၏။#တ၊ ၈:၂၁။ 38ကိုယ်​တော်​မူ​ကား၊ က​ရု​ဏာ​စိတ်​ရှိ၍ သူ​တို့​ကို​မ​ဖျက်​ဆီး​ဘဲ အ​ပြစ်​လွှတ်​တော်​မူ၏။ ကြိမ်​ဖန်​များ​စွာ စိတ်​တော်​ပြေ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​တော်​မ​မူ။ 39သူ​တို့​သည် အ​သား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ စု​တေ၍ နောက်​တစ်​ဖန် မ​လာ​တတ်​သော ဝိ​ညာဉ်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။
40သူ​တို့​သည် ကိုယ်​တော်​ကို​တော၌​ပုန်​ကန်၍၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌ စိတ်​တော်​နာ​ဖွယ်​သော အ​ကြောင်း​ကို ကြိမ်​ဖန်​များ​စွာ ပြု​ကြ​ပါ​သည်​တ​ကား။ 41ဘု​ရား​သ​ခင်​ကို​အ​ဖန်​ဖန်​စုံ​စမ်း၍ ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​သည်​တ​ကား။ 42တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ဒု​က္ခ​ထဲ​က ကယ်​လွှတ်​တော်​မူ​သော နေ့​ရက်​ကာ​လ​ကို​လည်း​ကောင်း မ​အောက်​မေ့​ကြ။ 43အဲ​ဂု​တ္တု​ပြည်၌ လ​က္ခ​ဏာ​သက်​သေ​တော်​တို့​ကို​လည်း​ကောင်း၊ ဇော​န​အ​ရပ်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း ပြု​တော်​မူ၏။ 44ထို​ပြည်​သား​တို့​သည် ရေ​မ​သောက်​ရ​မည်​အ​ကြောင်း၊ သူ​တို့ မြစ်​ရေ၊ စမ်း​ရေ​များ​ကို သွေး​ဖြစ်​စေ​တော်​မူ၏။#ထွ၊ ၇:၁၇-၂၁။ 45သူ​တို့​ကို ကိုက်​စား​တတ်​သော ယင်​ရဲ​တို့​ကို​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော ဖား​တို့​ကို​လည်း​ကောင်း စေ​လွှတ်​တော်​မူ၏။#ထွ၊ ၈:၂၀-၂၄၊ ၈:၁-၆။ 46သူ​တို့၏​မြေ​အ​သီး​အ​နှံ​ကို ခါ​သိ​လ​ကျိုင်း​တို့​အား​လည်း​ကောင်း၊ သူ​တို့​လုပ်၍​ရ​သော​ဥ​စ္စာ​ကို အ​ရာ​ဘ​ကျိုင်း​တို့​အား​လည်း​ကောင်း ပေး​တော်​မူ၏။#ထွ၊ ၁၀:၁၂-၁၅။ 47သူ​တို့​စ​ပျစ်​နွယ်​ပင်​များ​ကို မိုး​သီး​ဖြင့်​လည်း​ကောင်း၊ သူ​တို့​သ​ဖန်း​ပင်​များ​ကို နှင်း​ခဲ​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ၏။ 48သူ​တို့၏​သိုး​နွား​များ​ကို မိုး​သီး၌​လည်း​ကောင်း၊ ပြု​စု​သော​တိ​ရ​စ္ဆာန်​များ​ကို မီး၌​လည်း​ကောင်း အပ်​တော်​မူ၏။#ထွ၊ ၉:၂၂-၂၅။ 49အ​မျက်​တော်​အ​ရှိန်​အား​ဖြင့် သူ​တို့၌ ဆိုး​သော​တ​မန်​တို့​ကို​စေ​လွှတ်၍ လွှမ်း​မိုး​ခြင်း၊ ဒဏ်​ခတ်​ခြင်း၊ နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဖြစ်​စေ​တော်​မူ၏။ 50အ​မျက်​တော်​ဖို့ လမ်း​ကို​ပြင်​ဆင်​တော်​မူ၏။ သူ​တို့​အ​သက်​ကို မ​နှ​မြော၊ သေ​စေ​ခြင်း​ငှာ ကာ​လ​နာ​သို့ အပ်​နှံ​သ​ဖြင့်၊ 51အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဟာ​မ​သား​တို့​နေ​ရာ​အ​ရပ်၌ အ​ထွတ်​အ​မြတ်​များ​ကို​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၏။#ထွ၊ ၁၂:၂၉။ 52မိ​မိ​လူ​များ​ကို​ကား၊ သိုး​ကဲ့​သို့​ထွက်​စေ၍၊ တော၌​သူ​တို့​ကို သိုး​စု​ကဲ့​သို့ ဆောင်​တော်​မူ၏။#ထွ၊ ၁၃:၁၇-၂၂။ 53ဘေး​နှင့်​ကင်း​လွတ်​အောင်​ဆောင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​ကြောက်​ရ​ကြ။ ရန်​သူ​တို့​ကို​ကား ပင်​လယ်​ရေ​သည် လွှမ်း​လေ၏။#ထွ၊ ၁၄:၂၆-၂၈။ 54သန့်​ရှင်း​သော ပြည်​တော်​စွန်း​တိုင်​အောင်​လည်း​ကောင်း၊ လက်​ယာ​လက်​တော်​အား​ဖြင့် အ​ပိုင်​ရ​တော်​မူ​သော ဤ​တောင်​သို့​လည်း​ကောင်း၊ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။#ထွ၊ ၁၅:၁၇၊ ယောရှု၊ ၃:၁၄-၁၇။ 55သူ​တို့​ရှေ့​မှာ​လည်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​သည် အ​မွေ​ခံ​ရ​သော​မြေ​ကို​တာ​ထိုး၍ ပိုင်း​ခြား​လျက် နေ​ရာ​ချ​တော်​မူ၏။#ယောရှု၊ ၁၁:၁၆-၂၃။
56သို့​သော်​လည်း၊ သူ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​ကို စုံ​စမ်း၍ ပုန်​ကန်​ကြ၏။ သက်​သေ​ခံ​တော်​မူ​ချက်​များ​ကို မ​စောင့်​ဘဲ၊#သူကြီး၊ ၂:၁၁-၁၅။ 57ဘိုး​ဘေး​များ​ကဲ့​သို့ ဖောက်​ပြန်၍​သ​စ္စာ​ကို ဖျက်​ကြ၏။ လိမ်​တတ်​သော လေ​ကဲ့​သို့ လမ်း​လွဲ​ကြ၏။ 58သူ​တို့​သည် မြင့်​သော​အ​ရပ်​များ​အား​ဖြင့်၊ အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ရုပ်​တု​များ​အား​ဖြင့်​လည်း စိတ်​တော်​ကို ချုပ်​ချယ်​နှောင့်​ယှက်​ကြ၏။ 59ဘု​ရား​သ​ခင်​သည် ကြား​သိ​တော်​မူ​လျှင်၊ အ​မျက်​တော်​ထွက်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​လွန်​ရွံ​ရှာ​သ​ဖြင့်၊ 60ရှိ​လော​တဲ​တော်​တည်း​ဟူ​သော၊ လူ​တို့​တွင် နေ​ရာ​ချ​တော်​မူ​သော​အ​ရပ်​ကို စွန့်​တော်​မူ၏။#ယောရှု၊ ၁၈:၁၊ ယေ၊ ၇:၁၂-၁၄၊ ၂၆:၆။ 61တန်​ခိုး​တော်​ကို သိမ်း​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘုန်း​တော်​ကို ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​တော်​မူ၏။#၁ ရာ၊ ၄:၄-၂၂။ 62မိ​မိ​လူ​တို့​ကို​လည်း ဓား​ဘေး၌​အပ်၍၊ အ​မွေ​တော်​ကို အ​မျက်​ထွက်​တော်​မူ၏။ 63လူ​ပျို​တို့​သည် မီး​လောင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ပျို​တို့​သည် မ​ငို​ကြွေး​ရ​ကြ။ 64ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဓား​ဘေး​ဖြင့်​ဆုံး​သော်​လည်း၊ မု​ဆိုး​မ​တို့​သည် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ​ကြ။
65ထို​အ​ခါ ဘု​ရား​ရှင်​သည် အိပ်​ပျော်​ပြီး​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​ရည်​ကြောင့် ငြိမ်​ပြီး​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း နိုး​တော်​မူ၏။ 66ရန်​သူ​တို့​ကို​ဒဏ်​ခတ်၍ လှန်​သ​ဖြင့်၊ အ​စဉ်​အ​မြဲ အ​ရှက်​ကွဲ​စေ​တော်​မူ၏။ 67သို့​ရာ​တွင်၊ ယော​သပ်၏​တဲ​တော်​ကို ငြင်း​ပယ်၍ ဧ​ဖ​ရိမ်​အ​မျိုး​ကို ရွေး​တော်​မ​မူ။ 68ယု​ဒ​အ​မျိုး​ကို​လည်း​ကောင်း၊ ချစ်​တော်​မူ​သော ဇိ​အုန်​တောင်​ကို​လည်း​ကောင်း ရွေး​တော်​မူ၏။ 69သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို အ​ထွတ်​ကဲ့​သို့​တည်​ဆောက်၍၊ မြေ​ကြီး​ကဲ့​သို့ အ​စဉ်​မြဲ​စေ​တော်​မူ၏။ 70ကျွန်​တော်​မျိုး​ဒါ​ဝိဒ်​ကို သိုး​ခြံ​များ​ထဲ​က ရွေး​ယူ​တော်​မူ၏။ 71သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို ထိန်း​ခြင်း​အ​မှု​မှ​နုတ်၍၊ မိ​မိ​လူ​တည်း​ဟူ​သော ယာ​ကုပ်​အ​မျိုး​သား၊ အ​မွေ​တော်​တည်း​ဟူ​သော ဣ​သ​ရေ​လ​လူ​တို့​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။#၁ ရာ၊ ၁၆:၁၁-၁၂၊ ၂ ရာ၊ ၇:၈၊ ၅ ရာ၊ ၁၇:၇။ 72ထို​သူ​သည် ဖြောင့်​သော​သ​ဘော​ရှိ​သည်​အ​တိုင်း ကျွေး​မွေး၍၊ လိ​မ္မာ​သော​လက်​နှင့် ပို့​ဆောင်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 78: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။